ဘုရားသုံးဆူက BGFစခန္းသိမ္းတိုက္ပြဲ ၄ရက္ေျမာက္ေန႔ တိုက္ပြဲျပင္းထန္ေန၊ KNLA ၊ KTLAပူးေပါင္းတပ္ဖြဲ႕ေတြ BGFစခန္း ၂ခုကို ဆက္လက္သိမ္းပိုက္ထားဆဲဟုဆို (ဗီဒီယို)
Connect Burma | ဇန္နဝါရီ ၃
ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ ဘုရားသုံးဆူေဒသ၊ေတာင္စြန္းေက်း႐ြာက အာဏာသိမ္းစစ္ေကာင္စီတပ္ လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ (BGF)စခန္းကုန္း ၃ခုကို ကရင္အမ်ိဳသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)ပူးေပါင္းတပ္ဖြဲ႕နဲ႔ ေကာ္သူးေလတပ္မေတာ္ (KTlA)တို႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃၁ရက္ေန႔က စတင္လို႔ စခန္းသိမ္းတိုက္ပြဲဆင္ႏႊဲေနရာမွာ ဒီကေန႔ (ဇန္နဝါရီလ ၃ရက္)အထိ တိုက္ပြဲေတြ အျပင္းအထန္ဆက္လက္ျဖစ္ပြားေနတယ္လို႔ KTLAထံက သိရွိရပါတယ္
ဒီကေန႔အခ်ိန္အထိ နယ္ျခားေစာင့္တပ္ (BGF)ရဲ႕ စခန္းကုန္း ၂ခုကို KTLA၊ KNLA ပူးေပါင္းတပ္ဖြဲ႕ေတြ သိမ္းပိုက္ထားႏိုင္ဆဲျဖစ္ၿပီး တတိယေျမာက္ စခန္းကုန္းျဖစ္တဲ့ စစ္ေကာင္စီတပ္ ဗ်ဴဟာကုန္းကို ထပ္မံသိမ္းပိုက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ KTLAဘက္ကဆိုပါတယ္
တိုက္ပြဲေတြအတြင္း KTLA က ရဲေဘာ္၁ဦးနဲ႔ မဟာမိတ္ပူးေပါင္းအဖြဲ႕ေတြဘက္က ရဲေဘာ္ ၅ဦး စုစုေပါင္း ရဲေဘာ္ ၆ဦးက်ဆုံးထားၿပီး စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးမႈအေျခအေနေတြကို မသိရွိရေသးဘူးလို႔ KTLAက ထုတ္ျပန္ပါတယ္
အာဏာသိမ္းစစ္ေကာင္စီတပ္က ထိခိုက္မႈမ်ားခဲ့လို႔ ေလေၾကာင္းကေနပစ္ကူခဲ့ၿပီး ေလေၾကာင္းပစ္ခတ္တိုက္ခိုက္မႈ အႀကိမ္ ၂၀ေက်ာ္အထိရွိခဲ့တယ္လို႔လည္း ဆိုပါတယ္
လက္ရွိအခ်ိန္အထိ တိုက္ပြဲဆက္လက္ျဖစ္ပြားေနတယ္လို႔လည္း သိရွိရပါတယ္
ဗီဒီယို – KTLA
ဘုရားသုံးဆူက BGFစခန်းသိမ်းတိုက်ပွဲ ၄ရက်မြောက်နေ့ တိုက်ပွဲပြင်းထန်နေ၊ KNLA ၊ KTLAပူးပေါင်းတပ်ဖွဲ့တွေ BGFစခန်း ၂ခုကို ဆက်လက်သိမ်းပိုက်ထားဆဲဟုဆို (ဗီဒီယို)
Connect Burma | ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ဘုရားသုံးဆူဒေသ၊တောင်စွန်းကျေးရွာက အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)စခန်းကုန်း ၃ခုကို ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့နဲ့ ကော်သူးလေတပ်မတော် (KTlA)တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ရက်နေ့က စတင်လို့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေရာမှာ ဒီကနေ့ (ဇန်နဝါရီလ ၃ရက်)အထိ တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေတယ်လို့ KTLAထံက သိရှိရပါတယ်
ဒီကနေ့အချိန်အထိ နယ်ခြားစောင့်တပ် (BGF)ရဲ့ စခန်းကုန်း ၂ခုကို KTLA၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပြီး တတိယမြောက် စခန်းကုန်းဖြစ်တဲ့ စစ်ကောင်စီတပ် ဗျူဟာကုန်းကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ KTLAဘက်ကဆိုပါတယ်
တိုက်ပွဲတွေအတွင်း KTLA က ရဲဘော်၁ဦးနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် ၅ဦး စုစုပေါင်း ရဲဘော် ၆ဦးကျဆုံးထားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရှိရသေးဘူးလို့ KTLAက ထုတ်ပြန်ပါတယ်
အာဏာသိမ်းစစ်ကောင်စီတပ်က ထိခိုက်မှုများခဲ့လို့ လေကြောင်းကနေပစ်ကူခဲ့ပြီး လေကြောင်းပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၂၀ကျော်အထိရှိခဲ့တယ်လို့လည်း ဆိုပါတယ်
လက်ရှိအချိန်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရှိရပါတယ်
ဗီဒီယို – KTLA