ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္ စိုးရိမ္စရာေကာင္းသည္ ဟု လစ္ဗ်ား ကဒါဖီကို ဥပမာေပး၍ မင္းကင္းေမာင္ျမင့္ ေျပာဆို

ရန္ကုန္၊ ဇန္နဝါရီ ၄

ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ျမန္မာႏိုင္ငံအေပၚခ်မွတ္လိုက္ေသာ အစည္းအေဝးဆုံးျဖတ္ခ်က္ မ်ားသည္ အၾကမ္းဖက္စစ္ေကာင္စီအတြက္ စိုးရိမ္စရာေကာင္းေၾကာင္း လစ္ဗ်ားေခါင္းေဆာင္ ကဒါဖီျပဳတ္က်သြား မႈကို ဥပမာေပးကာ မင္းကင္းေမာင္ျမင့္က ဒီဇင္ဘာလ ၃၁ ရက္ေန႔တြင္ သတိေပးေျပာခဲ့သည္

မင္းကင္း ေမာင္ျမင့္၏ လူမႈကြန္ယက္စာမ်က္ႏွာတဆင့္ ႐ုပ္သံ႐ိုက္ကူး ေျပာဆိုမႈမွာ လက္ရွိတြင္ စစ္ေကာင္စီဘက္ေတာ္သားမ်ားဘက္တြင္ ႐ိုက္ခတ္မႈမ်ားရွိေနေၾကာင္း သိရွိရသည္။

“ဒီ Resolution ျဖစ္ေပၚလာတာဟာ ဆရာမႀကီးေဒၚရင္ရင္ႏြယ္ေျပာသလို စိုးရိမ္ပူပန္စရာမရွိပါဘူးလို႔ ေျပာတာကေတာ့သာမန္အားျဖင့္ ျပည္သူေတြ စိတ္ေအးသြားစရာအေၾကာင္းေတာ့ရွိတယ္။ ဒါေပမယ့္ က်ေနာ့္သေဘာအရေျပာရမယ္ဆိုရင္ေတာ့ အေတာ့္ကို သတိထားရမယ္။ အေတာ္သတိထားရမယ္၊”ဟု ေမာင္ျမင့္က ေျပာသည္

ကုလသမဂၢ လုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္ မဆိုထားႏွင့္ အာဆီယံႏိုင္ငံမ်ားက ခ်မွတ္ခဲ့သည့္ မူဝါ ၅ ခ်က္ပင္ ဖိအားမ်ားရွိေၾကာင္း၊ ထုတ္ျပန္ေၾကညာကန႔္ကြက္႐ုံျဖင့္ ၿပီးစီးသြားမည္ကိစၥမဟုတ္ေၾကာင္း၊ စိုးရိမ္စရာ ေကာင္းသည္ကို အမွန္အတိုင္း သိျမင္ဖို႔လိုေၾကာင္း ၎ကေထာက္ျပထားသည္

လစ္ဗ်ားအာဏာရွင္ ကဒါဖီက်ဆုံးမႈအစတြင္ ကုလလုံၿခဳံေရးေကာင္စီက No Fly Zone သတ္မွတ္ေပး သည့္ Resolution ခ်မွတ္ခဲ့ေၾကာင္း၊ ယင္းအခ်ိန္က ႐ုရွားႏိုင္ငံသည္ ကိုယ့္ရပ္ခ်က္ျဖင့္ကိုယ္ ရပ္တည္ ေနခဲ့သည့္အတြက္ ကုလလုံၿခဳံေရးေကာင္စီတြင္ အတည္ျဖစ္သြားကာ အာဏာရွင္ကဒါဖီ ပစ္ခတ္ခံရၿပီး ေသဆုံးသည္ အထိျဖစ္သြားရျခင္းျဖစ္ေၾကာင္း ဥပမာေပးကာ ေျပာဆိုထားသည္။

“ဟိုတစ္ခ်ိန္တုန္းကလစ္ဗ်ားနဲ႔ပတ္သက္ၿပီးေတာ့ No Fly Zone ဆိုတာ Resolution တင္တယ္။ No Fly Zone အေရးမႀကီးေလာက္ပါဘူးဆိုၿပီး။ ကိုယ္ရဲ႕ရပ္တည္ခ်က္ကိုပဲ ဦးစားေပးတဲ့အခါမွာ No Fly Zone Resolution က အတည္ျဖစ္သြားတယ္၊ အတည္ျဖစ္သြားတာရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးက ဘာျဖစ္သြား တာလဲ ဆိုရင္ ကဒါဖီ က်ဆုံးသြားတဲ့အေျခအေနျဖစ္သြားတယ္”ဟု မင္းကင္းေမာင္ျမင့္က ေျပာဆိုထားသည္

ယခု ျမန္မာႏိုင္ငံမွခ်မွတ္လိုက္သည့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္သည္လည္း တ႐ုတ္ႏွင့္ ႐ုရွားတို႔မွ ဗီတိုအာဏာမသုံးခဲ့သျဖင့္ ဆုံးျဖတ္ခ်က္အတည္ျဖစ္သြားရေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ခ်ိန္မွစ၍ တစ္ႀကိမ္တစ္ခါမွ ခ်မွတ္မခံရပဲ ယခုမွခ်မွတ္ခံရျခင္းသည္ ေကာင္းမြန္ဖို႔ ျဖစ္စ ရာအေၾကာင္းတစ္ခုမွ မရွိဟု ဆိုသည္

“ျမန္မာႏိုင္ငံနဲ႔ပတ္သက္ရင္အခုဟာက No Fly Zone Resolution ေလာက္ေတာ့လဲ မျပင္းထန္ေသး ဘူမျပင္းထန္ဘူးဆိုေပမယ့္ ေနာက္ထပ္ထပ္ၿပီးေတာ့မွ လိုက္လာမယ့္ ပထမလႈိင္းပဲရွိေသးတယ္။ ေနာက္က ဆင့္ကဲဆင့္ကဲ လိုက္လာအုံးမွာ၊ ဘယ္လိုလာအုံးမလဲ မသိေသးဘူး ”ဟု မင္းကင္းေမာင္ျမင့္က ဆိုသည္

မင္းကင္းေမာင္ျမင့္သည္ ယခင္သန္းေ႐ႊႏွင့္သိန္းစိန္အစိုးရလက္ထက္တြင္ စက္မႈဝန္ႀကီးဌာန၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားတြင္ ဒုဝန္ႀကီးႏွင့္ဝန္ႀကီးတာဝန္မ်ား ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ၿပီး ႀကံ့ဖြတ္ပါတီ၏ လႊတ္ေတာ္အမတ္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူလည္းျဖစ္သည္

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် စိုးရိမ်စရာကောင်းသည် ဟု လစ်ဗျား ကဒါဖီကို ဥပမာပေး၍ မင်းကင်းမောင်မြင့် ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ်ချမှတ်လိုက်သော အစည်းအဝေးဆုံးဖြတ်ချက် များသည် အကြမ်းဖက်စစ်ကောင်စီအတွက် စိုးရိမ်စရာကောင်းကြောင်း လစ်ဗျားခေါင်းဆောင် ကဒါဖီပြုတ်ကျသွား မှုကို ဥပမာပေးကာ မင်းကင်းမောင်မြင့်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သတိပေးပြောခဲ့သည်

မင်းကင်း မောင်မြင့်၏ လူမှုကွန်ယက်စာမျက်နှာတဆင့် ရုပ်သံရိုက်ကူး ပြောဆိုမှုမှာ လက်ရှိတွင် စစ်ကောင်စီဘက်တော်သားများဘက်တွင် ရိုက်ခတ်မှုများရှိနေကြောင်း သိရှိရသည်။

“ဒီ Resolution ဖြစ်ပေါ်လာတာဟာ ဆရာမကြီးဒေါ်ရင်ရင်နွယ်ပြောသလို စိုးရိမ်ပူပန်စရာမရှိပါဘူးလို့ ပြောတာကတော့သာမန်အားဖြင့် ပြည်သူတွေ စိတ်အေးသွားစရာအကြောင်းတော့ရှိတယ်။ ဒါပေမယ့် ကျနော့်သဘောအရပြောရမယ်ဆိုရင်တော့ အတော့်ကို သတိထားရမယ်။ အတော်သတိထားရမယ်၊”ဟု မောင်မြင့်က ပြောသည်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မဆိုထားနှင့် အာဆီယံနိုင်ငံများက ချမှတ်ခဲ့သည့် မူဝါ ၅ ချက်ပင် ဖိအားများရှိကြောင်း၊ ထုတ်ပြန်ကြေညာကန့်ကွက်ရုံဖြင့် ပြီးစီးသွားမည်ကိစ္စမဟုတ်ကြောင်း၊ စိုးရိမ်စရာ ကောင်းသည်ကို အမှန်အတိုင်း သိမြင်ဖို့လိုကြောင်း ၎င်းကထောက်ပြထားသည်

လစ်ဗျားအာဏာရှင် ကဒါဖီကျဆုံးမှုအစတွင် ကုလလုံခြုံရေးကောင်စီက No Fly Zone သတ်မှတ်ပေး သည့် Resolution ချမှတ်ခဲ့ကြောင်း၊ ယင်းအချိန်က ရုရှားနိုင်ငံသည် ကိုယ့်ရပ်ချက်ဖြင့်ကိုယ် ရပ်တည် နေခဲ့သည့်အတွက် ကုလလုံခြုံရေးကောင်စီတွင် အတည်ဖြစ်သွားကာ အာဏာရှင်ကဒါဖီ ပစ်ခတ်ခံရပြီး သေဆုံးသည် အထိဖြစ်သွားရခြင်းဖြစ်ကြောင်း ဥပမာပေးကာ ပြောဆိုထားသည်။

“ဟိုတစ်ချိန်တုန်းကလစ်ဗျားနဲ့ပတ်သက်ပြီးတော့ No Fly Zone ဆိုတာ Resolution တင်တယ်။ No Fly Zone အရေးမကြီးလောက်ပါဘူးဆိုပြီး။ ကိုယ်ရဲ့ရပ်တည်ချက်ကိုပဲ ဦးစားပေးတဲ့အခါမှာ No Fly Zone Resolution က အတည်ဖြစ်သွားတယ်၊ အတည်ဖြစ်သွားတာရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာဖြစ်သွား တာလဲ ဆိုရင် ကဒါဖီ ကျဆုံးသွားတဲ့အခြေအနေဖြစ်သွားတယ်”ဟု မင်းကင်းမောင်မြင့်က ပြောဆိုထားသည်

ယခု မြန်မာနိုင်ငံမှချမှတ်လိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည်လည်း တရုတ်နှင့် ရုရှားတို့မှ ဗီတိုအာဏာမသုံးခဲ့သဖြင့် ဆုံးဖြတ်ချက်အတည်ဖြစ်သွားရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ချိန်မှစ၍ တစ်ကြိမ်တစ်ခါမှ ချမှတ်မခံရပဲ ယခုမှချမှတ်ခံရခြင်းသည် ကောင်းမွန်ဖို့ ဖြစ်စ ရာအကြောင်းတစ်ခုမှ မရှိဟု ဆိုသည်

“မြန်မာနိုင်ငံနဲ့ပတ်သက်ရင်အခုဟာက No Fly Zone Resolution လောက်တော့လဲ မပြင်းထန်သေး ဘူမပြင်းထန်ဘူးဆိုပေမယ့် နောက်ထပ်ထပ်ပြီးတော့မှ လိုက်လာမယ့် ပထမလှိုင်းပဲရှိသေးတယ်။ နောက်က ဆင့်ကဲဆင့်ကဲ လိုက်လာအုံးမှာ၊ ဘယ်လိုလာအုံးမလဲ မသိသေးဘူး ”ဟု မင်းကင်းမောင်မြင့်က ဆိုသည်

မင်းကင်းမောင်မြင့်သည် ယခင်သန်းရွှေနှင့်သိန်းစိန်အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနများတွင် ဒုဝန်ကြီးနှင့်ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ကြံ့ဖွတ်ပါတီ၏ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်

 

Leave a Reply

Your email address will not be published. Required fields are marked *