စစ္အာဏာရွင္စနစ္ကို အျမစ္ျဖဳတ္ တိုက္ခိုက္မည္ဟု MNDAA ၊TNLA ႏွင့္ AA မဟာမိတ္ ၃ ဖြဲ႕က တရားဝင္ ေၾကညာ၊ စစ္အာဏာရွင္ ေတာ္လွန္ေရးကို အိမ္နီးခ်င္းႏိုင္ငံမ်ားက ကူညီရန္ အေရးႀကီး ကာလ ေရာက္ၿပီဟု KIO ဥကၠ႒ ေျပာ

ရန္ကုန္၊ ဇန္နဝါရီ ၂

စစ္အာဏာရွင္စနစ္ကို အျမစ္ျဖဳတ္ တိုက္ထုတ္မမည္ျဖစ္ေၾကာင္း MNDAA ၊TNLA ႏွင့္ ULA/AA မဟာမိတ္ ၃ ဖြဲ႕က ဇန္နဝါရီလ ၁ ရက္ေန႔တြင္ တရားဝင္ေၾကညာသည္။

ျမန္မာလူထုမ်ားအတြက္ ႏွစ္သစ္ကို ဝမ္းေျမာက္စြာ ႀကိဳဆိုၾကရမည့္ အစား စစ္ေကာင္စီ၏ အာဏာ သိမ္းသည့္ လုပ္ရပ္ႏွင့္ အတူ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဆက္လက္က်ဴးလြန္ေနသည့္ ၎တို႔၏ လုပ္ရပ္မ်ားေၾကာင့္ ျမန္မာျပည္သူမ်ား ေနရပ္၊

အိုးအိမ္ႏွင့္ ၿမိဳ႕႐ြာမ်ားကို စြန႔္ခြာ၍ အသက္ေဘး လြတ္ ရာသို႔‌ ေရွာင္တိမ္းေနၾကရေၾကာင္းႏွင့္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕ျဖစ္သည့္ MNDAA၊ TNLA ႏွင့္ AA တို႔ က စစ္အာဏာရွင္စနစ္ကို တိုက္ထုတ္ႏိုင္ရန္ လုပ္သင့္လုပ္ ထိုက္သည္ မ်ား ကို ဆက္လုပ္ ေဆာင္ သြားမည္ျဖစ္ေၾကာင္း ဇန္နဝါရီလ ၁ ရက္ေန႔တြင္ တရားဝင္ ေၾကညာသည္

စစ္အာဏာသိမ္းမႈ ၂ ႏွစ္နီးပါးသို႔‌ ေရာက္ရွိလာၿပီျဖစ္ၿပီး အာဏာသိမ္းမႈဆန႔္က်င္သည့္ ျပည္သူမ်ား သည္ အာဏာသိမ္းၿပီး မေရွးမေႏွာင္းပင္ ‘ေႏြဦးေတာ္လွန္ေရး’ ကို ရရာလက္နက္၊ ရသည့္ နည္း လမ္းျဖင့္ ဆင္ႏြဲေနသည္မွာလည္း သက္တမ္း ၂ ႏွစ္နီးပါးရွိၿပီျဖစ္ေၾကာင္း၊

စစ္အာဏာ သိမ္းမႈ ေၾကာင့္ ျဖစ္ေပၚလာသည့္ လက္ရွိ ျပည္တြင္းေရး၊ ႏိုင္ငံေရး၊ စစ္ေရး မတည္ မၿငိမ္မႈမ်ားေၾကာင့္ စစ္ေဘး ဒဏ္သင့္ ျပည္သူမ်ား ခံစားေနရသည့္ ခံစားခ်က္မ်ားကို ညီေနာင္ မဟာမိတ္အဖြဲ႕ ၃ ဖြဲ႕ အေနႏွင့္ ထပ္တူထပ္မွ် စာနာ နားလည္ၿပီးအျပည့္အဝ ကိုယ္ခ်င္းစာေၾကာင္း ေျပာဆိုသည္

ထို႔ျပင္ လက္ရွိရင္ဆိုင္ေနရသည့္ ျပည္တြင္းစစ္မီးကို ေျဖရွင္းႏိုင္ရန္အတြက္ ႏိုင္ငံအတြင္း ေနထိုင္သည့္ ျပည္သူမ်ားႏွင့္ စစ္အာဏာရွင္စနစ္ကို တြန္းလွန္တိုက္ခိုက္ေနသည့္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား အားလုံးစည္းလုံးညီၫြတ္စြာ အလုပ္လုပ္ၾကရန္ အထူးအေရးႀကီး လိုအပ္လ်က္ရွိေၾကာင္းႏွင့္ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕အေနႏွင့္ ေႏြဦးေတာ္လွန္ေရးမွ ေပါက္ဖြားလာသည့္ ေတာ္လွန္ေရး အဖြဲ႕အစည္း မ်ား ထဲ မွ ျပည္သူ႔ေထာက္ခံမႈရရွိထားၿပီး ေတာ္လွန္ေရးဆန္သည့္ အဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ လက္တြဲ၍ ျပည္သူမ်ား ေမွ်ာ္ထားသည့္ ဘုံရည္မွန္းခ်က္မ်ား ျပည့္ဝေစရန္၊ လက္ရွိအေျခအေနကို အေကာင္းဆုံး ေက်ာ္လႊားႏိုင္ရန္ႏွင့္ စစ္အာဏာရွင္စနစ္ကို တိုက္ထုတ္ ႏိုင္ရန္အတြက္ လုပ္သင့္လုပ္ ထိုက္သည္ မ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ဟု ေၾကညာထားသည္

စည္းလုံးညီၫြတ္မႈအား၊ စုစည္းညီၫြတ္စြာျဖင့္ ဟန္ခ်က္ညီညီလုပ္ေဆာင္ႏိုင္မွာသာ စစ္အာဏာရွင္ စနစ္ကို အျမစ္ျဖဳတ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ႏွစ္သစ္ကူးေန႔မွ စ၍ ယခင္ထက္ အင္တိုက္ အားတိုက္ ႀကိဳးပမ္းလုပ္ေဆာင္သြားၾကရန္ တိုက္တြန္းေၾကာင္း မဟာမိတ္ ၃ ဖြဲ႕က ေၾကညာသည္

အလားတူ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႕ (KIO/KIA) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ၏ ၂၀၂၃ ခုႏွစ္ ႏွစ္သစ္မိန႔္ခြန္းတြင္ ျပည္သူလူထုကို သတ္ျဖတ္ႏွိပ္စက္ေနသည့္ စစ္ေကာင္စီတပ္က ေ႐ြးေကာက္ပြဲ က်င္းပခြင့္မရွိဘဲ အဆိုပါေ႐ြးေကာက္ပြဲသည္ စစ္အာဏာရွင္သက္ဆိုးရွည္ေအာင္ႀကိဳးပမ္းသည့္ နည္း လမ္းတစ္ခုျဖစ္ေၾကာင္း၊

စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္ေနသည့္ ျပည္သူလူထုႏွင့္ လက္နက္ ကိုင္ အဖြဲ႕မ်ားကို အိမ္နီးနားခ်င္းႏိုင္ငံမ်ားက ကူညီရန္ အလြန္အေရး ႀကီးသည့္ကာလ ေရာက္ေနၿပီ ျဖစ္ ေၾကာင္း ေျပာဆိုထားေၾကာင္း ကခ်င္သတင္းဌာနမ်ားက သတင္းေဖာ္ျပထားသည္

ဓာတ္ပုံ- KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လ၊ MNDAA ဥကၠ႒ ဖုန္တာ႐ႊင္၊ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္၊ TNLA ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တားအိုက္ဘုန္း

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ၊ စစ်အာဏာရှင် တော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံများက ကူညီရန် အရေးကြီး ကာလ ရောက်ပြီဟု KIO ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်မမည်ဖြစ်ကြောင်း MNDAA ၊TNLA နှင့် ULA/AA မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင်ကြေညာသည်။

မြန်မာလူထုများအတွက် နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြရမည့် အစား စစ်ကောင်စီ၏ အာဏာ သိမ်းသည့် လုပ်ရပ်နှင့် အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကျူးလွန်နေသည့် ၎င်းတို့၏ လုပ်ရပ်များကြောင့် မြန်မာပြည်သူများ နေရပ်၊

အိုးအိမ်နှင့် မြို့ရွာများကို စွန့်ခွာ၍ အသက်ဘေး လွတ် ရာသို့‌ ရှောင်တိမ်းနေကြရကြောင်းနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့ က စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန် လုပ်သင့်လုပ် ထိုက်သည် များ ကို ဆက်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင် ကြေညာသည်

စစ်အာဏာသိမ်းမှု ၂ နှစ်နီးပါးသို့‌ ရောက်ရှိလာပြီဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူများ သည် အာဏာသိမ်းပြီး မရှေးမနှောင်းပင် ‘နွေဦးတော်လှန်ရေး’ ကို ရရာလက်နက်၊ ရသည့် နည်း လမ်းဖြင့် ဆင်နွဲနေသည်မှာလည်း သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊

စစ်အာဏာ သိမ်းမှု ကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေး မတည် မငြိမ်မှုများကြောင့် စစ်ဘေး ဒဏ်သင့် ပြည်သူများ ခံစားနေရသည့် ခံစားချက်များကို ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့ အနေနှင့် ထပ်တူထပ်မျှ စာနာ နားလည်ပြီးအပြည့်အဝ ကိုယ်ချင်းစာကြောင်း ပြောဆိုသည်

ထို့ပြင် လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်သည့် ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးစည်းလုံးညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးကြီး လိုအပ်လျက်ရှိကြောင်းနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့အနေနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်း များ ထဲ မှ ပြည်သူ့ထောက်ခံမှုရရှိထားပြီး တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းအချို့နှင့် လက်တွဲ၍ ပြည်သူများ မျှော်ထားသည့် ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ရန်အတွက် လုပ်သင့်လုပ် ထိုက်သည် များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ဟု ကြေညာထားသည်

စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှာသာ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်သောကြောင့် နှစ်သစ်ကူးနေ့မှ စ၍ ယခင်ထက် အင်တိုက် အားတိုက် ကြိုးပမ်းလုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း မဟာမိတ် ၃ ဖွဲ့က ကြေညာသည်

အလားတူ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပခွင့်မရှိဘဲ အဆိုပါရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်အောင်ကြိုးပမ်းသည့် နည်း လမ်းတစ်ခုဖြစ်ကြောင်း၊

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူလူထုနှင့် လက်နက် ကိုင် အဖွဲ့များကို အိမ်နီးနားချင်းနိုင်ငံများက ကူညီရန် အလွန်အရေး ကြီးသည့်ကာလ ရောက်နေပြီ ဖြစ် ကြောင်း ပြောဆိုထားကြောင်း ကချင်သတင်းဌာနများက သတင်းဖော်ပြထားသည်

ဓာတ်ပုံ- KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ MNDAA ဥက္ကဋ္ဌ ဖုန်တာရွှင်၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း

 

Leave a Reply

Your email address will not be published. Required fields are marked *