ေတာင္စြန္းက စစ္ေကာင္စီစခန္းသိမ္းတိုက္ပြဲ ငါးရက္ဆက္ ျပင္းထန္ေနဆဲ (႐ုပ္သံ)

လူငယ့္ေခတ္

ဇႏၷဝါရီ ၄

ကရင္ျပည္နယ္ ဘုရားသုံးဆူနယ္ ေတာင္စြန္းေက်း႐ြာက အာဏာသိမ္းစစ္ေကာင္စီစခန္းကို ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ တိုက္ခိုက္ေနတဲ့တိုက္ပြဲဟာ ငါးရက္ေျမာက္ရွိလာၿပီျဖစ္ကာ စစ္ေကာင္စီလက္ေအာက္ခံ BGFစခန္းႏွစ္ခုကို သိမ္းပိုက္ထားႏိုင္တယ္လို႔ Lion Battalion Commando – ဗ်ဴဟာစစ္ေၾကာင္းထံက သတင္းရရွိပါတယ္

စစ္ေကာင္စီရဲ႕ တတိယေျမာက္စခန္းကုန္းျဖစ္တဲ့ ဗ်ဴဟာကုန္းကို ထပ္မံသိမ္းပိုက္ႏိုင္ဖို႔ေတာ္လွန္ေရးတပ္ေတြ ႀကိဳးစားေနၾကၿပီး ဒီကေန႔ ဇန္နဝါရီ၄ရက္ေန႔မွာ Lion Battalion Commando – ဗ်ဴဟာစစ္ေၾကာင္းကို လူငယ့္ေခတ္က ဆက္သြယ္ေမးျမန္းရာမွာ တိုက္ပြဲအျပင္းအထန္ ဆက္ျဖစ္ေနၿပီး ဒီကေန႔မွာ သတင္းထုတ္ျပန္ေပးမယ္လို႔ ေျပာပါတယ္

ေတာင္စြန္း႐ြာနားက စစ္ေကာင္စီစခန္းေတြကို ေတာ္လွန္ေရးတပ္ဖြဲ႕ေတြက ဒီဇင္ဘာ ၃၁ရက္ေန႔ထဲက စတင္တိုက္ခိုက္ေနတာျဖစ္ၿပီး စစ္ေကာင္စီက ေလေၾကာင္းနဲ႔ ပစ္ခတ္တိုက္ခိုက္တဲ့အႀကိမ္ေရ (၃၀) ေက်ာ္ ရွိတယ္လို႔လဲ ေဖာ္ျပထားပါတယ္

တိုက္ပြဲေတြအတြင္း Lion Battalion Commando- ဗ်ဴဟာစစ္ေၾကာင္းက ရဲေဘာ္(၁)ဦး နဲ႔ မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ေတြက ရဲေဘာ္(၅)ဦး က်ဆုံးခဲ့ရတယ္လို႔လဲ သတင္းထုတ္ျပန္ထားပါတယ္

llungekhit

တောင်စွန်းက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ ငါးရက်ဆက် ပြင်းထန်နေဆဲ (ရုပ်သံ)

လူငယ့်ခေတ်

ဇန္နဝါရီ ၄

ကရင်ပြည်နယ် ဘုရားသုံးဆူနယ် တောင်စွန်းကျေးရွာက အာဏာသိမ်းစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့တိုက်ပွဲဟာ ငါးရက်မြောက်ရှိလာပြီဖြစ်ကာ စစ်ကောင်စီလက်အောက်ခံ BGFစခန်းနှစ်ခုကို သိမ်းပိုက်ထားနိုင်တယ်လို့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းထံက သတင်းရရှိပါတယ်

စစ်ကောင်စီရဲ့ တတိယမြောက်စခန်းကုန်းဖြစ်တဲ့ ဗျူဟာကုန်းကို ထပ်မံသိမ်းပိုက်နိုင်ဖို့တော်လှန်ရေးတပ်တွေ ကြိုးစားနေကြပြီး ဒီကနေ့ ဇန်နဝါရီ၄ရက်နေ့မှာ Lion Battalion Commando – ဗျူဟာစစ်ကြောင်းကို လူငယ့်ခေတ်က ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေပြီး ဒီကနေ့မှာ သတင်းထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်

တောင်စွန်းရွာနားက စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃၁ရက်နေ့ထဲက စတင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အကြိမ်ရေ (၃၀) ကျော် ရှိတယ်လို့လဲ ဖော်ပြထားပါတယ်

တိုက်ပွဲတွေအတွင်း Lion Battalion Commando- ဗျူဟာစစ်ကြောင်းက ရဲဘော်(၁)ဦး နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ရဲဘော်(၅)ဦး ကျဆုံးခဲ့ရတယ်လို့လဲ သတင်းထုတ်ပြန်ထားပါတယ်

llungekhit

Leave a Reply

Your email address will not be published. Required fields are marked *