ဘုရားသုံးဆူလမ္းေပၚရွိ ေတာင္စြန္း BGF စခန္းကို KNLA သိမ္းပိုက္

KNU တပ္မဟာ ၆ နယ္ေျမ၊ ကရင္ျပည္နယ္ ဘုရားသုံးဆူလမ္းက ေတာင္စြန္း နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF) စခန္းကို KNLA က ဒီေန႔မနက္ သိမ္းလိုက္ၿပီလို႔ KNU တပ္မဟာ ၆ သတင္းအရင္းျမစ္က ေျပာပါတယ္

ဒီေန႔ မနက္ ၃ နာရီေလာက္မွာ BGF စခန္း ၃ ခုထဲမွ ၂ ခုကို ေလာေလာဆယ္ သိမ္းထားၿပီး လက္နက္ခဲယမ္းေတြလည္း အမ်ားျပားရရွိကာ စစ္ေကာင္စီလက္ေအာက္ခံတပ္ေတြ အထိနာ အက်ဆုံး မ်ားတယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) သတင္းအရင္းျမစ္တဦးက ေျပာပါတယ္

“တိုက္ပြဲက ျပင္းထန္လာခဲ့သလို ႏွစ္ဖက္စလုံးက အထိခိုက္အက်ဆုံးေတြ ရွိၾကပါတယ္။ စစ္ေကာင္စီလက္ေအာက္ခံတပ္ဖြဲ႕ေတြ ေျမျပင္မွာအထိနာလာေတာ့ ေလေၾကာင္းပစ္ကူပါ လက္ရွိ ေပးေနခဲ့ရာမွာ ေဒသခံ ၄ ေယာက္ ေလယာဥ္ ဗုံးဆထိမွန္ထားခဲ့တယ္

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕အနီးနားအပါအဝင္ ဘုရားသုံးဆူအထိ ေက်း႐ြာေတြဘက္မွာ စစ္ေကာင္စီတပ္နဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ပူးေပါင္းမဟာမိတ္အဖြဲ႕ေတြၾကား ၂ ပတ္ၾကာ တိုက္ပြဲ ျပင္းထန္ေနတာေၾကာင့္ စစ္ေဘးေရွာင္ ၁၅၀၀ ေက်ာ္ဟာ အေရးေပၚစားနပ္ရိကၡာ၊ ေဆးဝါးနဲ႔ ေနရာထိုင္ခင္းေတြ လိုအပ္ေနတယ္လို႔ ဆိုပါတယ္

ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်းကို KNLA သိမ်းပိုက်

KNU တပ်မဟာ ၆ နယ်မြေ၊ ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းက တောင်စွန်း နယ်ခြားစောင့်တပ်ဖွဲ့ (BGF) စခန်းကို KNLA က ဒီနေ့မနက် သိမ်းလိုက်ပြီလို့ KNU တပ်မဟာ ၆ သတင်းအရင်းမြစ်က ပြောပါတယ်

ဒီနေ့ မနက် ၃ နာရီလောက်မှာ BGF စခန်း ၃ ခုထဲမှ ၂ ခုကို လောလောဆယ် သိမ်းထားပြီး လက်နက်ခဲယမ်းတွေလည်း အများပြားရရှိကာ စစ်ကောင်စီလက်အောက်ခံတပ်တွေ အထိနာ အကျဆုံး များတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းအရင်းမြစ်တဦးက ပြောပါတယ်

“တိုက်ပွဲက ပြင်းထန်လာခဲ့သလို နှစ်ဖက်စလုံးက အထိခိုက်အကျဆုံးတွေ ရှိကြပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ မြေပြင်မှာအထိနာလာတော့ လေကြောင်းပစ်ကူပါ လက်ရှိ ပေးနေခဲ့ရာမှာ ဒေသခံ ၄ ယောက် လေယာဉ် ဗုံးဆထိမှန်ထားခဲ့တယ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားအပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းမဟာမိတ်အဖွဲ့တွေကြား ၂ ပတ်ကြာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ၁၅၀၀ ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *