စစ္အာဏာရွင္ ေတာ္လွန္ေရး လူငယ္မ်ားကို ဦးေဆာင္ဖမ္းဆီးခဲ့သူ လႈိင္သာ ယာ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ရဲထြန္းဦး လက္ဖက္ရည္ဆိုင္တြင္ ပစ္ခတ္ခံ ရၿပီး ေသဆုံး

ရန္ကုန္၊ ဇန္နဝါရီ ၁

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ၂၀ ရပ္ကြက္ မွ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ ေရးမႉး ရဲထြန္းဦး ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသျပည္သူမ်ားထံမွ သိရွိရသည္

ဇန္နဝါရီလ ၁ ရက္ေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ လႈိင္သာယာၿမိဳ႕နယ္ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ရဲထြန္းဦးသည္ ရပ္ကြက္႐ုံးအနီး လက္ဖက္ရည္ဆိုင္ ထိုင္ေနစဥ္ ေသနတ္သမားတခ်ိဳ႕က ဝင္ေရာက္ပစ္ခတ္ရာမွ ပြဲခ်င္းၿပီး ေသဆုံးသြား ျခင္း ျဖစ္ေၾကာင္း သိရွိရသည္

“၂၀ ရပ္ကြက္ လႈိင္သာယာ အုပ္ႀကီး ေစြေစာင္း ေခၚ ရဲထြန္းဦးပစ္သတ္ခံရ ပြဲခ်င္းၿပီး ဂန႔္ပါတယ္။ ေက်ာင္းလမ္းမွာ ပစ္သတ္ခံရတာ။ သူက စစ္အာဏာရွင္ သန္းေ႐ႊလက္ထက္မွာ ရပ္ကြက္ လူႀကီးလုပ္တယ္

NLD လက္ထက္ျပဳတ္ သြား တယ္။ မအလ အာဏာသိမ္းေတာ့ ခ်က္ခ်င္းေနရာျပန္ယူတာ ေလာေလာ ဆယ္ လမ္းေတြ ပိတ္ထားလို႔ ကားေတြ၊ လူေတြ လွည့္ပတ္ သြားေနရတယ္။ ရပ္ကြက္႐ုံးေရွ႕ စာသင္ေက်ာင္းေဘးကလက္ဖက္ရည္ဆိုင္မွာ ပစ္ခတ္ခံရ တာ

အာဏာသိမ္းၿပီးခ်ိန္ အုပ္ႀကီးျဖစ္ေတာ့ အိမ္ေတြေျမေတြဝယ္ၿပီး ေဆာက္ ထားတယ္ တစ္လ ကို သိန္းေျခာက္ဆယ္ေလာက္ရေနတာ။ ဒလန္လည္း လုပ္တယ္။ ေတာ္လွန္ေရးလူငယ္ေတြကိုလည္း ဖမ္းခဲ့တာ သူပဲ” ဟု ရပ္ကြက္ ေနျပည္သူတစ္ဦးက ေျပာဆိုသည္

လက္ရွိတြင္ စစ္တပ္က လမ္းမ်ားကို ပိတ္ဆို႔ထားၿပီး ပစ္ခတ္သူမ်ားကို လိုက္လံ ရွာေဖြေနေၾကာင္း၊ ပစ္ခတ္ခံရၿပီး ေသဆုံးသူ အုပ္ခ်ဳပ္ေရးမႉး ရဲထြန္းဦးသည္ ႀကံ့ဖြတ္ပါတီဝင္တစ္ဦးလည္း ျဖစ္ေၾကာင္း သိရွိရသည္

စစ်အာဏာရှင် တော်လှန်ရေး လူငယ်များကို ဦးဆောင်ဖမ်းဆီးခဲ့သူ လှိုင်သာ ယာ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦး လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံ ရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် မှ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး ရဲထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦးသည် ရပ်ကွက်ရုံးအနီး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွား ခြင်း ဖြစ်ကြောင်း သိရှိရသည်

“၂၀ ရပ်ကွက် လှိုင်သာယာ အုပ်ကြီး စွေစောင်း ခေါ် ရဲထွန်းဦးပစ်သတ်ခံရ ပွဲချင်းပြီး ဂန့်ပါတယ်။ ကျောင်းလမ်းမှာ ပစ်သတ်ခံရတာ။ သူက စစ်အာဏာရှင် သန်းရွှေလက်ထက်မှာ ရပ်ကွက် လူကြီးလုပ်တယ်

NLD လက်ထက်ပြုတ် သွား တယ်။ မအလ အာဏာသိမ်းတော့ ချက်ချင်းနေရာပြန်ယူတာ လောလော ဆယ် လမ်းတွေ ပိတ်ထားလို့ ကားတွေ၊ လူတွေ လှည့်ပတ် သွားနေရတယ်။ ရပ်ကွက်ရုံးရှေ့ စာသင်ကျောင်းဘေးကလက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်ခံရ တာ

အာဏာသိမ်းပြီးချိန် အုပ်ကြီးဖြစ်တော့ အိမ်တွေမြေတွေဝယ်ပြီး ဆောက် ထားတယ် တစ်လ ကို သိန်းခြောက်ဆယ်လောက်ရနေတာ။ ဒလန်လည်း လုပ်တယ်။ တော်လှန်ရေးလူငယ်တွေကိုလည်း ဖမ်းခဲ့တာ သူပဲ” ဟု ရပ်ကွက် နေပြည်သူတစ်ဦးက ပြောဆိုသည်

လက်ရှိတွင် စစ်တပ်က လမ်းများကို ပိတ်ဆို့ထားပြီး ပစ်ခတ်သူများကို လိုက်လံ ရှာဖွေနေကြောင်း၊ ပစ်ခတ်ခံရပြီး သေဆုံးသူ အုပ်ချုပ်ရေးမှူး ရဲထွန်းဦးသည် ကြံ့ဖွတ်ပါတီဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *