KNU တပ္မဟာ(၆)နယ္ေျမ ၾကာအင္းဆိပ္ႀကီးၿမိဳ႕၌ တိုက္ပြဲျပင္းထန္ေန၊အထိနာေသာစစ္ေကာင္စီတပ္က ေလေၾကာင္းပစ္ကူသုံး

စစ္ေကာင္စီ၏တပ္ရင္းကို အခ်ိဳ႕သိမ္းပိုက္ဟုသတင္းထြက္ေပၚ

ထိုကၳိဳက္/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ဒူးပလာယာခ႐ိုင္ တပ္မဟာ(၆)နယ္ေျမတြင္ ယေန႔မနက္ တိုက္ပြဲျပင္းထန္လ်က္ရွိေၾကာင္း ေဒသခံ ႏွင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕(ပအဖ) က အသိေပးသည္

ဇန္နဝါရီ ၄ရက္ မနက္ ၆နာရီမွစ၍ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ အၾကမ္းဖက္ စစ္ေကာင္စီ၏ တပ္ရင္း ခလရ(၃၂) ၌ တိုက္ပြဲျဖစ္ေနေၾကာင္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ပအဖက ထုတ္ျပန္ထားသည္

“ျပည္သူမ်ား ေလယာဥ္ အႏၲရာယ္ကို အထူးသတိထားေစခ်င္ပါတယ္” ဟုလည္း ၿမိဳ႕နယ္ ပအဖက ႏႈိးေဆာ္ထားသည္

ၾကာအင္းဆိပ္ႀကီးတြင္ ယမန္ေန႔ ညကတည္းကတိုက္ပြဲျဖစ္ပြားေနၿပီး ယေန႔တြင္ စစ္ေကာင္စီ၏ ၾကာအင္းဆိပ္ႀကီး အေျခစိုက္ ခလရ(၂၈၃)၊ ခလရ(၂၈၄) ႏွင့္ ခလရ(၃၂) တပ္ရင္းမ်ားမွ လက္နက္ႀကီးမ်ား ရမ္းသန္း ပစ္ခတ္လ်က္ရွိသည္ဟု ေဒသတြင္း သတင္းရင္းျမစ္မ်ားက ဆိုသည္

ထို႔အျပင္ ယေန႔မနက္တြင္ ၿမိဳ႕အဝင္ ခလရ (၂၈၄) တပ္ရင္းကို KNU ဦးေဆာင္သည့္ ပူးေပါင္းတပ္မ်ားက သိမ္းပိုက္ႏိုင္ၿပီ ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက သီးျခားအတည္ျပဳျခင္းမရွိေသးေပ

သို႔ေသာ္ စစ္ေကာင္စီ ဝါဒျဖန႔္အေကာင့္အခ်ိဳ႕ကိုယ္တိုင္က ခလရ ၂၈၄ အသိမ္းခံရၿပီး တပ္ဖြဲ႕ဝင္မ်ားစြာေသဆုံးဖမ္းဆီးခံရေၾကာင္း၊အာဏာသိမ္းစစ္ေကာင္စီ၏ အပစ္ရပ္စပ္မႈ ၁ ႏွစ္ေပးထားသည္ကို တိုက္ခိုက္ခံရသဘ္ဆိုကာ တိုက္ခိုက္ေသာအဖြဲ႕မ်ားကို ေဝဖန္ေနေသာ ပိုစ္တင္လာၾကသည္ကိုလည္းေတြ႕ရသည္

စစ္ေကာင္စီ ၏ တပ္ရင္းကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္PDFမ်ားက သိမ္းပိုက္ႏိုင္ပါက စစ္အုပ္စုအာဏာသိမ္းၿပီးေနာက္ပိုင္းခုခံတြန္းလွန္စစ္ပြဲမ်ားတြင္ တပ္ရင္းကိုပထမဆုံးသိမ္းပိုက္ႏိုင္ျခင္းျဖစ္ေၾကာင္းစစ္ေရးေလ့လာသူအခ်ိဳ႕ကေျပာသည္

ၾကာအင္းဆိပ္ႀကီးေဒသရွိ ပူးေပါင္းတပ္ဖြဲ႕မွ တာဝန္ရွိသူအား ေမးျမန္းရာ တိုက္ပြဲျဖစ္ပြားမွာ ပူပူေႏြးေႏြး အေျခအေန ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္းေျပာၾကားၿပီး အေသးစိတ္အေျခအေနမ်ား ေျပာ၍မရဟု ေျဖၾကားသည္

ေဒသတြင္း တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီတပ္က ေလေၾကာင္း တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနဟု ေဒသခံမ်ားက လူမႈကြန္ရက္တြင္ ေဖာ္ျပထားသည္

ေဒသခံမ်ား ေဖာ္ျပသည့္ ႐ုပ္သံအခ်ိဳ႕တြင္ ပစ္ခတ္သံႏွင့္ မီးခိုးမ်ားထြက္ေနသည့္ျမင္ကြင္းကို ေတြ႕ရသည္

တိုက္ပြဲျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး KNU တပ္မဟာ(၆)ႏွင့္ KNU ဗဟိုတာဝန္ရွိသူမ်ားထံ ဆက္သြယ္ေနဆဲျဖစ္ၿပီး အဆက္အသြယ္မရေသးေပ

႐ုပ္သံ-CFK & CJ

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့၌ တိုက်ပွဲပြင်းထန်နေ၊အထိနာသောစစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံး

စစ်ကောင်စီ၏တပ်ရင်းကို အချို့သိမ်းပိုက်ဟုသတင်းထွက်ပေါ်

ထိုက္ထိုက္/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ယနေ့မနက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသခံ နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က အသိပေးသည်

ဇန်နဝါရီ ၄ရက် မနက် ၆နာရီမှစ၍ ကြာအင်းဆိပ်ကြီးမြို့ အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်း ခလရ(၃၂) ၌ တိုက်ပွဲဖြစ်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပအဖက ထုတ်ပြန်ထားသည်

“ပြည်သူများ လေယာဉ် အန္တရာယ်ကို အထူးသတိထားစေချင်ပါတယ်” ဟုလည်း မြို့နယ် ပအဖက နှိုးဆော်ထားသည်

ကြာအင်းဆိပ်ကြီးတွင် ယမန်နေ့ ညကတည်းကတိုက်ပွဲဖြစ်ပွားနေပြီး ယနေ့တွင် စစ်ကောင်စီ၏ ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ(၂၈၃)၊ ခလရ(၂၈၄) နှင့် ခလရ(၃၂) တပ်ရင်းများမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်လျက်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်

ထို့အပြင် ယနေ့မနက်တွင် မြို့အဝင် ခလရ (၂၈၄) တပ်ရင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သီးခြားအတည်ပြုခြင်းမရှိသေးပေ

သို့သော် စစ်ကောင်စီ ဝါဒဖြန့်အကောင့်အချို့ကိုယ်တိုင်က ခလရ ၂၈၄ အသိမ်းခံရပြီး တပ်ဖွဲ့ဝင်များစွာသေဆုံးဖမ်းဆီးခံရကြောင်း၊အာဏာသိမ်းစစ်ကောင်စီ၏ အပစ်ရပ်စပ်မှု ၁ နှစ်ပေးထားသည်ကို တိုက်ခိုက်ခံရသဘ်ဆိုကာ တိုက်ခိုက်သောအဖွဲ့များကို ဝေဖန်နေသော ပိုစ်တင်လာကြသည်ကိုလည်းတွေ့ရသည်

စစ်ကောင်စီ ၏ တပ်ရင်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်PDFများက သိမ်းပိုက်နိုင်ပါက စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းခုခံတွန်းလှန်စစ်ပွဲများတွင် တပ်ရင်းကိုပထမဆုံးသိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းစစ်ရေးလေ့လာသူအချို့ကပြောသည်

ကြာအင်းဆိပ်ကြီးဒေသရှိ ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူအား မေးမြန်းရာ တိုက်ပွဲဖြစ်ပွားမှာ ပူပူနွေးနွေး အခြေအနေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းပြောကြားပြီး အသေးစိတ်အခြေအနေများ ပြော၍မရဟု ဖြေကြားသည်

ဒေသတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေဟု ဒေသခံများက လူမှုကွန်ရက်တွင် ဖော်ပြထားသည်

ဒေသခံများ ဖော်ပြသည့် ရုပ်သံအချို့တွင် ပစ်ခတ်သံနှင့် မီးခိုးများထွက်နေသည့်မြင်ကွင်းကို တွေ့ရသည်

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU တပ်မဟာ(၆)နှင့် KNU ဗဟိုတာဝန်ရှိသူများထံ ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ

ရုပ်သံ-CFK & CJ

Leave a Reply

Your email address will not be published. Required fields are marked *