ဦးဝီရသူ ထောင်က ထွက်လာပြီးနောက်ပိုင်း ဟောပြောပွဲတွေမှာ တောင်စဉ်ရေမရတွေချည်း လွှတ်တာ။ စင်အောက်က ကျိုးတိုးကျဲတဲ လူအုပ်ကိုကြည့်ရတာလည်း ဟိုးအရင်ကလို အင်အား မများတော့ ခမျာလည်း စကားသာပြောရတယ်၊ သိပ်အားရပုံတော့ မမြင်။ သူပြောတာတွေမှာ သဘောထား အသစ်တစ်ခုခု၊ လှုံ့ဆော်ပုံများ သစ်လာမလား နားထောင်မိတယ်။

ဟိုးအရင် စကားလုံးတွေပါပဲ၊ မထူးဘူး။ အရင်က ဘာပြောပြော အောက်က ‘ထောက်ခံတယ်’ ဆိုပြီး လက်ခုပ်တီးကြလေ့ရှိတယ်။ ခုကျ သူပြောပြီးတိုင်း အောက်က လူစု လက်ခုပ်တီးလေမလားရယ်လို့ မျက်လုံးကလေးကလယ်ကလယ်နဲ့ စင်အောက်ကို တချက် စောင်းကြည့်တယ်။ တစ်ယောက်မှ မတီးတော့ ရုပ်တည်နဲ့ ဆက်ပွားရပြန်တယ်။ သူ့ဘေးနား ပါနေကျကောင်တွေတောင် မတွေ့ဘူး။

သြော် ဦးဝီရသူတော့ သွားလေပြီ၊ နောက်လိုက်မရှိ၊ လက်ခုပ်တီးပေးမယ့်လူ မရှိ၊ ဘာပြောပြော ထောက်ခံတယ် အော်ပေးမယ့်လူ မရှိတဲ့လူကို ဘယ်သူက အလေးထားတော့မလဲ။ တချို့ စစ်တပ်ထဲက မျိုးချစ်တွေတောင် သူတို့အကောင့်တွေမှာ ဝီရသူကို ထိုင် ခွီနေတာ တွေ့ရသေး။ အေးလေ ဒီနေ့လိုအချိန်မျိုးမှာ အတော့်ကို ဦးနှောက်မရှိတဲ့လူမှပဲ သူ့ကို ထောက်ခံတော့မှာပဲလို့ တွေးမိတယ်။

အဲ… တွေးနေရင်းပဲ နောက်နေ့ကျ မင်းအောင်လှိုင်က ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ် ချီးမြှင့်သတဲ့ဗျာ။ လက်အုပ်ကလေးတောင် ချီလို့။ ငါ့နှယ်။

” သင်္ကန်းဝတ် ဘင်လာဒင် ဂုဏ်ပြုခံရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်သလား ”

ဒီနေ့ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကမ္ဘာကျော်သတင်းတွေပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတစ်ပုဒ်ကို ” သင်္ကန်းဝတ် ဘင်လာဒင် ” လို့ အမည်ပေးထားပါတယ် ။ ၂၀၁၃ ခုနှစ်က Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဘာသာရေး အစွန်းရောက်ပြီး ချိုကြွနေသူ ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး ပြဿနာရှာနေသူအဖြစ်လည်း ဖော်ပြခံခဲ့ရဘူးပါတယ် ။

နိုင်ငံတကာက သင်္ကန်းဝတ် ဘင်လာဒင်လို့ အမည်ပေးထားတဲ့ ဘာသာရေး အရေခြုံ နိုင်ငံရေးသမား ဦးဝီရသူကို မြန်မာစစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းတွေပေါ်မှာ ဝေဖန်သံတွေ ဆူညံခဲ့ပါတယ် ။

သင်္ကန်းဝတ် ဦးဝီရသူကို သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်လိုက်တယ်လို့ မြန်မာစစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ပြောလိုက်တာပါ ။ ” နိုင်ငံကောင်းကျိုးအတွက် ထူးချွန်တဲ့ လုပ်ရပ် ” ဆုကို ချီးမြှင့်တယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောကြားထားပါတယ် ။

သင်္ကန်းဝတ် ဦးဝီရသူကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်တာဟာ ဗြိတိသျှထံကနေ ရခဲ့တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေးအပ်တယ်လို့ ဆိုပါတယ် ။ အာဏာသိမ်းခေါင်းဆောင်ဟာ စစ်တပ်ကို ကျားကန်ပေးနေတဲ့ အထင်ကရဖြစ်သူ လူပေါင်း ၁၀၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တာပါ ။

ရိုဟင်ဂျာ ပြဿနာမှာ လူမျိုးရေး ၊ ဘာသာရေး မုန်းတီးမှု့တွေ လှုံ့ဆော်လာလို့ လူသိများလာတဲ့ ဦးဝီရသူဟာ မွတ်စလင်စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့သလို ၊ ဘာသာခြားတွေနဲ့ မြန်မာဗုဒ္ဒဘာသာဝင်တွေကို လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ် ။ သင်္ကန်းဝတ် ဦးဝီရသူဟာ NLD လက်ထက်မှာ အစိုးရကို ပုန်ကန်မှု့နဲ့ ထောင်ချခံခဲ့ရပေမဲ့ ၊ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ၊ စ်တင်ဘာလမှာ အာဏာသိမ်းစစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ် ။ ( ဒါကတော့ ကမ္ဘာကျော် သတင်းဌာနတွေမှာ တင်ပြထားတဲ့ ကမ္ဘာကျော် သတင်းထဲက ထုတ်နုတ် တင်ပြလိုက်တာပါ ။ )

သုံးသပ်ရမယ်ဆိုရင် …..၊ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့တစ်ပတ်က နောက်ဆုံးအမှု့အတွက် အဆုံးသတ် စီရင်ချက် ချလိုက်ပါတယ် ။ ထောင်ဒဏ် အားလုံးပေါင်းက ၃၃ နှစ်ပါ ။

ဒီရက်ပိုင်းမှာ ခန့်မှန်းပေါ်ထွက်နေတဲ့ သတင်းတစ်ခုကတော့ အာဏာသိမ်းစစ်တပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးမယ်လို့ ခန့်မှန်းနေကြပါတယ် ။ စစ်တပ်ကို ကျားကန်ပေးနေသူတွေကို ဘယ်သူ့မှဂရုမစိုက်ပဲ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ အာဏာသိမ်းစစ်တပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတာက တော်တော်လေးတော့ ယုံရခက်ပါတယ် ။

သို့ပေမဲ့ ၊ တော်လှန်ရေးရဲ့ အခြေအနေကိုလည်း မေ့ထားလို့ မရပါဘူး ။ အားလုံးသိထားတဲ့ အတိုင်းပါပဲ ။ တော်လှန်ရေးရဲ့ အခြေအနေကို ကြည့်ကြမယ်ဆိုရင် အာဏာသိမ်းပြီး ၁ နှစ် နီးပါးအချိန်အထိဟာ သည်းထိတ်ရင်ဖိုနဲ့ စောင့်ကြည့်ခဲ့ရတာပါ ။

သာကူးလူတန်းစားတွေအတွက်လည်း အခြေအနေဟာ စစ်တပ်ဘက်က သာသွားလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လလောက်ကစပြီး မြန်မာစစ်တပ် အရေးနိမ့်တော့မယ့် အခြေအနေကို တွေ့မြင်လာရပါတယ် ။ နှစ်မကူးခင်လေးမှာပဲ မြန်မာပြည်သူတွေအတွက် ကောင်းသတင်းလေးတွေ ဆက်တိုက် ကြားလာရပါတော့တယ် ။

ပြတ်သားတဲ့ အခြေအနေတွေဟာ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ ညီလခံအပြီးမှာ ဆက်တိုက် ကြားလာရတာပါ ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်အပ်ထားသလို ၊ မြန်မာစစ်တပ်ဘက်က တင်သွင်းလာတဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကိုလည်း တာလီဘန်နဲ့ တစ်တန်းတည်းထားပြီး ငြင်းပယ်ခံခဲ့ရပါတယ် ။

လုံခြုံရေးကောင်စီမှာ ဗီတိုမသုံးပဲ မြန်မာ့အရေးကို မဲခွဲဆုံးဖြတ်မယ်လို့ တွမ်အင်ဒရူးက အခိုင်အမာ ပြောကြားခဲ့ပါတယ် ။ အာဆီယံ ဥက္ကဋ္ဌအသစ် အင်ဒိုနီးရှားဟာ တွမ်အင်ဒရူးနဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ပွဲပြတ်အောင် ကြိုးစားသွားမယ်လို့ အသိပေးလာပါတယ် ။ လုံခြုံရေးကောင်စီဟာ နှစ်မကူးခင်လေးမှာပဲ မြန်မာ့အရေးအတွက် ဗီတိုမသုံးတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ် ။

ဒီဆုံးဖြတ်ချက်ဟာ သိပ်ကို အရေးကြီးပါတယ် ။ မြန်မာစစ်တပ်ကို မင်းတို့ ရှုံးပြီ လို့ ပြောလိုက်သလိုပါပဲ ။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပြီးမှာ ၊ အချိန်ကိုက်ဆိုသလို အမေရိကန်ရဲ့ Burma Act ကလည်း တရားဝင် အသိအမှတ်ပြုလိုက်ပါတယ် ။

ဆိုတော့ ၊ ဒီအခြေအနေမှာ မြန်မာစစ်ကောင်စီအတွက် ဗျာများ ပူပန်နေမယ်ဆိုတာ မလွဲပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ အာဏာသိမ်းခေါင်းဆောင်တွေ အကြောက်ဆုံးက နိုင်ငံတကာ အရေးယူမှု့ကို အကြောက်ဆုံးပါ ။ ပြည်တွင်းတော်လှန်ရေးကတော့ ပြည်တွင်းစစ်သဘောဆိုတော့ အာဏာသိမ်းစစ်တပ်ဘက်မှာလည်း စစ်ရေးနဲ့ပတ်သက်ပြီး ကူညီမဲ့နိုင်ငံတွေ ရှိနေပါတယ်။ နို

င်ငံတကာ အရေးယူမှု့လောက်တော့ မကြောက်ပါဘူး ။ ဒါဟာ လက်နက်ကိုင် တော်လှန်နေသူတွေကို အသိအမှတ်မပြုတာ မဟုတ်ပါဘူး ။ အာဏာသိမ်းစစ်တပ်ကို ဘယ်လိုနည်းနဲ့ အမြစ်ဖြတ်နိုင်တယ် ၊ ဘယ်သူ့ကို ကြောက်တယ်ဆိုတာကို တင်ပြခြင်းပါ ။

ကောင်းပြီ …၊” ပြည်တွင်းတော်လှန်အားနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေကို မခံနိုင်တော့ရင် အာဏာသိမ်းခေါင်းဆောင်တွေ ဘာလုပ်နိုင်သလဲ … ? ”

ဆိုသလို မေးခွန်းကို မေးလာသူ တော်တော်များများ တွေ့ရပါတယ် ။ သုံးသပ်ကြည့်ရမယ်ဆိုရင် အခြေအနေဟာ အာဏာရှင်တွေနဲ့ မိသားစုအတွက် ပြေးဖို့ပဲ ရှိပါတော့တယ် ။ ဒီလို မပြေးရတဲ့ နည်းလမ်းတစ်ခုကတော့ နိုင်ငံတကာရဲ့ တောင်းဆိုမှု့ကို စစ်အာဏာရှင်တွေဘက်က အကြွေးဆပ်သလို တစ်ရစ်ချင်း လျှော့လာနိုင်ပါတယ် ။ သက်တန်းကို ဆွဲဆန့်ချင်တဲ့ သဘောပါ ။ သူတို့မိသားစုတွေ ဘဝမပျက်ရအောင် လိုက်လျောမှု့တွေ တစ်ခုပြီးတစ်ခုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အထိ တောင်းဆိုလာနိုင်ပါတယ် ။

ဆိုတော့လည်း ၊ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့မယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး ။ ကြိုဆိုလာမယ့် နိုင်ငံတွေလည်း ရှိလာနိုင်တဲ့အတွက် အမှတ်ရလိမ့်မယ်လို့ အာဏာသိမ်းခေါင်းဆောင်တွေဘက်က မျှော်လင့်ထားနိုင်ပါတယ် ။

သို့ပေမဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၊ အမေရိကန်ရဲ့ Burma Act ၊့ အာဆီယံ ဥက္ကဋ္ဌ အသစ် အင်ဒိုနီးရှားနဲ့ တွမ်အင်ဒရူးတို့ကတော့ မြန်မာပြည်သူတွေရဲ့ လက်ထဲကို လုံးဝ အာဏာလွှဲအပ်ပေးမယ်လို့ အသိပေးထားပါတယ် ။

ဘကြီးအောင် LA

ဦးဝီရသူ ထောင်က ထွက်လာပြီးနောက်ပိုင်း ဟောပြောပွဲတွေမှာ တောင်စဉ်ရေမရတွေချည်း လွှတ်တာ။ စင်အောက်က ကျိုးတိုးကျဲတဲ လူအုပ်ကိုကြည့်ရတာလည်း ဟိုးအရင်ကလို အင်အား မများတော့ ခမျာလည်း စကားသာပြောရတယ်၊ သိပ်အားရပုံတော့ မမြင်။ သူပြောတာတွေမှာ သဘောထား အသစ်တစ်ခုခု၊ လှုံ့ဆော်ပုံများ သစ်လာမလား နားထောင်မိတယ်။

ဟိုးအရင် စကားလုံးတွေပါပဲ၊ မထူးဘူး။ အရင်က ဘာပြောပြော အောက်က ‘ထောက်ခံတယ်’ ဆိုပြီး လက်ခုပ်တီးကြလေ့ရှိတယ်။ ခုကျ သူပြောပြီးတိုင်း အောက်က လူစု လက်ခုပ်တီးလေမလားရယ်လို့ မျက်လုံးကလေးကလယ်ကလယ်နဲ့ စင်အောက်ကို တချက် စောင်းကြည့်တယ်။ တစ်ယောက်မှ မတီးတော့ ရုပ်တည်နဲ့ ဆက်ပွားရပြန်တယ်။ သူ့ဘေးနား ပါနေကျကောင်တွေတောင် မတွေ့ဘူး။

သြော် ဦးဝီရသူတော့ သွားလေပြီ၊ နောက်လိုက်မရှိ၊ လက်ခုပ်တီးပေးမယ့်လူ မရှိ၊ ဘာပြောပြော ထောက်ခံတယ် အော်ပေးမယ့်လူ မရှိတဲ့လူကို ဘယ်သူက အလေးထားတော့မလဲ တချို့ စစ်တပ်ထဲက မျိုးချစ်တွေတောင် သူတို့အကောင့်တွေမှာ ဝီရသူကို ထိုင် ခွီနေတာ တွေ့ရသေး။ အေးလေ ဒီနေ့လိုအချိန်မျိုးမှာ အတော့်ကို ဦးနှောက်မရှိတဲ့လူမှပဲ သူ့ကို ထောက်ခံတော့မှာပဲလို့ တွေးမိတယ်

အဲ… တွေးနေရင်းပဲ နောက်နေ့ကျ မင်းအောင်လှိုင်က ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ် ချီးမြှင့်သတဲ့ဗျာ။ လက်အုပ်ကလေးတောင် ချီလို့။ ငါ့နှယ်

” သင်္ကန်းဝတ် ဘင်လာဒင် ဂုဏ်ပြုခံရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်သလား ”

ဒီနေ့ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကမ္ဘာကျော်သတင်းတွေပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတစ်ပုဒ်ကို ” သင်္ကန်းဝတ် ဘင်လာဒင် ” လို့ အမည်ပေးထားပါတယ် ။ ၂၀၁၃ ခုနှစ်က Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဘာသာရေး အစွန်းရောက်ပြီး ချိုကြွနေသူ ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး ပြဿနာရှာနေသူအဖြစ်လည်း ဖော်ပြခံခဲ့ရဘူးပါတယ်

နိုင်ငံတကာက သင်္ကန်းဝတ် ဘင်လာဒင်လို့ အမည်ပေးထားတဲ့ ဘာသာရေး အရေခြုံ နိုင်ငံရေးသမား ဦးဝီရသူကို မြန်မာစစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းတွေပေါ်မှာ ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်

သင်္ကန်းဝတ် ဦးဝီရသူကို သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်လိုက်တယ်လို့ မြန်မာစစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ပြောလိုက်တာပါ ” နိုင်ငံကောင်းကျိုးအတွက် ထူးချွန်တဲ့ လုပ်ရပ် ” ဆုကို ချီးမြှင့်တယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောကြားထားပါတယ်

သင်္ကန်းဝတ် ဦးဝီရသူကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်တာဟာ ဗြိတိသျှထံကနေ ရခဲ့တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေးအပ်တယ်လို့ ဆိုပါတယ် ။ အာဏာသိမ်းခေါင်းဆောင်ဟာ စစ်တပ်ကို ကျားကန်ပေးနေတဲ့ အထင်ကရဖြစ်သူ လူပေါင်း ၁၀၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တာပါ

ရိုဟင်ဂျာ ပြဿနာမှာ လူမျိုးရေး ၊ ဘာသာရေး မုန်းတီးမှု့တွေ လှုံ့ဆော်လာလို့ လူသိများလာတဲ့ ဦးဝီရသူဟာ မွတ်စလင်စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့သလို ၊ ဘာသာခြားတွေနဲ့ မြန်မာဗုဒ္ဒဘာသာဝင်တွေကို လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ် ။ သင်္ကန်းဝတ် ဦးဝီရသူဟာ NLD လက်ထက်မှာ အစိုးရကို ပုန်ကန်မှု့နဲ့ ထောင်ချခံခဲ့ရပေမဲ့ ၊ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ၊ စ်တင်ဘာလမှာ အာဏာသိမ်းစစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ် ( ဒါကတော့ ကမ္ဘာကျော် သတင်းဌာနတွေမှာ တင်ပြထားတဲ့ ကမ္ဘာကျော် သတင်းထဲက ထုတ်နုတ် တင်ပြလိုက်တာပါ )

သုံးသပ်ရမယ်ဆိုရင် …..၊ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့တစ်ပတ်က နောက်ဆုံးအမှု့အတွက် အဆုံးသတ် စီရင်ချက် ချလိုက်ပါတယ် ။ ထောင်ဒဏ် အားလုံးပေါင်းက ၃၃ နှစ်ပါ

ဒီရက်ပိုင်းမှာ ခန့်မှန်းပေါ်ထွက်နေတဲ့ သတင်းတစ်ခုကတော့ အာဏာသိမ်းစစ်တပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးမယ်လို့ ခန့်မှန်းနေကြပါတယ် ။ စစ်တပ်ကို ကျားကန်ပေးနေသူတွေကို ဘယ်သူ့မှဂရုမစိုက်ပဲ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ အာဏာသိမ်းစစ်တပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတာက တော်တော်လေးတော့ ယုံရခက်ပါတယ် ။

သို့ပေမဲ့ ၊ တော်လှန်ရေးရဲ့ အခြေအနေကိုလည်း မေ့ထားလို့ မရပါဘူး အားလုံးသိထားတဲ့ အတိုင်းပါပဲ ။ တော်လှန်ရေးရဲ့ အခြေအနေကို ကြည့်ကြမယ်ဆိုရင် အာဏာသိမ်းပြီး ၁ နှစ် နီးပါးအချိန်အထိဟာ သည်းထိတ်ရင်ဖိုနဲ့ စောင့်ကြည့်ခဲ့ရတာပါ

သာကူးလူတန်းစားတွေအတွက်လည်း အခြေအနေဟာ စစ်တပ်ဘက်က သာသွားလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လလောက်ကစပြီး မြန်မာစစ်တပ် အရေးနိမ့်တော့မယ့် အခြေအနေကို တွေ့မြင်လာရပါတယ် နှစ်မကူးခင်လေးမှာပဲ မြန်မာပြည်သူတွေအတွက် ကောင်းသတင်းလေးတွေ ဆက်တိုက် ကြားလာရပါတော့တယ်

ပြတ်သားတဲ့ အခြေအနေတွေဟာ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ ညီလခံအပြီးမှာ ဆက်တိုက် ကြားလာရတာပါ ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ခန့်အပ်ထားသလို ၊ မြန်မာစစ်တပ်ဘက်က တင်သွင်းလာတဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကိုလည်း တာလီဘန်နဲ့ တစ်တန်းတည်းထားပြီး ငြင်းပယ်ခံခဲ့ရပါတယ်

လုံခြုံရေးကောင်စီမှာ ဗီတိုမသုံးပဲ မြန်မာ့အရေးကို မဲခွဲဆုံးဖြတ်မယ်လို့ တွမ်အင်ဒရူးက အခိုင်အမာ ပြောကြားခဲ့ပါတယ် အာဆီယံ ဥက္ကဋ္ဌအသစ် အင်ဒိုနီးရှားဟာ တွမ်အင်ဒရူးနဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ပွဲပြတ်အောင် ကြိုးစားသွားမယ်လို့ အသိပေးလာပါတယ် လုံခြုံရေးကောင်စီဟာ နှစ်မကူးခင်လေးမှာပဲ မြန်မာ့အရေးအတွက် ဗီတိုမသုံးတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်

ဒီဆုံးဖြတ်ချက်ဟာ သိပ်ကို အရေးကြီးပါတယ် မြန်မာစစ်တပ်ကို မင်းတို့ ရှုံးပြီ လို့ ပြောလိုက်သလိုပါပဲ ။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပြီးမှာ ၊ အချိန်ကိုက်ဆိုသလို အမေရိကန်ရဲ့ Burma Act ကလည်း တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်

ဆိုတော့ ၊ ဒီအခြေအနေမှာ မြန်မာစစ်ကောင်စီအတွက် ဗျာများ ပူပန်နေမယ်ဆိုတာ မလွဲပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ အာဏာသိမ်းခေါင်းဆောင်တွေ အကြောက်ဆုံးက နိုင်ငံတကာ အရေးယူမှု့ကို အကြောက်ဆုံးပါ ။ ပြည်တွင်းတော်လှန်ရေးကတော့ ပြည်တွင်းစစ်သဘောဆိုတော့ အာဏာသိမ်းစစ်တပ်ဘက်မှာလည်း စစ်ရေးနဲ့ပတ်သက်ပြီး ကူညီမဲ့နိုင်ငံတွေ ရှိနေပါတယ်

နိုင်ငံတကာ အရေးယူမှု့လောက်တော့ မကြောက်ပါဘူး ဒါဟာ လက်နက်ကိုင် တော်လှန်နေသူတွေကို အသိအမှတ်မပြုတာ မဟုတ်ပါဘူး အာဏာသိမ်းစစ်တပ်ကို ဘယ်လိုနည်းနဲ့ အမြစ်ဖြတ်နိုင်တယ် ၊ ဘယ်သူ့ကို ကြောက်တယ်ဆိုတာကို တင်ပြခြင်းပါ

ကောင်းပြီ …၊” ပြည်တွင်းတော်လှန်အားနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားတွေကို မခံနိုင်တော့ရင် အာဏာသိမ်းခေါင်းဆောင်တွေ ဘာလုပ်နိုင်သလဲ … ? ”

ဆိုသလို မေးခွန်းကို မေးလာသူ တော်တော်များများ တွေ့ရပါတယ် သုံးသပ်ကြည့်ရမယ်ဆိုရင် အခြေအနေဟာ အာဏာရှင်တွေနဲ့ မိသားစုအတွက် ပြေးဖို့ပဲ ရှိပါတော့တယ် ဒီလို မပြေးရတဲ့ နည်းလမ်းတစ်ခုကတော့ နိုင်ငံတကာရဲ့ တောင်းဆိုမှု့ကို စစ်အာဏာရှင်တွေဘက်က အကြွေးဆပ်သလို တစ်ရစ်ချင်း လျှော့လာနိုင်ပါတယ် သက်တန်းကို ဆွဲဆန့်ချင်တဲ့ သဘောပါ သူတို့မိသားစုတွေ ဘဝမပျက်ရအောင် လိုက်လျောမှု့တွေ တစ်ခုပြီးတစ်ခုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အထိ တောင်းဆိုလာနိုင်ပါတယ်

ဆိုတော့လည်း ၊ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့မယ်ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး ။ ကြိုဆိုလာမယ့် နိုင်ငံတွေလည်း ရှိလာနိုင်တဲ့အတွက် အမှတ်ရလိမ့်မယ်လို့ အာဏာသိမ်းခေါင်းဆောင်တွေဘက်က မျှော်လင့်ထားနိုင်ပါတယ်

သို့ပေမဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၊ အမေရိကန်ရဲ့ Burma Act ၊့ အာဆီယံ ဥက္ကဋ္ဌ အသစ် အင်ဒိုနီးရှားနဲ့ တွမ်အင်ဒရူးတို့ကတော့ မြန်မာပြည်သူတွေရဲ့ လက်ထဲကို လုံးဝ အာဏာလွှဲအပ်ပေးမယ်လို့ အသိပေးထားပါတယ်

ဘကြီးအောင် LA

 

Leave a Reply

Your email address will not be published. Required fields are marked *