အေကာင္.ႀကီး အမွီး ရွည္ ေတြပါလာပီ

ျမင္းၿခံ ေလးအိမ္တန္း႐ြာက စစ္အုပ္စုကို စီးနင္းတိုက္ခိုက္ရာ သုံးပြင့္ဗိုလ္ အပါအဝင္ စကစ ကိုးေယာက္ေသ၊

ျပည္သူ႔ရဲေဘာ္ တစ္ဦး က်ဆုံးကာ တစ္ဦး ဒဏ္ရာရ၊

MFP ၊ ဇႏၷဝါရီ – ၂

မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္၊ ေလးအိမ္တန္း႐ြာထဲ စီးနင္းအထိုင္ခ်ေနတဲ့ စစ္အုပ္စုကို ယမန္ေန႔က ေဒသကာကြယ္ေရး တပ္ေတြ စုေပါင္းၿပီး အလစ္အငိုက္ စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ သုံးပြင့္ဗိုလ္ႀကီး အပါအဝင္ စစ္ေကာင္စီ သာခံ လက္နက္ကိုင္ ကိုးေယာက္ ေသတယ္လို႔ ျမင္းၿခံခ႐ိုင္ တပ္ရင္း(၅)- MG-6 ေျပာက္က်ားတပ္ (ျမင္းၿခံ)က သတင္း ထုတ္ျပန္ပါတယ္

ဒီဇင္ဘာ(၃၁)ရက္ မနက္ပိုင္းက ျမင္းၿခံၿမိဳ႕နယ္၊ ေလးအိမ္တန္းေက်း႐ြာ စစ္အုပ္စု စခန္းကို MG-6 ေျပာက္က်ားတပ္(ျမင္းၿခံ)က ဦးေဆာင္ၿပီး KUG တပ္ရင္း GYZ၊ YSO NO -1 ေျပာက္က်ားတပ္၊ ဘီလုံးေျပာက္က်ားတပ္၊ YLK NEW POWER LPDF တို႔ ပူးေပါင္းၿပီး စီးနင္း ဝင္ေရာက္ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္

“စခ စခန္းအား ဝင္ေရာက္ သိမ္းပိုက္ခဲ့ရာ စခ၊ရခမ်ား ဘက္မွ သုံးပြင့္ဗိုလ္ႀကီး အပါအဝင္ ကိုးဦး ေသဆုံးခဲ့သည္။ စခန္းအား ေအာင္ျမင္စြာ စီးနင္းႏိုင္ခဲ့ေသာ္လည္း စခ အႂကြင္းအက်န္ တစ္ေကာင္၏ ၿခဳံခို တိုက္ခိုက္မႈ႕ေၾကာင့္ မိမိတို႔ ျပည္သူ႔ကာကြယ္ေရး ရဲးေဘာ္ တစ္ဦး အသက္မစိုးရိမ္ရ ဒဏ္ရာရရွိခဲ့ၿပီး က်န္ရဲေဘာ္ တစ္ဦးမွာ ရဲဝံ့စြာျဖင့္ အသက္ခႏၶာ က်ဆုံးခဲ့ရသည္” လို႔ MG-6 ေျပာက္က်ားတပ္ (ျမင္းၿခံ)က ေဖာ္ျပပါတယ္

ေလးအိမ္တန္း႐ြာမွာ တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္အုပ္စုက ေလးအိမ္တန္း႐ြာ ေ႐ႊေညာင္ပင္ေက်ာင္းတိုက္က ရဟန္းသံဃာ ေလးပါးႏွင့္ ေက်ာင္းတိုက္မွာေနတဲ့ မိသားစုတစ္စုအား ဥပေဒမဲ့ ဖမ္းဆီးခဲ့သလို အနီးဝန္းက်င္ ေက်း႐ြာေတြကို စီးနင္းဝင္ေမႊ ေသာင္းက်န္းတာ၊

ေဒသခံေတြကို ႐ြာျပင္ထြက္ခြင့္မေပးဘဲ ပိတ္ဆို႔စစ္ေဆး ေငြညႇစ္တာေတြ လုပ္ေဆာင္ခဲ့သလို တန္ေဆာင္း႐ြာကိုလည္း မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္

ဒါ့အျပင္ စစ္အုပ္စုက ျမင္းၿခံ၊ ဆီမီးခုံနယ္ထဲ အင္အားတိုးျမင့္ကာ ႐ြာစဥ္ပတ္ေမႊ လုယက္ေသာင္းက်န္း စစ္ေဆး ေငြညႇစ္တာေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမင္းၿခံခ႐ိုင္ထဲက ေက်း႐ြာအုပ္စုေတြ အားလုံးနီးပါးကို စစ္အုပ္စုက စီးနင္း အထိုင္ခ်ထားၿပီး တခ်ိဳ႕႐ြာေတြက ေဒသခံေတြကို ပ်ဴအျဖစ္ လက္သပ္ေအြးကာ ပ်ဴစခန္းေတြ ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္

အကောင်.ကြီး အမှီး ရှည် တွေပါလာပီ

မြင်းခြံ လေးအိမ်တန်းရွာက စစ်အုပ်စုကို စီးနင်းတိုက်ခိုက်ရာ သုံးပွင့်ဗိုလ် အပါအဝင် စကစ ကိုးယောက်သေ၊

ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရ၊

MFP ၊ ဇန္နဝါရီ – ၂

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ယမန်နေ့က ဒေသကာကွယ်ရေး တပ်တွေ စုပေါင်းပြီး အလစ်အငိုက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ သုံးပွင့်ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီ သာခံ လက်နက်ကိုင် ကိုးယောက် သေတယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၅)- MG-6 ပြောက်ကျားတပ် (မြင်းခြံ)က သတင်း ထုတ်ပြန်ပါတယ်

ဒီဇင်ဘာ(၃၁)ရက် မနက်ပိုင်းက မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ စစ်အုပ်စု စခန်းကို MG-6 ပြောက်ကျားတပ်(မြင်းခြံ)က ဦးဆောင်ပြီး KUG တပ်ရင်း GYZ၊ YSO NO -1 ပြောက်ကျားတပ်၊ ဘီလုံးပြောက်ကျားတပ်၊ YLK NEW POWER LPDF တို့ ပူးပေါင်းပြီး စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“စခ စခန်းအား ဝင်ရောက် သိမ်းပိုက်ခဲ့ရာ စခ၊ရခများ ဘက်မှ သုံးပွင့်ဗိုလ်ကြီး အပါအဝင် ကိုးဦး သေဆုံးခဲ့သည်။ စခန်းအား အောင်မြင်စွာ စီးနင်းနိုင်ခဲ့သော်လည်း စခ အကြွင်းအကျန် တစ်ကောင်၏ ခြုံခို တိုက်ခိုက်မှု့ကြောင့် မိမိတို့ ပြည်သူ့ကာကွယ်ရေး ရဲးဘော် တစ်ဦး အသက်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲဘော် တစ်ဦးမှာ ရဲဝံ့စွာဖြင့် အသက်ခန္ဓာ ကျဆုံးခဲ့ရသည်” လို့ MG-6 ပြောက်ကျားတပ် (မြင်းခြံ)က ဖော်ပြပါတယ်

လေးအိမ်တန်းရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက လေးအိမ်တန်းရွာ ရွှေညောင်ပင်ကျောင်းတိုက်က ရဟန်းသံဃာ လေးပါးနှင့် ကျောင်းတိုက်မှာနေတဲ့ မိသားစုတစ်စုအား ဥပဒေမဲ့ ဖမ်းဆီးခဲ့သလို အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းဝင်မွှေ သောင်းကျန်းတာ၊

ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့စစ်ဆေး ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့သလို တန်ဆောင်းရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

ဒါ့အပြင် စစ်အုပ်စုက မြင်းခြံ၊ ဆီမီးခုံနယ်ထဲ အင်အားတိုးမြင့်ကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း စစ်ဆေး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင်းခြံခရိုင်ထဲက ကျေးရွာအုပ်စုတွေ အားလုံးနီးပါးကို စစ်အုပ်စုက စီးနင်း အထိုင်ချထားပြီး တချို့ရွာတွေက ဒေသခံတွေကို ပျူအဖြစ် လက်သပ်အွေးကာ ပျူစခန်းတွေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *