ဘုရားသုံးဆူရွိ စစ္ေကာင္စီလက္ေအာက္ခံ BGF စခန္း ၂ ခုကို သိမ္းပိုက္ ထား ၿပီး စစ္တပ္ဘက္မွ ေသဆုံးမႈမ်ားျပား၊ တိုက္ေလယာဥ္ျဖင့္ ပစ္ခတ္ေနၿပီး မဟာမိတ္ပူးေပါင္းတပ္မ်ားဘက္မွ ေတာ္လွန္ေရးရဲေဘာ္ ၆ ဦးက်ဆုံး

ရန္ကုန္၊ ဇန္နဝါရီ ၂

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ ဘုရား သုံးဆူ ရွိ စစ္ေကာင္စီလက္ေအာက္ခံ BGF စခန္း ၂ ခုကို မဟာမိတ္ တပ္မ်ားက ယေန႔ နံနက္ပိုင္း တိုက္ခိုက္ သိမ္းပိုက္ထားၿပီး စစ္တပ္ဘက္မွ ေသဆုံးမႈ မ်ား ျပား ေၾကာင္း KTLA(Lion Battalion Commando-ဗ်ဴဟာစစ္ေၾကာင္း)ထံမွ သိရွိရ သည္

ဇန္နဝါရီလ ၂ ရက္ေန႔ နံနက္ ၃ နာရီအခ်ိန္ ဘုရားသုံးဆူလမ္းရွိ ေတာင္စြန္း BGF စခန္းကို KTLA(Lion Battalion Commando-ဗ်ဴဟာစစ္ေၾကာင္း)၊ KNLAႏွင့္ ပူး‌ေပါင္းအဖြဲ႕က ဝင္ေရာက္သိမ္းပိုက္လိုက္ေၾကာင္း၊

BGF စခန္း ၃ ခုထဲမွ ၂ ခုကို ေလာေလာဆယ္ သိမ္းဆည္းလိုက္ၿပီး စစ္ေကာင္စီ လက္ ေအာက္ ခံ တပ္ အထိအခိုက္အက်အဆုံးမ်ားေၾကာင္း၊ ယမန္ေန႔တိုက္ပြဲတြင္ Lion Battalion Commando ဗ်ဴဟာစစ္ေၾကာင္းမွ ရဲေဘာ္ေစာဘုန္းေအာင္ (ခ)အနဲ အပါအဝင္ မဟာမိတ္ ပူးေပါင္းအဖြဲ႕မွရဲေဘာ္ ၆ ဦးက်ဆုံးခဲ့ေၾကာင္း သိရွိရသည္

စစ္ေကာင္စီတပ္မ်ားက ေျမျပင္တြင္ အထိနာေနသျဖင့္ ေလေၾကာင္း ပစ္ကူျဖင့္ ဆက္တိုက္ပစ္ခတ္ေနသျဖင့္ ေဒသျပည္သူ ၄ ဦး ထိမွန္ထားေၾကာင္း၊

ကရင္ ျပည္ နယ္ ေကာ့ကရိတ္ၿမိဳ႕အနီးနားအပါအဝင္ ဘုရားသုံးဆူအထိ ေက်း႐ြာ မ်ားတြင္ စစ္ေကာင္စီတပ္ႏွင့္ KTLA(Lion Battalion Commando-ဗ်ဴဟာ စစ္ေၾကာင္း)၊KNLA ႏွင့္ ပူးေပါင္းမဟာမိတ္အဖြဲ႕မ်ားအ ၾကား ၂ ပတ္ ၾကာ တိုက္ ပြဲ ျပင္းထန္ေနတာေၾကာင့္ စစ္ေဘးေရွာင္ ၁၅၀၀ ေက်ာ္လည္းရွိေန ေၾကာင္း သိရွိရသည္

ရန္ကုန္ေခတ္သစ္က KTLA(Lion Battalion Commando-ဗ်ဴဟာစစ္ ေၾကာင္း) ကို ဆက္သြယ္ေမးျမန္းရာ လတ္တေလာ တိုက္ပြဲျဖစ္ပြားေနၿပီး တိုက္ပြဲ အတြင္းတြင္ ရွိေနေသးသျဖင့္ ေနာက္မွ ျပန္လည္ဆက္သြယ္မည္ဟု ေျပာဆိုသည္

ဘုရားသုံးဆူရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို သိမ်းပိုက် ထား ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်နေပြီး မဟာမိတ်ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ဘုရား သုံးဆူ ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို မဟာမိတ် တပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်ထားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များ ပြား ကြောင်း KTLA(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)ထံမှ သိရှိရ သည်

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၃ နာရီအချိန် ဘုရားသုံးဆူလမ်းရှိ တောင်စွန်း BGF စခန်းကို KTLA(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ KNLAနှင့် ပူး‌ပေါင်းအဖွဲ့က ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်း၊

BGF စခန်း ၃ ခုထဲမှ ၂ ခုကို လောလောဆယ် သိမ်းဆည်းလိုက်ပြီး စစ်ကောင်စီ လက် အောက် ခံ တပ် အထိအခိုက်အကျအဆုံးများကြောင်း၊ ယမန်နေ့တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ)အနဲ အပါအဝင် မဟာမိတ် ပူးပေါင်းအဖွဲ့မှရဲဘော် ၆ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်

စစ်ကောင်စီတပ်များက မြေပြင်တွင် အထိနာနေသဖြင့် လေကြောင်း ပစ်ကူဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသပြည်သူ ၄ ဦး ထိမှန်ထားကြောင်း၊

ကရင် ပြည် နယ် ကော့ကရိတ်မြို့အနီးနားအပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာ များတွင် စစ်ကောင်စီတပ်နှင့် KTLA(Lion Battalion Commando-ဗျူဟာ စစ်ကြောင်း)၊KNLA နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များအ ကြား ၂ ပတ် ကြာ တိုက် ပွဲ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၁၅၀၀ ကျော်လည်းရှိနေ ကြောင်း သိရှိရသည်

ရန်ကုန်ခေတ်သစ်က KTLA(Lion Battalion Commando-ဗျူဟာစစ် ကြောင်း) ကို ဆက်သွယ်မေးမြန်းရာ လတ်တလော တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲ အတွင်းတွင် ရှိနေသေးသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်မည်ဟု ပြောဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *