သူရဦးေအာင္ကိုႏွင့္ ေဒၚသန္းျမင့္ေအာင္တို႔ ျပန္လြတ္

ဧရာဝတီ၊ ဇႏၷဝါရီ ၄၊ ၂၀၂၃

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္ သာသနာေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ သူရဦးေအာင္ကိုႏွင့္ ရန္ကုန္တိုင္း စည္ပင္သာယာေရး ေကာ္မတီဝင္ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္ အပါ အဝင္ အက်ဥ္းက်ခံေနရသူတခ်ိဳ႕ ယေန႔ ျပန္လြတ္လာေၾကာင္း သိရသည္။

ယေန႔ က်ေရာက္ေသာ ၇၅ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔တြင္ လြတ္ၿငိမ္းမိန႔္အေနျဖင့္ အာဏာသိမ္း စစ္ေကာင္စီက ေၾကညာခ်က္ထုတ္၍ လႊတ္ေပးျခင္းမ်ိဳး မဟုတ္ဘဲ အက်ဥ္းေထာင္အသီးသီးမွ ၅၀၅-က ႏွင့္ ဖမ္းဆီးခံထားရသည့္ ၁ ႏွစ္ေအာက္ အားလုံးကို ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးျခင္း၊ သီးျခားလႊတ္ေပးျခင္း ျဖစ္ေၾကာင္း ေရွ႕ေနမ်ားထံ မွ သိရသည္

တရားလႊတ္ေတာ္ေရွ႕ေနတဦးက “ဝန္ႀကီး သူရဦးေအာင္ကိုကေတာ့ မေန႔ညေနက လႊတ္ေပးလိုက္တယ္လို႔ ေျပာပါတယ္။ ဆရာမႀကီး ေဒၚသန္းျမင့္ေအာင္တို႔၊ ကိုထင္လင္းဦးတို႔ ပါတယ္လို႔ ၾကားတယ္။ ၅၀၅-က ေတြ သီးျခားအမိန႔္ ထုတ္ေပးတယ္။

၁ ႏွစ္အထက္ က်န္ေနတဲ့ ၅၀၅ ေတြ က်ေတာ့ ျပစ္ဒဏ္ရဲ႕ ၆ ပုံ ၁ ပုံကို လြတ္ၿငိမ္းခ်မ္းသာ ခြင့္ေပးမယ္။ သို႔ေသာ္ တရားစီရင္ ရင္ဆိုင္ဆဲ အခ်ဳပ္ေတြေတာ့ မပါဘူး။ အဲဒီအတိုင္း အၾကမ္းဖ်င္း သိထားပါတယ္။ ျပစ္ဒဏ္က်ခံရန္ ၁ ႏွစ္ ေအာက္ အားလုံး ပါတယ္ဆိုေတာ့ ဘယ္သူေတြပါလဲဆိုတာေတာ့ မေျပာႏိုင္ေသးဘူး” ဟု ဧရာဝတီကို ေျပာသည္

လက္ရွိအခ်ိန္တြင္ သူရဦးေအာင္ကို တဦးသာ အိမ္ျပန္ေရာက္ၿပီး က်န္သူမ်ားမွာ လြတ္ေျမာက္သည့္ သတင္းသာ ၾကားသိရၿပီး အိမ္ျပန္မေရာက္ၾကေသးေၾကာင္းႏွင့္ မိသားစုဝင္တခ်ိဳ႕မွာ အက်ဥ္းေထာင္ေရွ႕ သြားေရာက္ ေစာင့္ဆိုင္းေနၾကေၾကာင္း မိသားစုဝင္မ်ားက ေျပာ သည္

သာသနာေရးဝန္ႀကီး သူရဦးေအာင္ကိုမွာ အဂတိလိုက္ စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မမ်ားျဖင့္ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ခံရသူတဦးျဖစ္သလို ေဒၚသန္းျမင့္ေအာင္ႏွင့္ စာေရးဆရာ ထင္လင္းဦးတို႔မွာ ေထာင္ဒဏ္ ၃ ႏွစ္စီ ခ် မွတ္ခံထားရသူမ်ား ျဖစ္သည္

စာေရးဆရာ ထင္လင္းဦး၏ မိသားစုဝင္တဦးက “လြတ္တဲ့အထဲ ပါတာ ဟုတ္ပါတယ္ အိမ္ေတာ့ ျပန္မေရာက္ေသးဘူး အခု ေထာင္မႀကီးထဲ ေရာက္ေနၿပီ ေျပာတယ္” ဟု ဧရာဝတီကို အတည္ျပဳသည္။ထို႔ျပင္ ေမာ္ကြန္းမဂၢဇင္း သတင္းေထာက္ခ်ဳပ္ ကိုေက်ာ္ေဇယ်လည္း ျပန္လည္ လြတ္ေျမာက္လာသည့္အထဲတြင္ ပါဝင္ေၾကာင္း သိရသည္

သူရဦးအောင်ကိုနှင့် ဒေါ်သန်းမြင့်အောင်တို့ ပြန်လွတ်

ဧရာဝတီ၊ ဇန္နဝါရီ ၄၊ ၂၀၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သူရဦးအောင်ကိုနှင့် ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် အပါ အဝင် အကျဉ်းကျခံနေရသူတချို့ ယနေ့ ပြန်လွတ်လာကြောင်း သိရသည်။

ယနေ့ ကျရောက်သော ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းမိန့်အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက ကြေညာချက်ထုတ်၍ လွှတ်ပေးခြင်းမျိုး မဟုတ်ဘဲ အကျဉ်းထောင်အသီးသီးမှ ၅၀၅-က နှင့် ဖမ်းဆီးခံထားရသည့် ၁ နှစ်အောက် အားလုံးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်း၊ သီးခြားလွှတ်ပေးခြင်း ဖြစ်ကြောင်း ရှေ့နေများထံ မှ သိရသည်။

တရားလွှတ်တော်ရှေ့နေတဦးက “ဝန်ကြီး သူရဦးအောင်ကိုကတော့ မနေ့ညနေက လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ ဆရာမကြီး ဒေါ်သန်းမြင့်အောင်တို့၊ ကိုထင်လင်းဦးတို့ ပါတယ်လို့ ကြားတယ်။ ၅၀၅-က တွေ သီးခြားအမိန့် ထုတ်ပေးတယ်

၁ နှစ်အထက် ကျန်နေတဲ့ ၅၀၅ တွေ ကျတော့ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမယ်။ သို့သော် တရားစီရင် ရင်ဆိုင်ဆဲ အချုပ်တွေတော့ မပါဘူး။ အဲဒီအတိုင်း အကြမ်းဖျင်း သိထားပါတယ်။ ပြစ်ဒဏ်ကျခံရန် ၁ နှစ် အောက် အားလုံး ပါတယ်ဆိုတော့ ဘယ်သူတွေပါလဲဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ဧရာဝတီကို ပြောသည်

လက်ရှိအချိန်တွင် သူရဦးအောင်ကို တဦးသာ အိမ်ပြန်ရောက်ပြီး ကျန်သူများမှာ လွတ်မြောက်သည့် သတင်းသာ ကြားသိရပြီး အိမ်ပြန်မရောက်ကြသေးကြောင်းနှင့် မိသားစုဝင်တချို့မှာ အကျဉ်းထောင်ရှေ့ သွားရောက် စောင့်ဆိုင်းနေကြကြောင်း မိသားစုဝင်များက ပြော သည်

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုမှာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသူတဦးဖြစ်သလို ဒေါ်သန်းမြင့်အောင်နှင့် စာရေးဆရာ ထင်လင်းဦးတို့မှာ ထောင်ဒဏ် ၃ နှစ်စီ ချ မှတ်ခံထားရသူများ ဖြစ်သည်

စာရေးဆရာ ထင်လင်းဦး၏ မိသားစုဝင်တဦးက “လွတ်တဲ့အထဲ ပါတာ ဟုတ်ပါတယ် အိမ်တော့ ပြန်မရောက်သေးဘူး အခု ထောင်မကြီးထဲ ရောက်နေပြီ ပြောတယ်” ဟု ဧရာဝတီကို အတည်ပြုသည်။ထို့ပြင် မော်ကွန်းမဂ္ဂဇင်း သတင်းထောက်ချုပ် ကိုကျော်ဇေယျလည်း ပြန်လည် လွတ်မြောက်လာသည့်အထဲတွင် ပါဝင်ကြောင်း သိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *