ၾကင္စိုးအျဖစ္ကေတာ့ ေ-ႁမြပူရာ က-င္းေမွာက္တဲ့အျဖစ္ေရာက္ၿပီ

2023 မွာ US ရဲ႕ NDAA ကိုေၾကာက္ေနပါတယ္ဆို AA ကပါ ေႏြဦးေတာ္လွန္ေရးနဲ႔အတူ ရွိေနပါတယ္လို႔ ထုတ္ေျပာလာတာက ပြဲပဲေပ့ါေလ

ေႏြဦးေတာ္လွန္ေရး မေအာင္ျမင္မခ်င္းေတာ္လွန္ေရး၏ လိုအပ္သည့္ေနရာ၌ရွိေနမည္ဟု AA ဒုစစ္ဦးစီးခ်ဳပ္ ေျပာတယ္“က်ေနာ္တို႔ ULA/AA အဖြဲ႕အစည္းအပါအဝင္ စစ္တပ္နဲ႔တို-က္ပြဲျဖစ္ေနၾကတဲ့ ERO (EAO) အဖြဲ႕အစည္းေတြဟာ စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ျဖစ္ေပၚလာတဲ့ ေႏြဦးေတာ္လွန္ေရးကို ေဘးက လက္ပိုက္ရပ္ၾကည့္ေနသူေတြ မဟုတ္ခဲ့ပါဘူး။

ကိုယ့္နည္းကိုယ္ဟန္၊ ကိုယ့္အဖြဲ႕အစည္းရပ္တည္ခ်က္၊ မူဝါဒ၊ လမ္းစဥ္ေတြကို ကိုယ့္ျပည္သူလူထုရဲ႕လိုလားခ်က္၊ ေမွ်ာ္မွန္းခ်က္ကို အေျခခံၿပီး ပုံစံတစ္မ်ိဳးမ်ိဳးနဲ႔ ေတာ္လွန္ေရးပရဝဏ္ထဲတို-က္႐ိုက္(သို႔မဟုတ္) သြယ္ဝိုက္ ပါဝင္ေနၾကသူေတြခ်ည္းပါပဲ” ဟု AA ဒုတပ္ခ်ဳပ္ေဒါက္တာညိဳထြန္းေအာင္က ေႏြဦးေတာ္လွန္ေရး၌ AA ပါဝင္တဲ့ အခန္းက႑ အသိေပးတယ္ “က်ေနာ္တို႔ဟာ ဒီႏိုင္ငံထဲမွာ က်ေနာ္တို႔ရဲ႕ ေတာ္လွန္ေရးအျပင္ ေႏြဦးေတာ္လွန္ေရး မေအာင္ျမင္မခ်င္း ဒီေတာ္လွန္ေရးထဲမွာ Anonymous ပုံစံမ်ိဳးႏွင့္ ေတာ္လွန္ေရးရဲ႕ အမွန္တကယ္ လိုအပ္တဲ့ေနရာက ရွိေနမွာပါ။

ဘာလို႔ဆို က်ေနာ္တို႔ေတာ္လွန္ေရးဟာလည္း လမ္းခုလတ္ထဲမွာပဲ ရွိေနေသးတာမို႔ပါ” ဟု ေဒါက္တာညိဳထြန္းေအာင္က ေျပာပါတယ္လို႔People’s Spring မွာ ေဖာ္ျပထားတယ္

စစ္အာဏာရွင္ျဖဳတ္ခ်ေရး တသံထဲညီတခ်ီထဲ႐ုန္းတိုက္ပြဲဝင္မည့္ကိစၥ ဦးမင္းကိုႏိုင္ႏွင့္ AA ဒုစစ္ဦးစီးခ်ဳပ္ တို႔က အျပန္အလွန္ ေပးစာမ်ားျဖင့္ ျပည္သူမ်ားကိုအသိေပး

▪︎ေႏြဦးေတာ္လွန္ေရး မေအာင္ျမင္မခ်င္းေတာ္လွန္ေရး၏လိုအပ္သည့္ေနရာ၌ရွိေနမည္ဟု AA ဒုစစ္ဦးစီး ခ်ဳပ္ေျပာ

ဝင္းေမာင္/People’s Spring

စစ္အာဏာရွင္ ျဖဳတ္ခ်ေရး တသံထဲညီ တခ်ီထဲ႐ုန္း တိုက္ပြဲဝင္မည့္သံစုံတီးဝိုင္းအတြက္သီခ်င္းအမည္ေ႐ြးရန္၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ဦးမင္းကိုႏိုင္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) စစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္တို႔ လူမႈကြန္ရက္မွတဆင့္ အျပန္အလွန္ စာေရးၿပီး ၎တို႔၏ ေတာ္လွန္ေရးအတြက္႐ြက္မႈ၊ေတာ္လွန္ေရးအေပၚ သေဘာထားအျမင္မ်ားကို အျပန္အလွန္ေပးစာမ်ားျဖင့္ျပည္သူလူထုအား အသိေပးေျပာၾကားခဲ့သည္။

လာမယ့္ ေႏြဦးဟာ ငါတို႔ေအာင္ပြဲ ေခါင္းစဥ္ကို သူပုန္ျဖဴ ကေလာင္အမည္ျဖင့္ ေဒါက္တာညိဳထြန္းေအာင္က ကဗ်ာေရးသားခဲ့ရာ ဦးမင္းကိုႏိုင္က ကဗ်ာပါ စာသားမ်ားကကဗ်ာေရးသူ၏ စိတ္ရင္းကို ျမင္ေတြ႕ရေၾကာင္း ေဖစ္ဘြခ္မွတစ္ဆင့္ “ေပးစာ” ျဖင့္ေဖာ္ျပခဲ့သည္။

“ဒီေတာ္လွန္ေရးဟာ ငါတို႔ေတာ္လွန္ေရး၊ ငါလုပ္ႏိုင္တာလုပ္ေပးမယ့္ငါဟာေႏြဦးစစ္သည္တစ္ဦးပဲ၊ ငါဟာသူပုန္ျဖဴတစ္ေကာင္ပဲ၊ ဒီခံယူခ်က္ႏွင့္ေႏြဦးေတာ္လွန္ေရးမွာ ငါတာဝန္ေက်ခဲ့တယ္ဆိုတဲ့ဂုဏ္ျဒပ္ သမိုင္းမွတ္တိုင္စိုက္ၾကမယ္” ဟု ေဒါက္တာညိဳထြန္းေအာင္၏ ေရးသားခ်က္သည္ ေႏြဦးကို ဘဝပုံပ်ိဳးခဲ့ရသူျပည္သူမ်ား အတြက္ ဘာသာျပန္မလို သေဘာ႐ိုးအတိုင္းအျပည့္ရလိုက္ေၾကာင္း ဦးမင္းကိုႏိုင္ကေျပာသည္။

“တကယ္ေတာ့ဆရာရယ္စစ္ဖိနပ္နဲ႔အကန္ခံရ အနင္းခံရတာခ်င္းတူတူဘယ္နံ႐ိုးထိထိအားလုံးနာက်င္ရတာပါပဲ။ ဒီရင္အုံတခုတည္းေအာက္အတူရွိၿပီးနီးလ်က္နဲ႔ေဝးသလိုေတာ့ဘယ္ျဖစ္ပါ့မလဲ။တိုင္းရင္းသားျပည္သူေတြေတာ္လွန္အင္အားစုေတြညီမွာကိုဖက္ဆစ္တပ္ကအေၾကာက္ဆုံးပဲေလ” ဟု ဦးမင္းကိုႏိုင္က ေဒါက္တာညိဳထြန္းေအာင္ထံေရးပို႔သည့္ ေပးစာ၌ ေဖာ္ျပထားသည္။

လက္ရွိတြင္လည္း ျပည္လုံးအႏွံ႔ ဗုံးႀကဲမီးရႈိ႕ထားသည့္ စစ္ေကာင္စီတပ္က ၿမိဳ႕မ်ား၊အဝိုင္းမ်ား၌ တိုင္းရင္းသား အလံမ်ား ထူျပလ်က္ရွိရာ မည္သည့္ တိုင္းရင္းသားကိုမွ် ကိုယ္စားမျပဳ၊ အလံဆိုသည္မွာယုံၾကည္လက္ႏွင့္လႊင့္ထူမွ ဝိညာဥ္ပါသည္ကို စစ္ေကာင္စီ သိဟန္မတူဟု ဦးမင္းကိုႏိုင္၏ စာ၌ ပါရွိသည္။

“အခ်ိန္ရရင္ေတာ့ ေႏြဦးလမ္းမွာေတာ္လွန္ပန္းစုံ သံစုံတီးမည့္ Orchestra ႀကီးအေၾကာင္းအတူေျပာခ်င္ပါေသးတယ္။ အားလုံးသံၿပိဳင္ဆိုမယ့္ေတး နာမည္ေ႐ြးေစခ်င္ပါေသးတယ္” ဟု ဦးမင္းကိုႏိုင္က စစ္ေကာင္စီကို တသံထဲညီ တခ်ီထဲ႐ုန္း တိုက္ပြဲဝင္ရန္ ႏွင့္ပတ္သက္ၿပီး ေဒါက္တာညိဳထြန္းေအာင္ထံ စာေရး သေဘာထား ေမးခဲ့သည္

ယင္းသို႔ စာေပးပို႔လာသည့္အေပၚ AA ဒုစစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္ကလည္း စာျပန္ခဲ့ရာ ကဗ်ာအေပၚ ခ်ီးက်ဴးေပးသည့္ ရွစ္ေလးလုံးအေရးေတာ္ပုံမွ ေပါက္ဖြားလာသည့္ ေခါင္းေဆာင္ ၊ ေႏြဦးေတာ္လွန္ေရး၌ တိုက္ပြဲဝင္ေနသည့္ ဦးမင္းကိုႏိုင္အား ေလးစား တန္ဖိုးထားေၾကာင္း ဦးစြာ ေျပာၾကားထားသည္

“ႏွစ္သစ္မွာ စိတ္ကိုယ္ႏွစ္ပါး က်န္းမာၿပီး ဒီေတာ္လွန္ေရးမွာ ယခုထက္ ပိုလုပ္ႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္” ဟုေဒါက္တာညိဳထြန္းေအာင္ကေရးသားထားသည္။ ေႏြဦးေတာ္လွန္ေရး၌ ေရွ႕ဆုံးက ပါဝင္ေနၾကသည့္ ေဆးတကၠသိုလ္မိသားစု၊ သူငယ္ခ်င္း၊မိတ္ေဆြမ်ားထဲက ေႏြဦး ေတာ္လွန္ေရးအတြက္ ခြန္အားရွိသည့္စာ၊ ကဗ်ာ ေရးေပးရန္ ေတာင္းဆိုလာ၍ ေႏြဦးေတာ္လွန္ေရး ႏွစ္ႏွစ္ျပည့္ရန္ ႏွစ္လအလိုတြင္ “လာမယ့္ ေႏြဦးဟာ ငါတို႔ေအာင္ပြဲ” ဆိုသည့္ ကဗ်ာကို “သူပုန္ျဖဴ” ဆိုသည့္ ကေလာင္ျဖင့္ ေရးသားေပးပို႔ခဲ့ေၾကာင္း ေဒါက္တာညိဳထြန္းေအာင္က ေျပာသည္

သူပုန္ျဖဴဆိုသည္မွာ ေဆးေလာက၌ ၎၏ Code နာမည္ျဖစ္ၿပီး သူပုန္ျဖဴ အမည္ျဖင့္ပင္ စာမ်ား ဆက္ေရးျဖစ္မည္ဟု အသိေပးထားသည္။“က်ေနာ္တို႔ ULA/AA အဖြဲ႕အစည္းအပါအဝင္ စစ္ေကာင္စီႏွင့္တိုက္ပြဲျဖစ္ေနၾကတဲ့ ERO (EAO) အဖြဲ႕အစည္းေတြဟာ စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္ျဖစ္ေပၚလာတဲ့ ေႏြဦးေတာ္လွန္ေရးကို ေဘးက လက္ပိုက္ရပ္ၾကည့္ေနၾကတဲ့သူေတြ မဟုတ္ခဲ့ၾကပါဘူး

ကိုယ့္နည္းကိုယ္ဟန္၊ ကိုယ့္အဖြဲ႕အစည္းရပ္တည္ခ်က္၊ မူဝါဒ၊ လမ္းစဥ္ေတြကို ကိုယ့္ျပည္သူလူထု လိုလားခ်က္၊ ေမွ်ာ္မွန္းခ်က္ကို အေျခခံၿပီး ပုံစံတစ္မ်ိဳးမ်ိဳးႏွင့္ ေတာ္လွန္ေရးပရဝဏ္ထဲမွာ တိုက္႐ိုက္ (သို႔မဟုတ္) သြယ္ဝိုက္ ပါဝင္ေနၾကသူေတြခ်ည္းပါပဲ” ဟု ေဒါက္တာညိဳထြန္းေအာင္က ေႏြဦးေတာ္လွန္ေရး၌ AA ပါဝင္သည့္ အခန္းက႑ကို အသိေပးသည္

လုပ္သင့္သည္မ်ားကို ေတာ္လွန္ေရးအသိ၊ ေတာ္လွန္ေရးသတိျဖင့္ လုပ္ေပးလို႔ရသည့္ အရာမ်ားကိုလုပ္ေဆာင္ေပးေနသည္ဟုလည္းေရးသားထားသည္။“က်ေနာ္တို႔ဟာ ဒီႏိုင္ငံထဲမွာ က်ေနာ္တို႔ရဲ႕ ေတာ္လွန္ေရး၊ ေႏြဦးေတာ္လွန္ေရး မေအာင္ျမင္မခ်င္း ေတာ္လွန္ေရးထဲမွာ Anonymous ပုံစံမ်ိဳးႏွင့္ ေတာ္လွန္ေရးရဲ႕ အမွန္တကယ္ လိုအပ္တဲ့ေနရာက ရွိေနမွာပါ။ ဘာလို႔ဆို က်ေနာ္တို႔ေတာ္လွန္ေရးဟာလည္း လမ္းခုလတ္ထဲမွာပဲ ရွိေနေသးတာမို႔ပါ” ဟု ေဒါက္တာညိဳထြန္းေအာင္က ေျပာသည္

AA အေနျဖင့္ ေတာ္လွန္ေရးတာဝန္ကို ၁၃ႏွစ္ခန႔္ တစိုက္မတ္မတ္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေနသည္ဟုလည္း ၎ကဆိုသည္။“ ေတာ္လွန္ ေရးဟာ ဘဝ၊ ေတာ္လွန္ေရးဟာ အသက္ဆိုတဲ့ ခံယူခ်က္မ်ိဳးႏွင့္ က်ေနာ္တို႔လူမ်ိဳးေတြရဲ႕ အမ်ိဳးသားေရးဆိုင္ရာ နစ္နာခ်က္၊ ရပိုင္ခြင့္ ေတြအတြက္ တိုက္ပြဲေနၾကတဲ့သူေတြမို႔ ေႏြဦးေတာ္လွန္ေရးအတြက္ တိုက္ပြဲဝင္ေနၾကတဲ့သူေတြ အၾကားမွာ ဒီအခ်က္ေတြဟာ တူညီေနသလို က်ေနာ္တို႔ ေတာ္လွန္ေရးသမား၊ အဖြဲ႕အစည္းအခ်င္းခ်င္း အၾကားမွာ ေပါင္းစပ္၊ ေပါင္းကူ၊ ေပါင္းစု၊ ေပါင္းလုပ္၊ ေပါင္းတိုက္ လို႔ရတဲ့ ဘုံစုရပ္ ဆုံမွတ္ေတြရွိၿပီးသားပါ က်ေနာ္တို႔ဟာ အဲ့ေနရာေတြမွာ အၿမဲရွိေနပါတယ္။ ဘယ္အခ်ိန္မဆို လာရွာလို႔ ရပါတယ္” ဟုေဒါက္တာညိဳထြန္းေအာင္က ေျပာသည္

ထို႔ျပင္ ဦးမင္းကိုႏိုင္ေမးထားသည့္ သံၿပိဳင္သီဆိုမည့္ ေတးနာမည္ကို ဦးမင္းကိုႏိုင္တို႔ဘက္က ေ႐ြးခ်ယ္ျခင္းကပိုေကာင္းေၾကာင္း ေဒါက္တာညိဳထြန္းေအာင္ကေျပာသည္။ “ဒီေန႔ကေတာ့ ၂၀၂၃ ခုႏွစ္၊ ႏွစ္သစ္အစရက္ျဖစ္သလို ႏွစ္သစ္ေန႔ျဖစ္တာမို႔ ဒီႏိုင္ငံထဲက စစ္ေဘးဒဏ္၊ ျပည္တြင္းစစ္ဒဏ္သင့္ ျပည္သူေတြအတြက္လည္း ဒီစနစ္ဆိုးႀကီးေအာက္က အျမန္ဆုံးကင္းလြတ္ႏိုင္ၾကဖို႔ဆုေတာင္းေပးလိုက္ပါတယ္” ဟု ေဒါက္တာညိဳထြန္းေအာင္က ေျပာသည္

ထိုသို႔ ဦးမင္းကိုႏိုင္ႏွင့္ ေဒါက္တာညိဳထြန္းေအာင္တို႔က စာမ်ားအျပန္အလွန္ေရးၿပီး ေႏြဦးေတာ္လွန္ေရး အေၾကာင္း ေျပာဆိုျခင္းမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရႏွင့္ AA အၾကား ပူးေပါင္းေဆာင္႐ြက္မႈကို အမ်ားအား အသိေပး ထုတ္ေဖာ္ျခင္းျဖစ္သည္ဟု ျမင္ေၾကာင္း ရခိုင္ေဒသခံတစ္ဦးက ေျပာသည္

”အဓိကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ ေအေအကပါဝင္ေနတာကို တရားဝင္ထုတ္ေဖာ္ မေျပာခဲ့ေပမယ့္ ႏိုင္တဲ့ဖက္ကပါဝင္ေနတယ္ဆိုတာကို NUGနဲ႔ULA ၾကား ႏွစ္ဖက္တာဝန္ရွိသူေတြက ယဥ္ယဥ္ေလးထုတ္ေျပာလာၾကတာပါ လာမယ့္အခ်ိန္ေတြမွာပိုၿပီးနားလည္မႈရွိစြာ ပူးေပါင္းေဆာင္႐ြက္လာၾကမယ္ဆိုတာ တစ္ကမာၻလုံးသိေအာင္ ထုတ္ေျပာၾကတာလို႔ျမင္ပါတယ္။အဓိက NDAA ေၾကာင့္လည္းပါမယ္ထင္ပါတယ္” ဟု ရခိုင္ေဒသခံက ေျပာသည္

AAသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲကာလကစၿပီးစစ္ေကာင္စီႏွင့္ အပစ္ရပ္ခဲ့ရာ ၂၀၂၂ ႏွစ္လယ္တြင္ ႏွစ္ဖက္စစ္ေရးတင္းမာမႈ ပိုမိုျမင့္တက္လာကာ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္ ၂လခန႔္ တိုက္ပြဲမ်ား ျပင္းထန္ခဲ့ၿပီးေနာက္ ၂၀၂၂ ႏိုဝင္ဘာလ ေနာင္းပိုင္း၌ အပစ္အခတ္ရပ္စဲေရး ထပ္မံျပဳလုပ္ခဲ့သည္။အဆိုပါ အပစ္အခတ္ရပ္စဲေရးမွာ စစ္ေကာင္စီတပ္က ရခိုင္လူထုအား နည္းမ်ိဳးစုံျဖင့္ ပိတ္ဆို႔ျဖတ္ေတာက္မႈမ်ား လုပ္ေဆာင္ေနသည့္ အေျခအေနတြင္ လူသားခ်င္းစာနာေထာက္ထားမႈ အရေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းAAကအသိေပးထားသည္

AAက ထိုသို႔ စစ္ေကာင္စီႏွင့္ အပစ္ရပ္ခဲ့ေသာ္လည္း AA အေပၚ သံသယမရွိေၾကာင္း ကခ်င္လြတ္လပ္ေရးအဖြဲ႕(KIO/KIA) ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ဂြန္ေမာ္က မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးတခ်ိန္တြင္တိုင္းရင္းသားလက္နက္ကိုင္အားလုံး တိုက္ပြဲတြင္ ပါလာမည္ဟု ေျပာဆိုခဲ့သည္

လူထုေႏြဦး

ကြင်စိုးအဖြစ်ကတော့ ေ-မြွပူရာ က-င်းမှောက်တဲ့အဖြစ်ရောက်ပြီ

2023 မှာ US ရဲ့ NDAA ကိုကြောက်နေပါတယ်ဆို AA ကပါ နွေဦးတော်လှန်ရေးနဲ့အတူ ရှိနေပါတယ်လို့ ထုတ်ပြောလာတာက ပွဲပဲပေ့ါလေ

နွေဦးတော်လှန်ရေး မအောင်မြင်မချင်းတော်လှန်ရေး၏ လိုအပ်သည့်နေရာ၌ရှိနေမည်ဟု AA ဒုစစ်ဦးစီးချုပ် ပြောတယ်“ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်တပ်နဲ့တို-က်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးကို ဘေးက လက်ပိုက်ရပ်ကြည့်နေသူတွေ မဟုတ်ခဲ့ပါဘူး။

ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့အစည်းရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို ကိုယ့်ပြည်သူလူထုရဲ့လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနဲ့ တော်လှန်ရေးပရဝဏ်ထဲတို-က်ရိုက်(သို့မဟုတ်) သွယ်ဝိုက် ပါဝင်နေကြသူတွေချည်းပါပဲ” ဟု AA ဒုတပ်ချုပ်ဒေါက်တာညိုထွန်းအောင်က နွေဦးတော်လှန်ရေး၌ AA ပါဝင်တဲ့ အခန်းကဏ္ဍ အသိပေးတယ် “ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ ကျနော်တို့ရဲ့ တော်လှန်ရေးအပြင် နွေဦးတော်လှန်ရေး မအောင်မြင်မချင်း ဒီတော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။

ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေးတာမို့ပါ” ဟု ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်လို့People’s Spring မှာ ဖော်ပြထားတယ်

စစ်အာဏာရှင်ဖြုတ်ချရေး တသံထဲညီတချီထဲရုန်းတိုက်ပွဲဝင်မည့်ကိစ္စ ဦးမင်းကိုနိုင်နှင့် AA ဒုစစ်ဦးစီးချုပ် တို့က အပြန်အလှန် ပေးစာများဖြင့် ပြည်သူများကိုအသိပေး

▪︎နွေဦးတော်လှန်ရေး မအောင်မြင်မချင်းတော်လှန်ရေး၏လိုအပ်သည့်နေရာ၌ရှိနေမည်ဟု AA ဒုစစ်ဦးစီး ချုပ်ပြော

ဝင်းမောင်/People’s Spring

စစ်အာဏာရှင် ဖြုတ်ချရေး တသံထဲညီ တချီထဲရုန်း တိုက်ပွဲဝင်မည့်သံစုံတီးဝိုင်းအတွက်သီချင်းအမည်ရွေးရန်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်နှင့် ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ လူမှုကွန်ရက်မှတဆင့် အပြန်အလှန် စာရေးပြီး ၎င်းတို့၏ တော်လှန်ရေးအတွက်ရွက်မှု၊တော်လှန်ရေးအပေါ် သဘောထားအမြင်များကို အပြန်အလှန်ပေးစာများဖြင့်ပြည်သူလူထုအား အသိပေးပြောကြားခဲ့သည်။

လာမယ့် နွေဦးဟာ ငါတို့အောင်ပွဲ ခေါင်းစဉ်ကို သူပုန်ဖြူ ကလောင်အမည်ဖြင့် ဒေါက်တာညိုထွန်းအောင်က ကဗျာရေးသားခဲ့ရာ ဦးမင်းကိုနိုင်က ကဗျာပါ စာသားများကကဗျာရေးသူ၏ စိတ်ရင်းကို မြင်တွေ့ရကြောင်း ဖေစ်ဘွခ်မှတစ်ဆင့် “ပေးစာ” ဖြင့်ဖော်ပြခဲ့သည်။

“ဒီတော်လှန်ရေးဟာ ငါတို့တော်လှန်ရေး၊ ငါလုပ်နိုင်တာလုပ်ပေးမယ့်ငါဟာနွေဦးစစ်သည်တစ်ဦးပဲ၊ ငါဟာသူပုန်ဖြူတစ်ကောင်ပဲ၊ ဒီခံယူချက်နှင့်နွေဦးတော်လှန်ရေးမှာ ငါတာဝန်ကျေခဲ့တယ်ဆိုတဲ့ဂုဏ်ဒြပ် သမိုင်းမှတ်တိုင်စိုက်ကြမယ်” ဟု ဒေါက်တာညိုထွန်းအောင်၏ ရေးသားချက်သည် နွေဦးကို ဘဝပုံပျိုးခဲ့ရသူပြည်သူများ အတွက် ဘာသာပြန်မလို သဘောရိုးအတိုင်းအပြည့်ရလိုက်ကြောင်း ဦးမင်းကိုနိုင်ကပြောသည်။

“တကယ်တော့ဆရာရယ်စစ်ဖိနပ်နဲ့အကန်ခံရ အနင်းခံရတာချင်းတူတူဘယ်နံရိုးထိထိအားလုံးနာကျင်ရတာပါပဲ။ ဒီရင်အုံတခုတည်းအောက်အတူရှိပြီးနီးလျက်နဲ့ဝေးသလိုတော့ဘယ်ဖြစ်ပါ့မလဲ။တိုင်းရင်းသားပြည်သူတွေတော်လှန်အင်အားစုတွေညီမှာကိုဖက်ဆစ်တပ်ကအကြောက်ဆုံးပဲလေ” ဟု ဦးမင်းကိုနိုင်က ဒေါက်တာညိုထွန်းအောင်ထံရေးပို့သည့် ပေးစာ၌ ဖော်ပြထားသည်။

လက်ရှိတွင်လည်း ပြည်လုံးအနှံ့ ဗုံးကြဲမီးရှို့ထားသည့် စစ်ကောင်စီတပ်က မြို့များ၊အဝိုင်းများ၌ တိုင်းရင်းသား အလံများ ထူပြလျက်ရှိရာ မည်သည့် တိုင်းရင်းသားကိုမျှ ကိုယ်စားမပြု၊ အလံဆိုသည်မှာယုံကြည်လက်နှင့်လွှင့်ထူမှ ဝိညာဉ်ပါသည်ကို စစ်ကောင်စီ သိဟန်မတူဟု ဦးမင်းကိုနိုင်၏ စာ၌ ပါရှိသည်။

“အချိန်ရရင်တော့ နွေဦးလမ်းမှာတော်လှန်ပန်းစုံ သံစုံတီးမည့် Orchestra ကြီးအကြောင်းအတူပြောချင်ပါသေးတယ်။ အားလုံးသံပြိုင်ဆိုမယ့်တေး နာမည်ရွေးစေချင်ပါသေးတယ်” ဟု ဦးမင်းကိုနိုင်က စစ်ကောင်စီကို တသံထဲညီ တချီထဲရုန်း တိုက်ပွဲဝင်ရန် နှင့်ပတ်သက်ပြီး ဒေါက်တာညိုထွန်းအောင်ထံ စာရေး သဘောထား မေးခဲ့သည်

ယင်းသို့ စာပေးပို့လာသည့်အပေါ် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း စာပြန်ခဲ့ရာ ကဗျာအပေါ် ချီးကျူးပေးသည့် ရှစ်လေးလုံးအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ခေါင်းဆောင် ၊ နွေဦးတော်လှန်ရေး၌ တိုက်ပွဲဝင်နေသည့် ဦးမင်းကိုနိုင်အား လေးစား တန်ဖိုးထားကြောင်း ဦးစွာ ပြောကြားထားသည်

“နှစ်သစ်မှာ စိတ်ကိုယ်နှစ်ပါး ကျန်းမာပြီး ဒီတော်လှန်ရေးမှာ ယခုထက် ပိုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟုဒေါက်တာညိုထွန်းအောင်ကရေးသားထားသည်။ နွေဦးတော်လှန်ရေး၌ ရှေ့ဆုံးက ပါဝင်နေကြသည့် ဆေးတက္ကသိုလ်မိသားစု၊ သူငယ်ချင်း၊မိတ်ဆွေများထဲက နွေဦး တော်လှန်ရေးအတွက် ခွန်အားရှိသည့်စာ၊ ကဗျာ ရေးပေးရန် တောင်းဆိုလာ၍ နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်ရန် နှစ်လအလိုတွင် “လာမယ့် နွေဦးဟာ ငါတို့အောင်ပွဲ” ဆိုသည့် ကဗျာကို “သူပုန်ဖြူ” ဆိုသည့် ကလောင်ဖြင့် ရေးသားပေးပို့ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်

သူပုန်ဖြူဆိုသည်မှာ ဆေးလောက၌ ၎င်း၏ Code နာမည်ဖြစ်ပြီး သူပုန်ဖြူ အမည်ဖြင့်ပင် စာများ ဆက်ရေးဖြစ်မည်ဟု အသိပေးထားသည်။“ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးကို ဘေးက လက်ပိုက်ရပ်ကြည့်နေကြတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး

ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့အစည်းရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို ကိုယ့်ပြည်သူလူထု လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနှင့် တော်လှန်ရေးပရဝဏ်ထဲမှာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်နေကြသူတွေချည်းပါပဲ” ဟု ဒေါက်တာညိုထွန်းအောင်က နွေဦးတော်လှန်ရေး၌ AA ပါဝင်သည့် အခန်းကဏ္ဍကို အသိပေးသည်

လုပ်သင့်သည်များကို တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် လုပ်ပေးလို့ရသည့် အရာများကိုလုပ်ဆောင်ပေးနေသည်ဟုလည်းရေးသားထားသည်။“ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ ကျနော်တို့ရဲ့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး မအောင်မြင်မချင်း တော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။ ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေးတာမို့ပါ” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်

AA အနေဖြင့် တော်လှန်ရေးတာဝန်ကို ၁၃နှစ်ခန့် တစိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ၎င်းကဆိုသည်။“ တော်လှန် ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်ဆိုတဲ့ ခံယူချက်မျိုးနှင့် ကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်၊ ရပိုင်ခွင့် တွေအတွက် တိုက်ပွဲနေကြတဲ့သူတွေမို့ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ အကြားမှာ ဒီအချက်တွေဟာ တူညီနေသလို ကျနော်တို့ တော်လှန်ရေးသမား၊ အဖွဲ့အစည်းအချင်းချင်း အကြားမှာ ပေါင်းစပ်၊ ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက် လို့ရတဲ့ ဘုံစုရပ် ဆုံမှတ်တွေရှိပြီးသားပါ ကျနော်တို့ဟာ အဲ့နေရာတွေမှာ အမြဲရှိနေပါတယ်။ ဘယ်အချိန်မဆို လာရှာလို့ ရပါတယ်” ဟုဒေါက်တာညိုထွန်းအောင်က ပြောသည်

ထို့ပြင် ဦးမင်းကိုနိုင်မေးထားသည့် သံပြိုင်သီဆိုမည့် တေးနာမည်ကို ဦးမင်းကိုနိုင်တို့ဘက်က ရွေးချယ်ခြင်းကပိုကောင်းကြောင်း ဒေါက်တာညိုထွန်းအောင်ကပြောသည်။ “ဒီနေ့ကတော့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်အစရက်ဖြစ်သလို နှစ်သစ်နေ့ဖြစ်တာမို့ ဒီနိုင်ငံထဲက စစ်ဘေးဒဏ်၊ ပြည်တွင်းစစ်ဒဏ်သင့် ပြည်သူတွေအတွက်လည်း ဒီစနစ်ဆိုးကြီးအောက်က အမြန်ဆုံးကင်းလွတ်နိုင်ကြဖို့ဆုတောင်းပေးလိုက်ပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်

ထိုသို့ ဦးမင်းကိုနိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့က စာများအပြန်အလှန်ရေးပြီး နွေဦးတော်လှန်ရေး အကြောင်း ပြောဆိုခြင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် AA အကြား ပူးပေါင်းဆောင်ရွက်မှုကို အများအား အသိပေး ထုတ်ဖော်ခြင်းဖြစ်သည်ဟု မြင်ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်

”အဓိကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အေအေကပါဝင်နေတာကို တရားဝင်ထုတ်ဖော် မပြောခဲ့ပေမယ့် နိုင်တဲ့ဖက်ကပါဝင်နေတယ်ဆိုတာကို NUGနဲ့ULA ကြား နှစ်ဖက်တာဝန်ရှိသူတွေက ယဉ်ယဉ်လေးထုတ်ပြောလာကြတာပါ လာမယ့်အချိန်တွေမှာပိုပြီးနားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်လာကြမယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ထုတ်ပြောကြတာလို့မြင်ပါတယ်။အဓိက NDAA ကြောင့်လည်းပါမယ်ထင်ပါတယ်” ဟု ရခိုင်ဒေသခံက ပြောသည်

AAသည် ၂၀၂၀ ရွေးကောက်ပွဲကာလကစပြီးစစ်ကောင်စီနှင့် အပစ်ရပ်ခဲ့ရာ ၂၀၂၂ နှစ်လယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာကာ တိုက်ပွဲများပြင်းထန်ခဲ့သည် ၂လခန့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ၂၀၂၂ နိုဝင်ဘာလ နောင်းပိုင်း၌ အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ခဲ့သည်။အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ စစ်ကောင်စီတပ်က ရခိုင်လူထုအား နည်းမျိုးစုံဖြင့် ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေသည့် အခြေအနေတွင် လူသားချင်းစာနာထောက်ထားမှု အရဆောင်ရွက်ခြင်းဖြစ်ကြောင်းAAကအသိပေးထားသည်

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီးတချိန်တွင်တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်

လူထုနွေဦး

 

Leave a Reply

Your email address will not be published. Required fields are marked *