ဘယ်လောက်လှလိုက်တဲ့အခိုက်တန်လဲဗျာ။❤ လူမှုကွန်ရက်တွေပေါ်မှာ ဒီသတင်းက တော်တော်လေး ပျံ့နှံ့နေပါပြီ
သူမရဲ့ ဘွဲ့ဝတ်စုံဝတ်ဆင်ပေးကာ အကိုဖြစ်သူရဲ့ အနစ်နာခံမှုကို ရိုရိုကျိုးကျိုးနဲ့ ထိုင်ကာ ခြေထောက်အစုံကို ဦးခိုက်နေတဲ့ ဓာတ်ပုံ
ထိုင်းနိုင်ငံက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးဟာ သူမ ဘွဲ့ရရှိအောင်အတွက် အကိုဖြစ်သူက ကျောင်းထွက်ကာ အနစ်နာခံပေးခဲ့မှုကို
ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ ဘွဲ့ယူနေချိန်အတွင်းမှာ အကိုဖြစ်သူကို ဒူးထောက်အရိုအသေပေးခဲ့ပါတယ်
TikTok မှာ ဒီဗီဒီယိုကို တင်ထားတာဖြစ်ပြီး အခုတော့ လူမှုကွန်ရက်တွေပေါ်မှာ ဒီသတင်းက တော်တော်လေး ပျံ့နှံ့နေပါပြီ
အကိုဖြစ်သူကို သူမရဲ့ ဘွဲ့ဝတ်စုံဝတ်ဆင်ပေးကာ သူမက ရိုရိုကျိုးကျိုးနဲ့ ထိုင်ကာ ခြေထောက်အစုံကို ဦးခိုက်နေတဲ့ ဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်
ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှာ ကြီးပြင်းလာပြီး မိခင်ဖြစ်သူက ဝင်ငွေနည်းပါးလို့ မောင်နှမနှစ်ယောက်စလုံးကိုကျောင်းထားပေးဖို့ရာ အခက်တွေ့နေချိန်မှာ အကိုဖြစ်သူက ကျောင်းထွက်ပြီး ညီမဖြစ်သူကိုပဲ ပညာသင်ကြားစေခဲ့တာပါ
အခုတော့ သူမ ဘွဲ့ရချိန်မှာ အကိုဖြစ်သူရဲ့ အနစ်နာခံမှုကို မမေ့မလျော့ဘဲနဲ့ ဒူးထောက်အရိုအသေပေးကာ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်
ဘယ်လောက်လှလိုက်တဲ့အခိုက်တန်လဲဗျာ။❤
Credit…မူရင်းရေးသားသူ💓
Leave a Reply
Your email address will not be published. Required fields are marked *