အာဏာရွင္မ်ိဳးဆက္မ်ားႏွင့္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ေတြ႕ဆုံ
DVB

မဆလ အာဏာရွင္ ဦးေနဝင္း၊ ဦးစန္းယု၊ ဦးစိန္လြင္၊ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ စသူတို႔ရဲ႕ မ်ိဳးဆက္ေတြနဲ႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့တယ္လို႔ စစ္ေကာင္စီသတင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္

စစ္ေခါင္းေဆာင္နဲ႔ ေတြ႕ဆုံတဲ့အထဲမွာ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏု ရဲ႕သမီး ေဒၚသန္းသန္းႏု၊ ဦးစန္းယုရဲ႕သမီး ေဒၚလဲ့လဲ့ယု၊ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ရဲ႕ သား ဦးသီဟေစာ၊ ဦးေနဝင္းရဲ႕ သမီး ေဒါက္တာခင္စႏၵာဝင္း၊

ဦးဗေဆြရဲ႕သမီး ေဒၚေနရည္ ဗေဆြ၊ ဦးေက်ာ္ၿငိမ္းရဲ႕ သမီး ေဒၚခ်ိဳခ်ိဳေက်ာ္ၿငိမ္း၊ ဒုဗိုလ္ခ်ဳပ္ႀကီးထြန္းရီရဲ႕သား ဦးေဇာ္ထြန္းနဲ႔ ဦးစိန္လြင္ရဲ႕ သမီး ေဒါက္တာခ်ိဳလြင္ဦးတို႔ ပါဝင္တယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္

(၇၅)ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔ ဂုဏ္ျပဳအခမ္းအနားကို တက္ေရာက္ၾကမယ့္ ေခတ္အဆက္ဆက္ႏိုင္ငံေတာ္တာဝန္ကိုထမ္းေဆာင္ခဲ့ၾကတဲ့

ႏိုင္ငံေတာ္အႀကီးအကဲေတြနဲ႔ တပ္မေတာ္အရာရွိႀကီးေတြရဲ႕ မိသားစုဝင္ေတြကို စစ္ေခါင္းေဆာင္နဲ႔ ဇနီးျဖစ္သူတို႔က ဒီဇင္ဘာ ၃၁ ရက္က ေနျပည္ေတာ္ရွိဘုရင့္ေနာင္ ဧည့္ရိပ္သာမွာသြားေရာက္ ေတြ႕ဆုံခဲ့တာလို႔ဆိုပါတယ္

Photo-DSINFO

အာဏာရှင်မျိုးဆက်များနှင့် အကြမ်းဖက်စစ်ခေါင်းဆောင်တွေ့ဆုံ
DVB

မဆလ အာဏာရှင် ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် စသူတို့ရဲ့ မျိုးဆက်တွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတဲ့အထဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု ရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးစန်းယုရဲ့သမီး ဒေါ်လဲ့လဲ့ယု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ သား ဦးသီဟစော၊ ဦးနေဝင်းရဲ့ သမီး ဒေါက်တာခင်စန္ဒာဝင်း၊

ဦးဗဆွေရဲ့သမီး ဒေါ်နေရည် ဗဆွေ၊ ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒုဗိုလ်ချုပ်ကြီးထွန်းရီရဲ့သား ဦးဇော်ထွန်းနဲ့ ဦးစိန်လွင်ရဲ့ သမီး ဒေါက်တာချိုလွင်ဦးတို့ ပါဝင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို တက်ရောက်ကြမယ့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြတဲ့

နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော်အရာရှိကြီးတွေရဲ့ မိသားစုဝင်တွေကို စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့က ဒီဇင်ဘာ ၃၁ ရက်က နေပြည်တော်ရှိဘုရင့်နောင် ဧည့်ရိပ်သာမှာသွားရောက် တွေ့ဆုံခဲ့တာလို့ဆိုပါတယ်

Photo-DSINFO

 

Leave a Reply

Your email address will not be published. Required fields are marked *