ကုန္းသာတိုက္ပြဲမွ မေသဘဲျပန္ထြက္လာႏိုင္သူမ်ားကို စစ္ေခါင္းေဆာင္ ဆုေပးႏွစ္သိမ့္

တအာင္း (ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) နယ္ေျမ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္၊ ကုန္းသာ႐ြာတိုက္ပြဲအတြင္း အသက္မေသဘဲ ျပန္ထြက္လာသည့္အဖြဲ႕ကို အာဏာသိမ္း စစ္ေခါင္းေဆာင္က စစ္ဘက္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ား ေပးအပ္မႈမွာ ႏွစ္သိမ့္သည့္ သေဘာသာျဖစ္ေၾကာင္း CDM စစ္သည္မ်ားက ဆိုသည္

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ၇ ရက္ေန႔မွ ၁၂ ရက္ေန႔ထိ စစ္ေကာင္စီတပ္၏ ေလေၾကာင္းခ်ီ တိုက္ခိုက္မႈေၾကာင့္ TNLA ႏွင့္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ထိခိုက္ေသဆုံးမႈမ်ားၾကားမွ မေသဘဲ ျပန္ထြက္လာႏိုင္သည့္အဖြဲ႕အား စစ္ေခါင္းေဆာင္က ထိုသို ေပးအပ္ျခင္း ျဖစ္သည္

အဆိုပါ ေလေၾကာင္းခ်ီ တိုက္ခိုက္မႈတြင္ ပါဝင္သည့္ ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕အေျခစိုက္ စစ္ေကာင္စီ ေျချမန္တပ္ရင္း (ခမရ ၃၁၉ )မွ ဗိုလ္ႀကီး စိုးသူရဆိုသူကို သီဟသူရဘြဲ႕၊ ဗိုလ္ႀကီး ထက္ျမတ္ေအာင္၊ ဒုတပ္ၾကပ္ ေဝလင္းေအာင္၊ တပ္သား ခ်စ္သက္ေထြးႏွင့္ မ်ိဳးေမာင္ေမာင္တို႔အား သူရဘြဲ႕ ေပးအပ္ေၾကာင္း ဒီဇင္ဘာလ ၂၂ ရက္ေန႔တြင္ စစ္ေခါင္းေဆာင္က ေၾကညာခဲ့သည္

ထိုသို႔ ေၾကညာၿပီးေနာက္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ အခမ္းအနား၌ ၎တို႔ ၅ ဦး အပါအဝင္ စစ္အာဏာရွင္ေဟာင္း ဦးေနဝင္း၏ သမီး၊ ဝန္ႀကီးခ်ဳပ္ ဦးႏု၊ သမၼတ ဦးစန္းယု၊ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္တို႔၏ မိသားစုမ်ားႏွင့္အတူ ဆုတံဆိပ္မ်ား ေပးခဲ့သည္

TNLA နယ္ေျမအတြင္း ေလေၾကာင္းခ်ီတိုက္ခိုက္မႈလုပ္ခဲ့သည့္ စစ္ဆင္ေရးသည္ မလုပ္ေဆာင္သင့္သည့္ စစ္ဆင္ေရးျဖစ္ၿပီး တပ္မ်ား ျပန္လည္ ဆုတ္ခြာလာႏိုင္ေသာေၾကာင့္ ႏွစ္သိမ့္သည့္သေဘာသာ ျဖစ္ေၾကာင္း စစ္တပ္တြင္း ၁၅ ႏွစ္တာ တာဝန္ထမ္းေဆာင္ခဲ့သည့္ CDM ဗိုလ္ႀကီးထက္ျမက္က ေျပာသည္

၎က “ကံေကာင္းလို လုပ္ႏိုင္ခဲ့တယ္ ဒီဘက္က်ေတာ့ ဘြဲ႕ေတြနဲ႔ ႏွစ္သိမ့္တယ္ေပါ့ က်ေနာ္က်ေတာ့ ကိုယ့္တပ္ဖြဲ႕ကို ႐ြပ္႐ြပ္ခြၽံခြၽံနဲ႔ ကိုယ့္အသက္ကို ပဓာနမထားဘဲ တိုက္ခိုက္တယ္လို မျမင္ဘူး လုံးဝကို မျဖစ္မေန လုပ္ရမွာမို႔ ေသခ်င္ေသပါေစကြာဆိုၿပီး ဘုရင့္ေနာက္ေဖာင္ဖ်က္ ပုံစံမ်ိဳးလို႔ပဲ ျမင္တယ္” ဟု မွတ္ခ်က္ျပဳသည္

ထိုသို႔ စစ္ဘက္ဆိုင္ရာ ဘြဲ႕တံဆိပ္ သိုမဟုတ္ သူရဲေကာင္းမွတ္တမ္းဝင္မ်ား ရရွိမႈတြင္ တိုက္ပြဲအတြင္း တိုက္ခိုက္စြမ္းရည္ေၾကာင့္ ေပးအပ္ခံရသူမ်ား ရွိသလို ဆုတံဆိပ္မ်ား ရရွိရန္ တင္ျပရာတြင္ အေရးအသားေကာင္းေသာေၾကာင့္ ေပးအပ္ခံရသူမ်ားလည္း ရွိေၾကာင္း၊ ယင္းသို႔ ဘြဲတံဆိပ္မ်ား ေပးအပ္ျခင္းမွာ စစ္သည္မ်ားအား ေျမႇာက္ေပးသည့္သေဘာသာျဖစ္ေၾကာင္းလည္း CDM ဗိုလ္ႀကီး ထက္ျမက္က ဆိုသည္

ယခု စစ္ေခါင္းေဆာင္ေပးသည့္ သီဟသူရဘြဲ႕သည္ ေအာင္ဆန္းသူရိယဘြဲ႕ၿပီးလွ်င္ စစ္တပ္အတြင္း ဒုတိယ အျမင့္ဆုံးဘြဲ႕ျဖစ္ၿပီး ဗိုလ္ႀကီးအဆင့္မွ ဗိုလ္မႉးအဆင့္သို႔ ရာထူးပါ တိုးျမႇင့္ေပးခဲ့ျခင္း ျဖစ္သည္

ယင္းသို႔ စစ္ေခါင္းေဆာင္က ဆုေပးမႈႏွင့္ ပတ္သက္ၿပီး စစ္တပ္ေလာ္ဘီ တယ္လီဂရမ္ခ်န္နယ္မ်ားတြင္ ေျမျပင္တပ္မ်ားႏွင့္ အဆက္အသြယ္ ျပတ္ေတာက္ၿပီး စုရပ္ေနရာသို႔ ျပန္လာႏိုင္ခဲ့ေသာေၾကာင့္ ဟုဆိုကာ ဗိုလ္မႉး စိုးသူရႏွင့္အဖြဲ႕အား သီဟသူရဘြဲ႕ႏွင့္ သူရဘြဲ႕မ်ား ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ဝါဒျဖန႔္ထားသည္

ရွမ္းျပည္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္၊ ကုန္းသာ႐ြာကို ၆ ရက္ၾကာ စစ္ဆင္ေရးတြင္ စစ္ေကာင္စီတပ္မ်ား ျဖစ္သည့္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (မပခ) လက္ေအာက္ခံ မိုးမိတ္အေျခခ်ဗ်ဴဟာက ဦးစီးၿပီး မိုးမိတ္အေျခစိုက္ ေျခလ်င္တပ္ရင္း ခလရ ၂၇၆၊ မံစီအေျခစိုက္ ေျချမန္တပ္ရင္း ခမရ ၃၁၉ ဗန္းေမာ္အေျခစိုက္ ေျခလ်င္တပ္ရင္း ခလရ ၁၂၁ တို႔က စစ္ဆင္တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္

တပ္ရင္း ၃ ခု၊ ရဟတ္ယာဥ္ ၁၀ စီးခန႔္ျဖင့္ အျပင္းအထန္တိုက္ခိုက္မႈတြင္ စစ္ေကာင္စီတပ္မ်ားဘက္မွ အေသအေပ်ာက္မ်ားခဲ့ၿပီး အရွင္ဖမ္းမိသူမ်ား ရွိခဲ့သည္

စစ္ေကာင္စီတပ္မ်ားသည္ ေျမျပင္ႏွင့္ အဆက္အသြယ္မ်ား ျပတ္ေတာက္ၿပီး တိုက္ပြဲတြင္ မရႈမလွ ေသဆုံးခဲ့ၾကေသာ္လည္း စစ္ေကာင္စီဝါဒျဖန႔္ မီဒီယာမ်ား၌ လက္နက္မ်ား ရွိသည္ဟု သတင္းအရ ဝင္ေရာက္ စီးနင္းျခင္းျဖစ္ကာ လက္နက္အမ်ားအျပားကို သိမ္းမိေၾကာင္း လိမ္ညာသတင္းထုတ္ျပန္ခဲ့သည္

တိုက္ပြဲအတြင္း ၎တို႔ဘက္မွ အေသအဆုံး ရွိသည္ဟု ရွားရွားပါးပါး ထည့္သြင္းသတင္းထုတ္ျပန္ခဲ့ေသာ္လည္း အေရအတြက္ကိုမူ ထည့္သြင္းေဖာ္ျပျခင္း မရွိခဲ့ပါ

TachileikNewsAgency

ကုန်းသာတိုက်ပွဲမှ မသေဘဲပြန်ထွက်လာနိုင်သူများကို စစ်ခေါင်းဆောင် ဆုပေးနှစ်သိမ့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတိုက်ပွဲအတွင်း အသက်မသေဘဲ ပြန်ထွက်လာသည့်အဖွဲ့ကို အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်မှုမှာ နှစ်သိမ့်သည့် သဘောသာဖြစ်ကြောင်း CDM စစ်သည်များက ဆိုသည်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်၏ လေကြောင်းချီ တိုက်ခိုက်မှုကြောင့် TNLA နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများကြားမှ မသေဘဲ ပြန်ထွက်လာနိုင်သည့်အဖွဲ့အား စစ်ခေါင်းဆောင်က ထိုသို ပေးအပ်ခြင်း ဖြစ်သည်

အဆိုပါ လေကြောင်းချီ တိုက်ခိုက်မှုတွင် ပါဝင်သည့် ကချင်ပြည်နယ်၊ မံစီမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၃၁၉ )မှ ဗိုလ်ကြီး စိုးသူရဆိုသူကို သီဟသူရဘွဲ့၊ ဗိုလ်ကြီး ထက်မြတ်အောင်၊ ဒုတပ်ကြပ် ဝေလင်းအောင်၊ တပ်သား ချစ်သက်ထွေးနှင့် မျိုးမောင်မောင်တို့အား သူရဘွဲ့ ပေးအပ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ခေါင်းဆောင်က ကြေညာခဲ့သည်

ထိုသို့ ကြေညာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနား၌ ၎င်းတို့ ၅ ဦး အပါအဝင် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ သမီး၊ ဝန်ကြီးချုပ် ဦးနု၊ သမ္မတ ဦးစန်းယု၊ ဗိုလ်ချုပ်ကြီးစောမောင်တို့၏ မိသားစုများနှင့်အတူ ဆုတံဆိပ်များ ပေးခဲ့သည်

TNLA နယ်မြေအတွင်း လေကြောင်းချီတိုက်ခိုက်မှုလုပ်ခဲ့သည့် စစ်ဆင်ရေးသည် မလုပ်ဆောင်သင့်သည့် စစ်ဆင်ရေးဖြစ်ပြီး တပ်များ ပြန်လည် ဆုတ်ခွာလာနိုင်သောကြောင့် နှစ်သိမ့်သည့်သဘောသာ ဖြစ်ကြောင်း စစ်တပ်တွင်း ၁၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည့် CDM ဗိုလ်ကြီးထက်မြက်က ပြောသည်

၎င်းက “ကံကောင်းလို လုပ်နိုင်ခဲ့တယ် ဒီဘက်ကျတော့ ဘွဲ့တွေနဲ့ နှစ်သိမ့်တယ်ပေါ့ ကျနော်ကျတော့ ကိုယ့်တပ်ဖွဲ့ကို ရွပ်ရွပ်ချွံချွံနဲ့ ကိုယ့်အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်တယ်လို မမြင်ဘူး လုံးဝကို မဖြစ်မနေ လုပ်ရမှာမို့ သေချင်သေပါစေကွာဆိုပြီး ဘုရင့်နောက်ဖောင်ဖျက် ပုံစံမျိုးလို့ပဲ မြင်တယ်” ဟု မှတ်ချက်ပြုသည်

ထိုသို့ စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ် သိုမဟုတ် သူရဲကောင်းမှတ်တမ်းဝင်များ ရရှိမှုတွင် တိုက်ပွဲအတွင်း တိုက်ခိုက်စွမ်းရည်ကြောင့် ပေးအပ်ခံရသူများ ရှိသလို ဆုတံဆိပ်များ ရရှိရန် တင်ပြရာတွင် အရေးအသားကောင်းသောကြောင့် ပေးအပ်ခံရသူများလည်း ရှိကြောင်း၊ ယင်းသို့ ဘွဲတံဆိပ်များ ပေးအပ်ခြင်းမှာ စစ်သည်များအား မြှောက်ပေးသည့်သဘောသာဖြစ်ကြောင်းလည်း CDM ဗိုလ်ကြီး ထက်မြက်က ဆိုသည်

ယခု စစ်ခေါင်းဆောင်ပေးသည့် သီဟသူရဘွဲ့သည် အောင်ဆန်းသူရိယဘွဲ့ပြီးလျှင် စစ်တပ်အတွင်း ဒုတိယ အမြင့်ဆုံးဘွဲ့ဖြစ်ပြီး ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအဆင့်သို့ ရာထူးပါ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စစ်ခေါင်းဆောင်က ဆုပေးမှုနှင့် ပတ်သက်ပြီး စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် မြေပြင်တပ်များနှင့် အဆက်အသွယ် ပြတ်တောက်ပြီး စုရပ်နေရာသို့ ပြန်လာနိုင်ခဲ့သောကြောင့် ဟုဆိုကာ ဗိုလ်မှူး စိုးသူရနှင့်အဖွဲ့အား သီဟသူရဘွဲ့နှင့် သူရဘွဲ့များ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဝါဒဖြန့်ထားသည်

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာကို ၆ ရက်ကြာ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်များ ဖြစ်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ မိုးမိတ်အခြေချဗျူဟာက ဦးစီးပြီး မိုးမိတ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၆၊ မံစီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၁၉ ဗန်းမော်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၂၁ တို့က စစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်

တပ်ရင်း ၃ ခု၊ ရဟတ်ယာဉ် ၁၀ စီးခန့်ဖြင့် အပြင်းအထန်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များဘက်မှ အသေအပျောက်များခဲ့ပြီး အရှင်ဖမ်းမိသူများ ရှိခဲ့သည်

စစ်ကောင်စီတပ်များသည် မြေပြင်နှင့် အဆက်အသွယ်များ ပြတ်တောက်ပြီး တိုက်ပွဲတွင် မရှုမလှ သေဆုံးခဲ့ကြသော်လည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများ၌ လက်နက်များ ရှိသည်ဟု သတင်းအရ ဝင်ရောက် စီးနင်းခြင်းဖြစ်ကာ လက်နက်အများအပြားကို သိမ်းမိကြောင်း လိမ်ညာသတင်းထုတ်ပြန်ခဲ့သည်

တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ အသေအဆုံး ရှိသည်ဟု ရှားရှားပါးပါး ထည့်သွင်းသတင်းထုတ်ပြန်ခဲ့သော်လည်း အရေအတွက်ကိုမူ ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပါ

TachileikNewsAgency

 

Leave a Reply

Your email address will not be published. Required fields are marked *