ဗိုလ္ရႈသဘင္တြင္ အာဏာသိမ္းေခါင္းေဆာင္ကို အေလးျပဳရန္ ေလ့က်င့္ရင္း Non-CDM ဝန္ထမ္းအခ်ိဳ႕ေသဆုံး

ရဲေခါင္/People’s Spring

၂၀၂၃ ခုႏွစ္ ၊ ဇန္နဝါရီလ ၄ ရက္ေန႔က်ေရာက္မည့္ စိန္ရတု လြတ္လပ္ေရးေန႔ ဗိုလ္ရႈသဘင္၌ အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ခ်ီတက္ အေလးျပဳရန္ေလ့ က်င့္ေနစဥ္ Non CDM ဝန္ထမ္းအခ်ိဳ႕ေသဆုံးမႈ ရွိေနေၾကာင္း ေနျပည္ေတာ္ဝန္ထမ္းအသိုင္း အဝိုင္းကလူထုေႏြဦးသတင္းဌာနသို႔ေျပာၾကားသည္

ေလ့က်င့္စဥ္ေသဆုံးခဲ့သည့္ ဌာနမ်ားမွာလွ်ပ္စစ္ႏွင့္စြမ္းအားဝန္ႀကီးဌာန (MOGE) ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန(RTAD) မွ ဝန္ထမ္း ႏွစ္ဦးျဖစ္သည္။သို႔ေသာ္အဆိုသတင္းကို သတင္းမပ်ံ႕ ေစရန္ ၿခိမ္းေျခာက္ထားေၾကာင္းလည္းသိရသည္။ ပူေလာင္လွေသာေနျပည္ေတာ္ ေန႔ခင္းအခ်ိန္မ်ားတြင္ပင္ ေလ့က်င့္ေနရသျဖင့္အဆိုပါ ဝန္ထမ္းႏွစ္ဦး အျပင္ ေသဆုံး ၊နာမက်န္းသူမ်ားရွိႏိုင္ေသးေၾကာင္းလည္း သတင္းရင္းျမစ္အခ်ိဳ႕ကေျပာသည္

“MOGE ကတစ္ေယာက္ကအသက္က ၃၀ ေက်ာ္ အမ်ိဳးသမီး အရာရွိ။ေနပူထဲ ေလ့က်င့္ေနရင္းနဲ႔ ဦးေႏွာက္ေသြးေၾကာျပတ္ၿပီး ေနရာမွာတင္ ေသတာ။သိပ္မၾကာေသးဘူး။အလြန္ဆုံးရွိ တစ္ပတ္ေလာက္ပဲ”ဟု အမည္မေဖာ္လိုသည့္ ေန ျပည္ေတာ္အေျခစိုက္ စစ္ေကာင္စီဝန္ထမ္းတစ္ဦးက ေျပာသည္။

အလားတူ RTAD မွ အမ်ိဳးသားဝန္ထမ္းတစ္ဦးမွာလည္း ေလထီးခုန္ေလ့က်င့္စဥ္ ေသဆုံးခဲ့ျခင္းဟုသိရသည္။”သူ႔ၾကေတာ့ ေလ့က်င္ေရးဆရာေတြမရွိခင္ကိုယ့္ဘာသာ ေျခေခ်ာ္လက္ေခ်ာ္ ျဖစ္လို႔ ေသ တယ္ဆိုၿပီး ဌာနတြင္းထဲမွာ သတင္းျဖန႔္တယ္ ဒါ ေပမယ့္ အမွန္တကယ္က ပင္ပန္းၿပီးျဖစ္တာ”ဟု ေနျပည္ေတာ္မွသီးျခားသတင္းရင္းျမစ္ကရွင္းျပသည္

အာဏာသိမ္းစစ္ေခါင္းေဆာင္သည္ လာမည့္ဇန္နဝါရီလ ၄ ရက္ေန႔ ၇၅ ႏွစ္ေျမာက္ စိန္ရတု လြတ္လပ္ေရးေန႔ ဗိုလ္ရႈသဘင္တြင္ ခ်ီတက္ အေလးျပဳခံမည္ျဖစ္ၿပီး ေနျပည္ေတာ္ အပါအဝင္ အျမန္လမ္းတစ္ ေလွ်ာက္ လုံၿခဳံေရးအမ်ားအျပား ခ်ထားေၾကာင္းလည္းမ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာသည္

ထို႔အျပင္စစ္ေကာင္စီက အရပ္သားျပည္သူမ်ားစြာေသဆုံးခဲ့ေသာ ဖားကန႔္ၿမိဳ႕နယ္ အနန႔္ပါေလေၾကာင္းတိုက္ခိူက္မႈႏွင့္ ဥကရစ္ထတိုက္ပြဲတြင္ ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခဲ့ေသာေလယာဥ္ေမာင္းမ်ားကို အဆိုပါအခမ္းအနားတြင္ဆုေပးမည့္အတြက္၊

ေလယာဥ္ေမာင္းမ်ားေနျပည္ေတာ္သို႔ေရာက္ေနၾကၿပီျဖစ္ေၾကာင္း စစ္ေကာင္စီရင္းျမစိအခ်ိဳ႕က People’s Spring သို႔ေျပာသညဗိုလ္ရႈသဘင္အတြက္ အာဏာသိမ္းေခါင္းေဆာင္ကိုခ်ီတက္အေလးျပဳရန္ ဒီဇင္ဘာလဒုတိယပါတ္တြင္ ေနျပည္ေတာ္၌ ေနပူေအာက္တြင္ေလ့က်င့္ေနေသာ စစ္ေကာင္စီဝန္ထမ္းမ်ား။ ။ဓါတ္ပုံ-CJ

ဗိုလ်ရှုသဘင်တွင် အာဏာသိမ်းခေါင်းဆောင်ကို အလေးပြုရန် လေ့ကျင့်ရင်း Non-CDM ဝန်ထမ်းအချို့သေဆုံး

ရဲခေါင်/People’s Spring

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်မည့် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချီတက် အလေးပြုရန်လေ့ ကျင့်နေစဉ် Non CDM ဝန်ထမ်းအချို့သေဆုံးမှု ရှိနေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်း အဝိုင်းကလူထုနွေဦးသတင်းဌာနသို့ပြောကြားသည်

လေ့ကျင့်စဉ်သေဆုံးခဲ့သည့် ဌာနများမှာလျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန (MOGE) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(RTAD) မှ ဝန်ထမ်း နှစ်ဦးဖြစ်သည်။သို့သော်အဆိုသတင်းကို သတင်းမပျံ့ စေရန် ခြိမ်းခြောက်ထားကြောင်းလည်းသိရသည်။ ပူလောင်လှသောနေပြည်တော် နေ့ခင်းအချိန်များတွင်ပင် လေ့ကျင့်နေရသဖြင့်အဆိုပါ ဝန်ထမ်းနှစ်ဦး အပြင် သေဆုံး ၊နာမကျန်းသူများရှိနိုင်သေးကြောင်းလည်း သတင်းရင်းမြစ်အချို့ကပြောသည်

“MOGE ကတစ်ယောက်ကအသက်က ၃၀ ကျော် အမျိုးသမီး အရာရှိ။နေပူထဲ လေ့ကျင့်နေရင်းနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး နေရာမှာတင် သေတာ။သိပ်မကြာသေးဘူး။အလွန်ဆုံးရှိ တစ်ပတ်လောက်ပဲ”ဟု အမည်မဖော်လိုသည့် နေ ပြည်တော်အခြေစိုက် စစ်ကောင်စီဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ RTAD မှ အမျိုးသားဝန်ထမ်းတစ်ဦးမှာလည်း လေထီးခုန်လေ့ကျင့်စဉ် သေဆုံးခဲ့ခြင်းဟုသိရသည်။”သူ့ကြတော့ လေ့ကျင်ရေးဆရာတွေမရှိခင်ကိုယ့်ဘာသာ ခြေချော်လက်ချော် ဖြစ်လို့ သေ တယ်ဆိုပြီး ဌာနတွင်းထဲမှာ သတင်းဖြန့်တယ် ဒါ ပေမယ့် အမှန်တကယ်က ပင်ပန်းပြီးဖြစ်တာ”ဟု နေပြည်တော်မှသီးခြားသတင်းရင်းမြစ်ကရှင်းပြသည်

အာဏာသိမ်းစစ်ခေါင်းဆောင်သည် လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တွင် ချီတက် အလေးပြုခံမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် အမြန်လမ်းတစ် လျှောက် လုံခြုံရေးအများအပြား ချထားကြောင်းလည်းမျက်မြင်တွေ့ရှိသူများက ပြောသည်

ထို့အပြင်စစ်ကောင်စီက အရပ်သားပြည်သူများစွာသေဆုံးခဲ့သော ဖားကန့်မြို့နယ် အနန့်ပါလေကြောင်းတိုက်ခိူက်မှုနှင့် ဥကရစ်ထတိုက်ပွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောလေယာဉ်မောင်းများကို အဆိုပါအခမ်းအနားတွင်ဆုပေးမည့်အတွက်၊

လေယာဉ်မောင်းများနေပြည်တော်သို့ရောက်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီရင်းမြစိအချို့က People’s Spring သို့ပြောသညဗိုလ်ရှုသဘင်အတွက် အာဏာသိမ်းခေါင်းဆောင်ကိုချီတက်အလေးပြုရန် ဒီဇင်ဘာလဒုတိယပါတ်တွင် နေပြည်တော်၌ နေပူအောက်တွင်လေ့ကျင့်နေသော စစ်ကောင်စီဝန်ထမ်းများ။ ။ဓါတ်ပုံ-CJ

 

Leave a Reply

Your email address will not be published. Required fields are marked *