စစ္အာဏာသိမ္းၿပီးေနာက္ ထိန္းမႏိုင္ သိမ္းမရ ျဖစ္လာတဲ့ သမၼတ႐ူး မင္းေအာင္လႈိင္ သမၼတျဖစ္ေရး အိပ္မက္

By ရန္ကုန္ေခတ္သစ္

-မလုပ္ရဲတာ ဘာမွ မရွိဘူးဆိုတဲ့ မင္းေအာင္လႈိင္ဟာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္အာဏာသိမ္းယူခဲ့ပါတယ္

မဲစာရင္းမွားယြင္းမႈကို အေၾကာင္းျပ အာဏာသိမ္းခဲ့ေပမယ့္ သမၼတလုပ္ခ်င္တဲ့ ေရာဂါေၾကာင့္ စစ္အာဏာသိမ္းခဲ့တယ္လို႔ စစ္ဘက္ သတင္းရင္းျမစ္ေတြက အာဏာသိမ္းခ်ိန္မွာ ေျပာဆိုခဲ့ၾကပါတယ္

-အခုေတာ့ အဲဒီေျပာဆိုခ်က္ေတြဟာ မွန္ကန္လာၿပီး ၂၀၂၃ ခုႏွစ္ ဇန္နဝါရီ ၁ ရက္ေန႔မွာ သမၼတ အေဆာင္ အေယာင္ ေ႐ႊစလြယ္ကို ဝတ္ဆင္ၿပီး ဂုဏ္ထူးေဆာင္ဘြဲ႕ ၊ တံဆိပ္ေတြ ခ်ီးျမႇင့္ခဲ့ပါတယ္

-၂၀၀၈ အေျခခံဥပေဒအရ ယာယီသမၼတ ျမင့္ေဆြရွိေနတာမို႔ မင္းေအာင္လႈိင္အေနနဲ႔ သမၼတအေဆာင္အေယာင္ နဲ႔ လုပ္ပိုင္ခြင့္ေတြကို ယူငင္ သုံးစြဲလို႔မရပါဘူး

– သူက အိမ္ေစာင့္အစိုးရ ဝန္ႀကီးခ်ဳပ္သာျဖစ္ၿပီး ႏိုင္ငံတည္ၿငိမ္ေရးကိုပဲ အဓိက လုပ္ရမယ္ဆိုတာ အေျခခံဥပေဒမွာ ျပ႒ာန္းထားတာလည္းျဖစ္ပါတယ္

-၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း ၅ အုပ္ခ်ဳပ္ေရး၊ ပုဒ္မ ၂၀၅ (က) (ခ) မွာ ႏိုင္ငံေတာ္သမၼတက ဥပေဒႏွင့္ အညီ ဂုဏ္ထူးေဆာင္ဘြဲ႕၊ ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္ေတြ ခ်ီးျမႇင့္ အပ္ႏွင္းျခင္းျပဳ ႏိုင္ၿပီး ႐ုပ္သိမ္းျခင္း ျပဳႏိုင္ တယ္လို႔ ျပ႒ာန္းထားပါတယ္

အဲဒီျပ႒ာန္းခ်က္အရ ယာယီသမၼတျမင့္ေဆြကသာ သမၼတလုပ္ပိုင္ခြင့္ကို သုံးစြဲႏိုင္တာျဖစ္ၿပီး မင္းေအာင္လႈိင္က သမၼတလုပ္ပိုင္ခြင့္နဲ႔အေဆာင္အေယာင္ရယူတာဟာ ဥပေဒကို ေပၚေပၚတင္ခ်ိဳးေဖာက္တာျဖစ္ပါတယ္

-တစ္နည္းအားျဖင့္ မင္းေအာင္လႈိင္ သမၼတ႐ူး ႐ူးေနတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ပိုမိုခိုင္မာလာေအာင္ သက္ေသျပေနတာပါ

-၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ စိန္ရတု ျပည္ေထာင္စုေန႔မွာ မင္းေအာင္လႈိင္ဟာ သမၼတ တစ္ဦးလို ဗိုလ္ရႈခံပြဲနဲ႔ အေလးျပဳခံခဲ့ၿပီး လာမယ့္ ဇန္နဝါရီလ ၄ ရက္ေန႔မွာလည္း ဗိုလ္ရႈခံနဲ႔ အေလးျပဳခံပါဦးမယ္

– အာဏာသိမ္းၿပီး ၂ ႏွစ္အၾကာမွာ သမၼတလုပ္ခ်င္လို႔ တိုင္းျပည္ကို ဖ်က္ဆီးခ်နင္းၿပီး မင္းေအာင္လႈိင္ အာဏာသိမ္းခဲ့တယ္ဆိုတာ သူ႔လုပ္ရပ္ေတြက အခိုင္အမာ သက္ေသျပလာၿပီျဖစ္ပါတယ္

စစ်အာဏာသိမ်းပြီးနောက် ထိန်းမနိုင် သိမ်းမရ ဖြစ်လာတဲ့ သမ္မတရူး မင်းအောင်လှိုင် သမ္မတဖြစ်ရေး အိပ်မက်

By ရန်ကုန်ခေတ်သစ်

-မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းယူခဲ့ပါတယ်

မဲစာရင်းမှားယွင်းမှုကို အကြောင်းပြ အာဏာသိမ်းခဲ့ပေမယ့် သမ္မတလုပ်ချင်တဲ့ ရောဂါကြောင့် စစ်အာဏာသိမ်းခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက အာဏာသိမ်းချိန်မှာ ပြောဆိုခဲ့ကြပါတယ်

-အခုတော့ အဲဒီပြောဆိုချက်တွေဟာ မှန်ကန်လာပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ သမ္မတ အဆောင် အယောင် ရွှေစလွယ်ကို ဝတ်ဆင်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ၊ တံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်

-၂၀၀၈ အခြေခံဥပဒေအရ ယာယီသမ္မတ မြင့်ဆွေရှိနေတာမို့ မင်းအောင်လှိုင်အနေနဲ့ သမ္မတအဆောင်အယောင် နဲ့ လုပ်ပိုင်ခွင့်တွေကို ယူငင် သုံးစွဲလို့မရပါဘူး

– သူက အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်သာဖြစ်ပြီး နိုင်ငံတည်ငြိမ်ရေးကိုပဲ အဓိက လုပ်ရမယ်ဆိုတာ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာလည်းဖြစ်ပါတယ်

-၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေး၊ ပုဒ်မ ၂၀၅ (က) (ခ) မှာ နိုင်ငံတော်သမ္မတက ဥပဒေနှင့် အညီ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့် အပ်နှင်းခြင်းပြု နိုင်ပြီး ရုပ်သိမ်းခြင်း ပြုနိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်

အဲဒီပြဋ္ဌာန်းချက်အရ ယာယီသမ္မတမြင့်ဆွေကသာ သမ္မတလုပ်ပိုင်ခွင့်ကို သုံးစွဲနိုင်တာဖြစ်ပြီး မင်းအောင်လှိုင်က သမ္မတလုပ်ပိုင်ခွင့်နဲ့အဆောင်အယောင်ရယူတာဟာ ဥပဒေကို ပေါ်ပေါ်တင်ချိုးဖောက်တာဖြစ်ပါတယ်

-တစ်နည်းအားဖြင့် မင်းအောင်လှိုင် သမ္မတရူး ရူးနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပိုမိုခိုင်မာလာအောင် သက်သေပြနေတာပါ

-၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စိန်ရတု ပြည်ထောင်စုနေ့မှာ မင်းအောင်လှိုင်ဟာ သမ္မတ တစ်ဦးလို ဗိုလ်ရှုခံပွဲနဲ့ အလေးပြုခံခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း ဗိုလ်ရှုခံနဲ့ အလေးပြုခံပါဦးမယ်

– အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ သမ္မတလုပ်ချင်လို့ တိုင်းပြည်ကို ဖျက်ဆီးချနင်းပြီး မင်းအောင်လှိုင် အာဏာသိမ်းခဲ့တယ်ဆိုတာ သူ့လုပ်ရပ်တွေက အခိုင်အမာ သက်သေပြလာပြီဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *