၂၀၂၃ ဟာ အင္ျပည္အားျပည့္နဲ႔ အားရစရာေတြခ်ည့္ပဲ

MNDAAက တပ္ဖြဲ႕ဝင္ ၁၂၂၈ ဦး စစ္သင္တန္းဆင္းၿပီး လက္နက္မ်ားေပးအပ္ကာ စစ္အာဏာရွင္ ေတာ္ လွန္ေရးတြင္ ပူးေပါင္းပါဝင္မည္ဟုထုတ္ျပန္၊ TNLA ကလည္း အရာရွိသင္တန္းဆင္းပြဲ ျပဳလုပ္

ရန္ကုန္၊ ဇန္နဝါရီ ၃

ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္ (MNDAA) တပ္မဟာ ၆၁၁ တြင္ ဇန္နဝါရီလ ၁ ရက္ေန႔ သင္တန္းဆင္းပြဲ က်င္းပၿပီး အရာရွိႏွင့္ စစ္သည္ ၁၂၂၈ ဦး သင္တန္းတက္ေရာက္ေၾကာင္း MNDAA က တရားဝင္ သတင္းထုတ္ျပန္သည္

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလတြင္ ထူေထာင္ခဲ့ေသာ MNDAA တပ္မဟာ ၆၁၁ ၏ ပထမႏွစ္ ပတ္ လည္ေန႔ကိုလည္း က်င္းပခဲ့ၿပီး စစ္သင္တန္းတက္ေရာက္ၾကသည့္ အရာရွိႏွင့္ စစ္သည္မ်ား အပါအဝင္ စုစုေပါင္း လူ ၁၂၂၈ ဦးကိုလည္း လက္နက္မ်ား ေပးအပ္ေၾကာင္း သိရွိရသည္

MNDAA တပ္မဟာ ၆၁၁ ကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး အခ်ိန္တို အတြင္း ထူေထာင္ခဲ့ေသာ္လည္း ထိုတပ္မဟာသည္ လ်င္ျမန္စြာ ဖြံ႕ၿဖိဳးတိုးတက္လာခဲ့ေၾကာင္း၊ စစ္ အာဏာ ရွင္ေတာ္လွန္ေရးႏွင့္ ဒီမိုကေရစီ ရရွိေရးတြင္ အတူတကြ ပူးေပါင္း ေဆာင္႐ြက္ၾကမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္

အလားတူ ရွမ္းျပည္နယ္တြင္ TNLA တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA) ကလည္း ထိန္းခ်ဳပ္နယ္ေျမတေနရာတြင္ ဗိုလ္ေလာင္းသင္တန္း (ATA)ႏွင့္ အလုပ္ သင္အရာရွိ (TAOT)သင္တန္းဆင္းပြဲကို ဇန္နဝါရီလ ၁ ရက္ေန႔ က်င္းပခဲ့ၿပီး တပ္ဖြဲ႕ဝင္ ၁၅၆ တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္

၂၀၂၃ ဟာ အင်ပြည်အားပြည့်နဲ့ အားရစရာတွေချည့်ပဲ

MNDAAက တပ်ဖွဲ့ဝင် ၁၂၂၈ ဦး စစ်သင်တန်းဆင်းပြီး လက်နက်များပေးအပ်ကာ စစ်အာဏာရှင် တော် လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟုထုတ်ပြန်၊ TNLA ကလည်း အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ ၆၁၁ တွင် ဇန်နဝါရီလ ၁ ရက်နေ့ သင်တန်းဆင်းပွဲ ကျင်းပပြီး အရာရှိနှင့် စစ်သည် ၁၂၂၈ ဦး သင်တန်းတက်ရောက်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထူထောင်ခဲ့သော MNDAA တပ်မဟာ ၆၁၁ ၏ ပထမနှစ် ပတ် လည်နေ့ကိုလည်း ကျင်းပခဲ့ပြီး စစ်သင်တန်းတက်ရောက်ကြသည့် အရာရှိနှင့် စစ်သည်များ အပါအဝင် စုစုပေါင်း လူ ၁၂၂၈ ဦးကိုလည်း လက်နက်များ ပေးအပ်ကြောင်း သိရှိရသည်

MNDAA တပ်မဟာ ၆၁၁ ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အချိန်တို အတွင်း ထူထောင်ခဲ့သော်လည်း ထိုတပ်မဟာသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ စစ် အာဏာ ရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီ ရရှိရေးတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်

အလားတူ ရှမ်းပြည်နယ်တွင် TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ကလည်း ထိန်းချုပ်နယ်မြေတနေရာတွင် ဗိုလ်လောင်းသင်တန်း (ATA)နှင့် အလုပ် သင်အရာရှိ (TAOT)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၆ တက်ရောက်ခဲ့ကြောင်း သိရှိရသည်

Leave a Reply

Your email address will not be published. Required fields are marked *