ၾကာအင္းဆိပ္ႀကီးအေျခစိုက္တပ္ရင္း ၃ ခုတိုက္ခိုက္ခံရၿပီး အထိနာေနလို႔ေလယာဥ္နဲ႔ဗုံးႀကဲေန၊ ခလရ ၃၂ တပ္ရင္းမႉးကေတာ္ အပါအဝင္အမ်ားအျပားဖမ္း ဆီးခံထားရ

ဧရာဝတီတိုင္းမ္

ဇန္နဝါရီလ ၄ ရက္

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ေပၚမွာ ဒီကေန႔မနက္အေစာပိုင္းကစတင္လို႔ စစ္ေကာင္စီတပ္နဲ႔ေတာ္ လွန္ေရးတပ္ဖြဲ႕ဝင္ေတြအၾကားတိုက္ပြဲေတြျပင္းထန္ေနတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္

ၾကာအင္းဆိပ္ႀကီးၿမိဳ႕အေျခစိုက္ ခလရ ၂၈၃၊ ၂၈၄ နဲ႔ ခလရ ၃၂ တပ္ရင္းေတြကို ကရင္ပူးေပါင္းတပ္ဖြဲ႕ေတြ ဘက္ကတိုက္ခိုက္ေနတာျဖစ္ၿပီး စစ္ေကာင္စီတပ္ဘက္ကထိခိုက္ေသဆုံးမႈေတြမ်ားျပားေနလို႔ ေလေၾကာင္းက ေနဗုံးႀကဲတိုက္ခိုက္ေနတယ္လို႔ဆိုပါတယ္

”မနက္အေစာႀကီးထဲက တိုက္ပြဲေတြျဖစ္ေနတာ ၂၈၄ တပ္ရင္းက ခုတိုက္ေနတုန္းလို႔ သိရတယ္ သူတို႔ဘက္ကထိခိုက္မႈမ်ားတယ္ဆိုတာေလာက္ဘဲသိရတယ္။ အထိနာေနလို႔ ေလယာဥ္နဲ႔ေတာက္ေလွ်ာက္ဗုံးႀကဲေနတယ္”လို႔ ေျမ ျပင္ေတာ္လွန္ေရးအဖြဲ႕ေတြနဲ႔နီးစပ္သူတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္

ၾကာအင္းဆိပ္ႀကီးၿမိဳ႕အေျခစိုက္တပ္ရင္း ၃ ခုတိုက္ ခိုက္ခံေနရၿပီး စစ္ေကာင္စီတပ္ဘက္က ထိခိုက္ေသ ဆုံးနဲ႔ အရွင္ဖမ္းဆီးခံရမႈ မ်ားျပားေနကာ ခလရ ၃၂ တပ္ရင္းမွ တပ္ရင္းမႉး ဗိုလ္မႉး ေက်ာ္ဇင္ဦးဟာ ဒဏ္ ရာနဲ႔လြတ္ေျမာက္သြားၿပီး ၎ရဲ႕မိန္းမျဖစ္သူ ဖမ္း ဆီးခံလိုက္ရတယ္လို႔ တပ္သတင္းရင္းျမစ္တစ္ဦးက အတည္ျပဳေျပာဆိုပါတယ္

”အခုက ၾကာအင္းဆိပ္ႀကီးတပ္ ၃ တပ္လုံး ဝင္စီးခံရတာ ၂၈၄ တပ္ရင္းဝင္အစီးခံရၿပီးေတာ့ တပ္ရင္းထဲကအေဆာက္အဦေတြ မီးရႈိ႕ခံထားရတယ္လို႔ သိရတယ္။ တိုက္တာေတာ့ခုထိ တိုက္ေနၾကတုန္း

အဖမ္းခံရတဲ့အထဲ ခလရ ၃၂ က တပ္ရင္းမႉးကေတာ္ ပါတယ္။ တပ္ရင္းမႉးက ဗိုလ္မႉး ေက်ာ္ဇင္ဦး။ သူေတာ့အဖမ္းမခံလိုက္ရဘူး

သူ႔မိန္းမ တပ္မႉးကေတာ္ နာမည္က သီရိေဝတဲ့။ သူတို႔မွာ သမီးေလးတေယာက္ရွိတယ္။ ၾကာအင္းမွာရွိတဲ့ တပ္ရင္း ၃ ခုလုံးဝင္အစီး ခံရၿပီး က်တာေတြ အရွင္ဖမ္းခံလိုက္ရတာေတြ အရမ္းမ်ားတယ္”လို႔ သူက ဆိုပါတယ္

လက္ရွိအခ်ိန္ထိ ၾကာအင္းဆိပ္ႀကီးအေျခစိုက္တပ္ ရင္းေတြနဲ႔ စစ္ေကာင္စီတပ္အၾကားတိုက္ပြဲေတြျပင္းထန္ေနဆဲျဖစ္ၿပီး စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီး၊ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္ေတြနဲ႔ပစ္ကူေပးတိုက္ခိုက္ေန တယ္လို႔ သိရပါတယ္

ကြာအင်းဆိပ်ကြီးအခြေစိုက်တပ်ရင်း ၃ ခုတိုက်ခိုက်ခံရပြီး အထိနာနေလို့လေယာဉ်နဲ့ဗုံးကြဲနေ၊ ခလရ ၃၂ တပ်ရင်းမှူးကတော် အပါအဝင်အများအပြားဖမ်း ဆီးခံထားရ

ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၄ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာ ဒီကနေ့မနက်အစောပိုင်းကစတင်လို့ စစ်ကောင်စီတပ်နဲ့တော် လှန်ရေးတပ်ဖွဲ့ဝင်တွေအကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်

ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၃၊ ၂၈၄ နဲ့ ခလရ ၃၂ တပ်ရင်းတွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေလို့ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်

”မနက်အစောကြီးထဲက တိုက်ပွဲတွေဖြစ်နေတာ ၂၈၄ တပ်ရင်းက ခုတိုက်နေတုန်းလို့ သိရတယ် သူတို့ဘက်ကထိခိုက်မှုများတယ်ဆိုတာလောက်ဘဲသိရတယ်။ အထိနာနေလို့ လေယာဉ်နဲ့တောက်လျှောက်ဗုံးကြဲနေတယ်”လို့ မြေ ပြင်တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်

ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်တပ်ရင်း ၃ ခုတိုက် ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေ ဆုံးနဲ့ အရှင်ဖမ်းဆီးခံရမှု များပြားနေကာ ခလရ ၃၂ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ဦးဟာ ဒဏ် ရာနဲ့လွတ်မြောက်သွားပြီး ၎င်းရဲ့မိန်းမဖြစ်သူ ဖမ်း ဆီးခံလိုက်ရတယ်လို့ တပ်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုပါတယ်

”အခုက ကြာအင်းဆိပ်ကြီးတပ် ၃ တပ်လုံး ဝင်စီးခံရတာ ၂၈၄ တပ်ရင်းဝင်အစီးခံရပြီးတော့ တပ်ရင်းထဲကအဆောက်အဦတွေ မီးရှို့ခံထားရတယ်လို့ သိရတယ်။ တိုက်တာတော့ခုထိ တိုက်နေကြတုန်း

အဖမ်းခံရတဲ့အထဲ ခလရ ၃၂ က တပ်ရင်းမှူးကတော် ပါတယ်။ တပ်ရင်းမှူးက ဗိုလ်မှူး ကျော်ဇင်ဦး။ သူတော့အဖမ်းမခံလိုက်ရဘူး

သူ့မိန်းမ တပ်မှူးကတော် နာမည်က သီရိဝေတဲ့။ သူတို့မှာ သမီးလေးတယောက်ရှိတယ်။ ကြာအင်းမှာရှိတဲ့ တပ်ရင်း ၃ ခုလုံးဝင်အစီး ခံရပြီး ကျတာတွေ အရှင်ဖမ်းခံလိုက်ရတာတွေ အရမ်းများတယ်”လို့ သူက ဆိုပါတယ်

လက်ရှိအချိန်ထိ ကြာအင်းဆိပ်ကြီးအခြေစိုက်တပ် ရင်းတွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ပစ်ကူပေးတိုက်ခိုက်နေ တယ်လို့ သိရပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *