ေရးတြင္ Mytel တာဝါတိုင္ေဖာက္ခြဲခံရၿပီးေနာက္ တာဝိုင္တိုင္ဆီလာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကို YE ဘီလူးမွ ၾကားျဖတ္တိုက္ခိုက္လို႔ ၇ ဦးခန႔္ ေသဆုံး

ဧရာဝတီတိုင္းမ္

(ေရး)၊ ဇန္နဝါရီလ ၂ ရက္

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ က်ဳံေလာင္း႐ြာေဟာင္းအနီးရွိ Mytel တာဝါတိုင္အား ယေန႔ ဇန္နဝါရီလ ၂ ရက္ မနက္ ၈ နာရီဝန္းက်င္တြင္ YE ဘီလူးအဖြဲ႕မွ ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီးေနာက္ တာဝါတိုင္ဆီသို႔ စစ္ေၾကာင္းတက္လာသည့္ စစ္ေကာင္စီတပ္ပါး YEဘီလူး အဖြဲ႕မွ ၾကားျဖတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္

က်ဳံေလာင္း႐ြာေဟာင္းရွိ Mytel တာဝါတိုင္ေအာက္ေျခရွိ ထိန္းခ်ဳပ္ပစၥည္းမ်ားရွိရာ ပုံးႏွင့္ စေလာင္းတို႔အားေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး တာဝါတိုင္ရွိရာသို႔ စစ္ေၾကာင္းတက္လာသည့္ အင္အား ၅၀ ဝန္းက်င္ရွိ စစ္ေကာင္စီတပ္သားမ်ားအား ၾကားျဖတ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၇ ဦးဝန္းက်င္ေသဆုံးခဲ့ေၾကာင္း YE ဘီလူးအဖြဲ႕ထံမွ သိရသည္

“တာဝါတိုင္နားမွာေတာ့ ကင္းပုန္းဝပ္တာေတြရွိတယ္လို႔ေျပာသံၾကားတယ္။ အဲ့တာေၾကာင့္ ေသနတ္ေဖာက္ၿပီးစမ္းၾကည့္ေတာ့ ျပန္ပစ္တာမရွိဘူး။ တာဝါတိုင္နား ေျမျမႇပ္မိုင္းေတြရွိျမႇဳပ္ထားတယ္လို႔လဲသတင္းၾကားရတယ္။ တာဝါတိုင္ေအာက္ကစက္ပုံးနဲ႔ အေပၚကစေလာင္းကို ေဖာက္ခြဲဖ်က္ဆီးခဲ့တယ္” ဟု YEဘီလူးမွ တာဝန္ရွိသူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္

ယင္းကဲ့သို႔ ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အထိအခိုက္မရွိ လုံၿခဳံစြာ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့သည္ဟု YE ဘီလူးအဖြဲ႕၏ တာဝန္ရွိသူက ဆိုသည္

‌YEဘီလူးအဖြဲ႕သည္ ဒီဇင္ဘာလ ၂၇ ရက္ကလည္း ေက်ာင္းပို႔ရာမွျပန္လာသည့္ စစ္ေကာင္စီလက္ေအာက္ခံစစ္ကားအား ၾကားျဖတ္တိုက္ခိုက္ရာ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္

ဓာတ္ပုံ – YEဘီလူးအဖြဲ႕ဝင္မ်ားအား ျမင္ေတြ႕စဥ္

ရေးတွင် Mytel တာဝါတိုင်ဖောက်ခွဲခံရပြီးနောက် တာဝိုင်တိုင်ဆီလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို YE ဘီလူးမှ ကြားဖြတ်တိုက်ခိုက်လို့ ၇ ဦးခန့် သေဆုံး

ဧရာဝတီတိုင်းမ်

(ရေး)၊ ဇန်နဝါရီလ ၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးရှိ Mytel တာဝါတိုင်အား ယနေ့ ဇန်နဝါရီလ ၂ ရက် မနက် ၈ နာရီဝန်းကျင်တွင် YE ဘီလူးအဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် တာဝါတိုင်ဆီသို့ စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်ပါး YEဘီလူး အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်

ကျုံလောင်းရွာဟောင်းရှိ Mytel တာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ပစ္စည်းများရှိရာ ပုံးနှင့် စလောင်းတို့အားဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တာဝါတိုင်ရှိရာသို့ စစ်ကြောင်းတက်လာသည့် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်

“တာဝါတိုင်နားမှာတော့ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ပြောသံကြားတယ်။ အဲ့တာကြောင့် သေနတ်ဖောက်ပြီးစမ်းကြည့်တော့ ပြန်ပစ်တာမရှိဘူး။ တာဝါတိုင်နား မြေမြှပ်မိုင်းတွေရှိမြှုပ်ထားတယ်လို့လဲသတင်းကြားရတယ်။ တာဝါတိုင်အောက်ကစက်ပုံးနဲ့ အပေါ်ကစလောင်းကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်” ဟု YEဘီလူးမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

ယင်းကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အထိအခိုက်မရှိ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု YE ဘီလူးအဖွဲ့၏ တာဝန်ရှိသူက ဆိုသည်

‌YEဘီလူးအဖွဲ့သည် ဒီဇင်ဘာလ ၂၇ ရက်ကလည်း ကျောင်းပို့ရာမှပြန်လာသည့် စစ်ကောင်စီလက်အောက်ခံစစ်ကားအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်

ဓာတ်ပုံ – YEဘီလူးအဖွဲ့ဝင်များအား မြင်တွေ့စဉ်

Leave a Reply

Your email address will not be published. Required fields are marked *