ယာယီသမၼတ အမည္တပ္ထားသည့္ ျမင့္ေဆြ ငုတ္တုတ္ ရွိေနသည့္ၾကားမွ သမၼတအေဆာင္အေယာင္ ေ႐ႊစလြယ္ဝတ္၍ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ခ်ီးျမႇင့္မႈ မင္းေအာင္လႈိင္ သမၼတ႐ူး ႐ူးေနမႈကို ပိုမို ေပၚလြင္ေစလာ

ရန္ကုန္၊ ဇန္နဝါရီ ၂

ယာယီသမၼတ အမည္တပ္ထားသည့္ ျမင့္ေဆြ ငုတ္တုတ္ရွိေနသည့္ၾကားမွ သမၼတအေဆာင္အေယာင္ ေ႐ႊစလြယ္ဝတ္၍ မင္းေအာင္လႈိင္က ဂုဏ္ထူးေဆာင္ဘြဲ႕မ်ားခ်ီးျမႇင့္မႈသည္ သမၼတ႐ူး ႐ူးေနသည့္ ျမင္ကြင္းကို ပိုမို ေပၚလြင္သိသာေစေၾကာင္း ေနျပည္ေတာ္ သတင္းရင္းျမစ္မ်ားက ေျပာသည္

ေနျပည္ေတာ္တြင္ ဇန္နဝါရီလ ၁ ရက္ေန႔ က်င္းပသည့္ ၃ ခုႏွစ္ (၇၅) ႏွစ္ေျမာက္ စိန္ရတု လြတ္လပ္ေရးေန႔ အထိမ္း အမွတ္ ဂုဏ္ထူးေဆာင္ဘြဲမ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္း အခမ္းအနား သို႔တက္ ေရာက္ၿပီး သမၼတအေဆာင္အေယာင္ ေ႐ႊစလြယ္ဝတ္၍ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ေပးအပ္ခ်ီးျမႇင့္ျခင္းမွာ ၎တို႔ ေရးဆြဲထားသည့္ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒကို ခ်ိဳးေဖာက္ျခင္း ျဖစ္ေၾကာင္း ဥပေဒကြၽမ္းက်င္သည့္ ေနျပည္ေတာ္သတင္းရင္းျမစ္တစ္ခုက ေျပာသည္

“သမၼတေ႐ႊစလြယ္က န၀ရတ္ကိုးပါးပါတယ္။ မင္းေအာင္လႈိင္ဝတ္ထားတဲ့ ေ႐ႊစလြယ္မွာ န၀ရတ္ကိုးပါး မပါဘူး။ ဒါေပမယ့္ သမၼတနဲ႔ ဒုတိယသမၼတ အေဆာင္အေယာင္ ေ႐ႊစလြယ္ လိုက္ဝတ္တာ သမၼတ၊ ဒုတိယသမၼတ အေဆာင္ အေယာင္ေတြကို သူယူသုံးတဲ့သေဘာပဲ။ အဲဒါ သုံးခြင့္မရွိဘူး

ေနာက္ၿပီး သူက အိမ္ေစာင့္အစိုးရလို႔ နာမည္တပ္ၿပီး ဝန္ႀကီးခ်ဳပ္ ရာထူး ယူထားတာျဖစ္တယ္။ ၂၀၀၈ အေျခခံ ဥပေဒအရ ႏိုင္ငံေတာ္အႀကီးအကဲလို႔ ေျပာရင္ သူတို႔တရားဝင္ အသိအမွတ္ျပဳထားတဲ့ ယာယီသမၼတ ျမင့္ေဆြရွိေနတယ္။ ျမင့္ေဆြ တက္ၿပီး ေပးရမယ္။ မင္းေအာင္လႈိင္မွာ အဲဒီလို ေပးခြင့္မရွိဘူး။ ဥပေဒ တရားဝင္ ျပ႒ာန္းခ်က္ကို သူခ်ိဳးေဖာက္လုပ္တာ” ဟု ေနျပည္ေတာ္သတင္းရင္းျမစ္က ေျပာဆိုသည္

၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အခန္း ၅ အုပ္ခ်ဳပ္ေရး၊ ပုဒ္မ ၂၀၅ (က) (ခ) တြင္ ႏိုင္ငံေတာ္သမၼတ သည္ ဥပေဒႏွင့္အညီ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္ အပ္ႏွင္းျခင္းျပဳ ႏိုင္ၿပီး ႐ုပ္သိမ္းျခင္းျပဳႏိုင္ေၾကာင္း ျပ႒ာန္းထားသည္

“၂၀၀၈ ဥပေဒနဲ႔ မညီဘဲ အာဏာသိမ္းတယ္ ၂၀၀၈ ဥပေဒပါ ျပ႒ာန္းခ်က္နဲ႔ ဆန႔္က်င္ၿပီး သမၼတ လုပ္ပိုင္ခြင့္ေတြကို သူက အကုန္ယူသုံးတာ သမၼတ႐ူး ႐ူးေနတာ ပိုေပၚလြင္ေစတာေပါ့

သူလုပ္ ခ်င္ရာလုပ္တာေပါ့။ ယာယီသမၼတ နာမည္တပ္ထားတဲ့ ျမင့္ေဆြငုတ္တုတ္ႀကီးရွိေနတာ။ ဟိုကလည္း ၿငိမ္ခံေနရတဲ့သေဘာပဲ” ဟု ေနျပည္ေတာ္ သတင္းရင္းျမစ္က ဆိုသည္

မင္းေအာင္လႈိင္သည္ သမၼတ႐ူး ႐ူးေနလ်က္ရွိရာ လက္ရွိ ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္တြင္ အေဆာင္ မ်ားတိုးခ်ဲ႕ျခင္း၊ အသစ္ေဆာက္ လုပ္ ျခင္း အပါအဝင္ အိမ္ေတာ္ျပဳျပင္ေရး လုပ္ငန္းမ်ားကို ၎ စိတ္ တိုင္းက် လုပ္ေဆာင္ေနေၾကာင္း ၊

၇၅ ႏွစ္ေျမာက္ စိန္ရတု လြတ္လပ္ေရးေန႔တြင္ လည္း ဗိုလ္ရႈ သဘင္ အခမ္းအနားျဖင့္ အေလးျပဳ ခံမည္ျဖစ္ေၾကာင္း သိရွိရသည္

ယာယီသမ္မတ အမည်တပ်ထားသည့် မြင့်ဆွေ ငုတ်တုတ် ရှိနေသည့်ကြားမှ သမ္မတအဆောင်အယောင် ရွှေစလွယ်ဝတ်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်မှု မင်းအောင်လှိုင် သမ္မတရူး ရူးနေမှုကို ပိုမို ပေါ်လွင်စေလာ

ရန်ကုန်၊ ဇန်နဝါရီ ၂

ယာယီသမ္မတ အမည်တပ်ထားသည့် မြင့်ဆွေ ငုတ်တုတ်ရှိနေသည့်ကြားမှ သမ္မတအဆောင်အယောင် ရွှေစလွယ်ဝတ်၍ မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်မှုသည် သမ္မတရူး ရူးနေသည့် မြင်ကွင်းကို ပိုမို ပေါ်လွင်သိသာစေကြောင်း နေပြည်တော် သတင်းရင်းမြစ်များက ပြောသည်

နေပြည်တော်တွင် ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပသည့် ၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား သို့တက် ရောက်ပြီး သမ္မတအဆောင်အယောင် ရွှေစလွယ်ဝတ်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်းမှာ ၎င်းတို့ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သည့် နေပြည်တော်သတင်းရင်းမြစ်တစ်ခုက ပြောသည်

“သမ္မတရွှေစလွယ်က န၀ရတ်ကိုးပါးပါတယ်။ မင်းအောင်လှိုင်ဝတ်ထားတဲ့ ရွှေစလွယ်မှာ န၀ရတ်ကိုးပါး မပါဘူး။ ဒါပေမယ့် သမ္မတနဲ့ ဒုတိယသမ္မတ အဆောင်အယောင် ရွှေစလွယ် လိုက်ဝတ်တာ သမ္မတ၊ ဒုတိယသမ္မတ အဆောင် အယောင်တွေကို သူယူသုံးတဲ့သဘောပဲ။ အဲဒါ သုံးခွင့်မရှိဘူး

နောက်ပြီး သူက အိမ်စောင့်အစိုးရလို့ နာမည်တပ်ပြီး ဝန်ကြီးချုပ် ရာထူး ယူထားတာဖြစ်တယ်။ ၂၀၀၈ အခြေခံ ဥပဒေအရ နိုင်ငံတော်အကြီးအကဲလို့ ပြောရင် သူတို့တရားဝင် အသိအမှတ်ပြုထားတဲ့ ယာယီသမ္မတ မြင့်ဆွေရှိနေတယ်။ မြင့်ဆွေ တက်ပြီး ပေးရမယ်။ မင်းအောင်လှိုင်မှာ အဲဒီလို ပေးခွင့်မရှိဘူး။ ဥပဒေ တရားဝင် ပြဋ္ဌာန်းချက်ကို သူချိုးဖောက်လုပ်တာ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ အုပ်ချုပ်ရေး၊ ပုဒ်မ ၂၀၅ (က) (ခ) တွင် နိုင်ငံတော်သမ္မတ သည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းပြု နိုင်ပြီး ရုပ်သိမ်းခြင်းပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်

“၂၀၀၈ ဥပဒေနဲ့ မညီဘဲ အာဏာသိမ်းတယ် ၂၀၀၈ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်ပြီး သမ္မတ လုပ်ပိုင်ခွင့်တွေကို သူက အကုန်ယူသုံးတာ သမ္မတရူး ရူးနေတာ ပိုပေါ်လွင်စေတာပေါ့

သူလုပ် ချင်ရာလုပ်တာပေါ့။ ယာယီသမ္မတ နာမည်တပ်ထားတဲ့ မြင့်ဆွေငုတ်တုတ်ကြီးရှိနေတာ။ ဟိုကလည်း ငြိမ်ခံနေရတဲ့သဘောပဲ” ဟု နေပြည်တော် သတင်းရင်းမြစ်က ဆိုသည်

မင်းအောင်လှိုင်သည် သမ္မတရူး ရူးနေလျက်ရှိရာ လက်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် အဆောင် များတိုးချဲ့ခြင်း၊ အသစ်ဆောက် လုပ် ခြင်း အပါအဝင် အိမ်တော်ပြုပြင်ရေး လုပ်ငန်းများကို ၎င်း စိတ် တိုင်းကျ လုပ်ဆောင်နေကြောင်း ၊

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် လည်း ဗိုလ်ရှု သဘင် အခမ်းအနားဖြင့် အလေးပြု ခံမည်ဖြစ်ကြောင်း သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *