ပစ္ခတ္ခံရၿပီး ေသဆုံးသြားေသာ လႈိင္သာယာ ရပ္ကြက္ ၂၀ အုပ္ႀကီးေနရာတြင္ စစ္မႈထမ္းေဟာင္း သန႔္ဇင္ ယာယီ အုပ္ခ်ဳပ္ေရးမႉးျဖစ္လာ၊ အုပ္ခ်ဳပ္ေရးမႉးမွန္သမွ် လက္ဖက္ရည္ဆိုင္မထိုင္ရ၊ တစ္ဦးတည္း မသြားလာရဟု စစ္တပ္က အမိန႔္ထုတ္

ရန္ကုန္၊ ဒီဇင္ဘာ ၃

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ရဲထြန္းဦး ပစ္ခတ္ခံရၿပီး ေသဆုံး သြားၿပီးေနာက္ စစ္မႈထမ္းေဟာင္း သန႔္ဇင္ကို ယာယီခန႔္အပ္လိုက္ေၾကာင္း ေဒသျပည္သူမ်ားထံမွ သိရွိရသည္

ဇန္နဝါရီလ ၁ ရက္ေန႔ မြန္းလြဲ ၂ နာရီ အုပ္ခ်ဳပ္ေရးမႉး ရဲထြန္းဦးသည္ လက္ဖက္ရည္ဆိုင္ ထိုင္ေနစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ၊ ယေန႔ ဇန္နဝါရီလ ၃ ရက္ေန႔တြင္ သၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရွိရသည္

“ရဲထြန္းဦး ေသၿပီး ယာယီအုပ္ခ်ဴပ္ေရးမူးက အပိုင္း ၃က သန႔္ဇင္ လုပ္ေနတယ္။ သူလည္းနာမည္ဆိုးနဲ႔ ေက်ာ္ ၾကား သူပဲ။ သူကစစ္မူထမ္းေဟာင္းကပါ

သူက ၁၈ရပ္ကြက္ မွာ ေန႔တိုင္းလိုလို ဖဲကစားတယ္။ စစ္တပ္ကအရာရွိေတြအုပ္ခ်ဳပ္ေရးမႉးေတြရယ္၊နယ္ထိန္းရဲေတြနဲ႔ကစားၾကတာ။ ယာယီအုပ္ခ်ဳပ္ ေရးမႉးအျဖစ္ သူ႔ကို စစ္တပ္ ဗ်ဴဟာမူးကလုပ္ခိုင္းတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာသည္

လက္ရွိ ရန္ကုန္တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအေနျဖင့္ လက္ဖက္ရည္ဆိုင္ မထိုင္ရန္၊ တစ္ဦးတည္းသြားလာျခင္း မလုပ္ရန္ႏွင့္ လုံၿခဳံေရးအတြက္ အထူးလွ်ိဳ႕ဝွက္စြာ ေနထိုင္ၾကရန္ စစ္ေကာင္စီဘက္က ႏႈတ္မိန႔္ျဖင့္ ၫႊန္ၾကား ခ်က္ ထုတ္ျပန္ထားေၾကာင္း သိရွိသည္

“ရပ္ကြက္လူႀကီးေတြ အျပင္သြားရင္ တစ္ဦးတည္းမသြားရဘူး။ လက္ဖက္ရည္ဆိုင္ မထိုင္ရဘူး ျဖစ္ႏိုင္ရင္ ေ႐ႊ႕ေျပာင္းအိပ္ခိုင္းတယ္

ရဲစခန္းနဲ႔ စစ္တပ္တပ္စြဲေနရာေတြမွာ လိုအပ္ရင္ လာအိပ္လို႔ရတယ္ဆိုၿပီး ႏႈတ္မိန႔္နဲ႔ ၫႊန္ၾကားခ်က္ေတြ ေပးေနပါတယ္” ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာဆိုသည္

ပစ်ခတ်ခံရပြီး သေဆုံးသွားသော လှိုင်သာယာ ရပ်ကွက် ၂၀ အုပ်ကြီးနေရာတွင် စစ်မှုထမ်းဟောင်း သန့်ဇင် ယာယီ အုပ်ချုပ်ရေးမှူးဖြစ်လာ၊ အုပ်ချုပ်ရေးမှူးမှန်သမျှ လက်ဖက်ရည်ဆိုင်မထိုင်ရ၊ တစ်ဦးတည်း မသွားလာရဟု စစ်တပ်က အမိန့်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံး သွားပြီးနောက် စစ်မှုထမ်းဟောင်း သန့်ဇင်ကို ယာယီခန့်အပ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အုပ်ချုပ်ရေးမှူး ရဲထွန်းဦးသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၊ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်

“ရဲထွန်းဦး သေပြီး ယာယီအုပ်ချူပ်ရေးမူးက အပိုင်း ၃က သန့်ဇင် လုပ်နေတယ်။ သူလည်းနာမည်ဆိုးနဲ့ ကျော် ကြား သူပဲ။ သူကစစ်မူထမ်းဟောင်းကပါ

သူက ၁၈ရပ်ကွက် မှာ နေ့တိုင်းလိုလို ဖဲကစားတယ်။ စစ်တပ်ကအရာရှိတွေအုပ်ချုပ်ရေးမှူးတွေရယ်၊နယ်ထိန်းရဲတွေနဲ့ကစားကြတာ။ ယာယီအုပ်ချုပ် ရေးမှူးအဖြစ် သူ့ကို စစ်တပ် ဗျူဟာမူးကလုပ်ခိုင်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်

လက်ရှိ ရန်ကုန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် လက်ဖက်ရည်ဆိုင် မထိုင်ရန်၊ တစ်ဦးတည်းသွားလာခြင်း မလုပ်ရန်နှင့် လုံခြုံရေးအတွက် အထူးလျှို့ဝှက်စွာ နေထိုင်ကြရန် စစ်ကောင်စီဘက်က နှုတ်မိန့်ဖြင့် ညွှန်ကြား ချက် ထုတ်ပြန်ထားကြောင်း သိရှိသည်

“ရပ်ကွက်လူကြီးတွေ အပြင်သွားရင် တစ်ဦးတည်းမသွားရဘူး။ လက်ဖက်ရည်ဆိုင် မထိုင်ရဘူး ဖြစ်နိုင်ရင် ရွှေ့ပြောင်းအိပ်ခိုင်းတယ်

ရဲစခန်းနဲ့ စစ်တပ်တပ်စွဲနေရာတွေမှာ လိုအပ်ရင် လာအိပ်လို့ရတယ်ဆိုပြီး နှုတ်မိန့်နဲ့ ညွှန်ကြားချက်တွေ ပေးနေပါတယ်” ဟု စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်

 

Leave a Reply

Your email address will not be published. Required fields are marked *