ေႏြဦးေတာ္လွန္ေရးကို ေဘးကလက္ပိုက္ ရပ္ၾကည့္ေနခဲ့သူမ်ား မဟုတ္ေၾကာင္း ULA/AA ဒုတိယစစ္ဦးခ်ဳပ္ ညိဳထြန္းေအာင္ ေျပာ
——–

ေႏြဦးေတာ္လွန္ေရးကို ေဘးကလက္ပိုက္ ရပ္ၾကည့္ေနခဲ့သူမ်ား မဟုတ္ေၾကာင္း ULA/AA ဒုတိယစစ္ဦးခ်ဳပ္ ညိဳထြန္းေအာင္က ေျပာၾကားသည္

NUCC တြင္ ပါဝင္ေဆာင္႐ြက္ေနသည့္ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္ထံ ေပးပို႔သည့္စာတြင္ ဒုတိယစစ္ဦးစီးခ်ဳပ္က ေရးသားထားျခင္းျဖစ္သည္

” က်ေနာ္တို႔ ULA/AA အဖြဲ႕အစည္းအပါအဝင္ စစ္ေကာင္စီႏွင့္ တိုက္ပြဲျဖစ္ေနၾကတဲ့ ERO (EAO) အဖြဲ႕အစည္းေတြဟာ စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္ျဖစ္ေပၚလာတဲ့ ေႏြဦးေတာ္လွန္ေရးကို ေဘးက လက္ပိုက္ရပ္ၾကည့္ေနၾကတဲ့သူေတြ မဟုတ္ခဲ့ၾကပါဘူး။ ကိုယ့္နည္းကိုယ္ဟန္၊ ကိုယ့္အဖြဲ႕အစည္း ရပ္တည္ခ်က္၊ မူဝါဒ၊ လမ္းစဥ္ေတြကို ကိုယ့္ျပည္သူလူထု လိုလားခ်က္၊ ေမွ်ာ္မွန္းခ်က္ကို အေျခခံၿပီး ပုံစံတစ္မ်ိဳးမ်ိဳးႏွင့္ ေတာ္လွန္ေရးပရဝဏ္ထဲမွာ တိုက္႐ိုက္ (သို႔မဟုတ္) သြယ္ဝိုက္ ပါဝင္ေနၾကသူေတြခ်ည္းပါပဲ” ဟု ဆရာဝန္တစ္ဦးလည္းျဖစ္သည့္ ဒုတိယစစ္ဦးစီးခ်ဳပ္က ကိုမင္းကိုႏိုင္ထံ ေပးပို႔သည့္ စာထဲတြင္ ေရးသားထားသည္

ကဗ်ာေရးသားသူတစ္ဦးလည္းျဖစ္သည့္ ေဒါက္တာညိဳထြန္းေအာင္က ၿပီးခဲ့သည့္လပိုင္းတြင္ ” သူပုန္ျဖဴ” ဆိုသည့္ ကေလာင္အမည္ျဖင့္ ” လာမယ့္ေႏြဦးဟာ ငါတို႔ေအာင္ပြဲ”ဆိုသည့္ ကဗ်ာကို ေဆးေလာကသားမ်ားအတြက္ ေရးသားစပ္ဆိုခဲ့သည္

ယင္းကဗ်ာအား ကိုမင္းကိုႏိုင္က ခ်ီးက်ဴးခဲ့ၿပီးေနာက္ ဇန္နဝါရီ ၁ ရက္တြင္ အျပန္အလွန္စာမ်ားေပးပို႔ခဲ့သည္။ရခိုင့္ေတာ္လွန္ေရးမွာလည္း လမ္းခုလတ္မွာပင္ ရွိေနေသးသည့္ အခ်ိန္ျဖစ္ေၾကာင္း၊ ေႏြဦးေတာ္လွန္ေရးေဆာင္႐ြက္သူမ်ားႏွင့္ ရခိုင့္ေတာ္လွန္ေရးေဆာင္႐ြက္သူမ်ားမွာ ဘုံသေဘာထား တူညီခ်က္မ်ားရွိေၾကာင္း ဒုတိယစစ္ဦးစီးခ်ဳပ္က ေျပာသည္

” က်ေနာ္တို႔ဟာ ရကၡိဳင့္ေတာ္လွန္ေရးကို ဆယ္စုႏွစ္ခ်ီၿပီး ျဖတ္သန္းခဲ့တဲ့ ေတာ္လွန္ေရး အဖြဲ႕အစည္းႏွင့္ ေတာ္လွန္ေရးသမားစစ္စစ္ တစ္ေယာက္အေနႏွင့္ ရွိေနခဲ့ပါတယ္ လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ကို ေျပာစရာမလိုဘဲ ေတာ္လွန္ေရး အသိ၊ ေတာ္လွန္ေရးသတိႏွင့္ လုပ္ေပးလို႔ရတဲ့အရာေတြကို လုပ္ေပးေနပါတယ္

က်ေနာ္တို႔ဟာ ဒီႏိုင္ငံထဲမွာ က်ေနာ္တို႔ရဲ႕ ေတာ္လွန္ေရး၊ ေႏြဦးေတာ္လွန္ေရး မေအာင္ျမင္မခ်င္း ေတာ္လွန္ေရးထဲမွာ Anonymous ပုံစံမ်ိဳးႏွင့္ ေတာ္လွန္ေရးရဲ႕ အမွန္တကယ္ လိုအပ္တဲ့ေနရာက ရွိေနမွာပါ။ ဘာလို႔ဆို က်ေနာ္တို႔ေတာ္လွန္ေရးဟာလည္း လမ္းခုလတ္ထဲမွာပဲ ရွိေနေသး တာမို႔ပါ

က်ေနာ္တို႔ဟာ ေတာ္လွန္ေရးတာဝန္ကို ဆယ့္သုံးႏွစ္ခန႔္ တစိုက္မတ္မတ္ အားခြန္သြန္စိုက္ႀကိဳးပမ္းေဆာင္႐ြက္ေနၾကၿပီး ေတာ္လွန္ ေရးဟာ ဘဝ၊ ေတာ္လွန္ေရးဟာ အသက္ဆိုတဲ့ ခံယူခ်က္မ်ိဳးႏွင့္ က်ေနာ္တို႔လူမ်ိဳးေတြရဲ႕ အမ်ိဳးသားေရးဆိုင္ရာ နစ္နာခ်က္၊ ရပိုင္ခြင့္ ေတြအတြက္ တိုက္ပြဲေနၾကတဲ့သူေတြမို႔ ေႏြဦးေတာ္လွန္ေရးအတြက္ တိုက္ပြဲဝင္ေနၾကတဲ့သူေတြ အၾကားမွာ ဒီအခ်က္ေတြဟာ တူညီေနသလို က်ေနာ္တို႔ ေတာ္လွန္ေရးသမား၊ အဖြဲ႕အစည္းအခ်င္းခ်င္း အၾကားမွာ ေပါင္းစပ္၊ ေပါင္းကူ၊ ေပါင္းစု၊ ေပါင္းလုပ္၊ ေပါင္းတိုက္ လို႔ရတဲ့ ဘုံစုရပ္ ဆုံမွတ္ေတြရွိၿပီးသားပါ

က်ေနာ္တို႔ဟာ အဲ့ေနရာေတြမွာ အၿမဲရွိေနပါတယ္။ ဘယ္အခ်ိန္မဆို လာရွာလို႔ ရပါတယ္”ဟု ဒုတိယစစ္ဦးစီးခ်ဳပ္က ေျပာသည္။ျပည္တြင္းစစ္ဒဏ္သင့္ေနသည့္ ျပည္သူမ်ားကိုလည္း စနစ္ဆိုးႀကီး ေအာက္မွ အျမန္ဆုံး ႐ုန္းထြက္ႏိုင္ၾကပါေစဟု ႏွစ္သစ္ကူး ဆုေတာင္းအျဖစ္ ဒုတိယစစ္ဦးစီးခ်ဳပ္က ေရးသားထားသည္

ULA/ AA မွာ စစ္ေကာင္စီႏွင့္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး လြန္ခဲ့သည့္ တစ္လေက်ာ္ခန္႔က အလြတ္သေဘာျဖင့္ ႏွစ္ဖက္ အပစ္အခတ္ ရပ္စဲထားသည္

ULA / AA ၏ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကလည္း စစ္ေကာင္စီ၏ နပခ တိုင္းမႉး ထင္လတ္ဦးအား “အာ႐ုံေနာက္ ေအာင္ လာမလုပ္နဲ႔ တက္ႀကိတ္ပစ္လိုက္မယ္” ဆိုသည့္ သတိေပးသည့္ စာမွာလည္း လူမႈကြန္ရက္တြင္ လူအမ်ား ႀကိဳက္ႏွစ္သက္ခဲ့သည့္ အေၾကာင္းအရာတစ္ခုလည္း ျဖစ္သည္

နွေဦးတော်လှန်ရေးကို ဘေးကလက်ပိုက် ရပ်ကြည့်နေခဲ့သူများ မဟုတ်ကြောင်း ULA/AA ဒုတိယစစ်ဦးချုပ် ညိုထွန်းအောင် ပြော
——–

နွေဦးတော်လှန်ရေးကို ဘေးကလက်ပိုက် ရပ်ကြည့်နေခဲ့သူများ မဟုတ်ကြောင်း ULA/AA ဒုတိယစစ်ဦးချုပ် ညိုထွန်းအောင်က ပြောကြားသည်

NUCC တွင် ပါဝင်ဆောင်ရွက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ထံ ပေးပို့သည့်စာတွင် ဒုတိယစစ်ဦးစီးချုပ်က ရေးသားထားခြင်းဖြစ်သည်

” ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးကို ဘေးက လက်ပိုက်ရပ်ကြည့်နေကြတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့အစည်း ရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို ကိုယ့်ပြည်သူလူထု လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနှင့် တော်လှန်ရေးပရဝဏ်ထဲမှာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်နေကြသူတွေချည်းပါပဲ” ဟု ဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒုတိယစစ်ဦးစီးချုပ်က ကိုမင်းကိုနိုင်ထံ ပေးပို့သည့် စာထဲတွင် ရေးသားထားသည်

ကဗျာရေးသားသူတစ်ဦးလည်းဖြစ်သည့် ဒေါက်တာညိုထွန်းအောင်က ပြီးခဲ့သည့်လပိုင်းတွင် ” သူပုန်ဖြူ” ဆိုသည့် ကလောင်အမည်ဖြင့် ” လာမယ့်နွေဦးဟာ ငါတို့အောင်ပွဲ”ဆိုသည့် ကဗျာကို ဆေးလောကသားများအတွက် ရေးသားစပ်ဆိုခဲ့သည်

ယင်းကဗျာအား ကိုမင်းကိုနိုင်က ချီးကျူးခဲ့ပြီးနောက် ဇန်နဝါရီ ၁ ရက်တွင် အပြန်အလှန်စာများပေးပို့ခဲ့သည်။ရခိုင့်တော်လှန်ရေးမှာလည်း လမ်းခုလတ်မှာပင် ရှိနေသေးသည့် အချိန်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးဆောင်ရွက်သူများနှင့် ရခိုင့်တော်လှန်ရေးဆောင်ရွက်သူများမှာ ဘုံသဘောထား တူညီချက်များရှိကြောင်း ဒုတိယစစ်ဦးစီးချုပ်က ပြောသည်

” ကျနော်တို့ဟာ ရက္ခိုင့်တော်လှန်ရေးကို ဆယ်စုနှစ်ချီပြီး ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းနှင့် တော်လှန်ရေးသမားစစ်စစ် တစ်ယောက်အနေနှင့် ရှိနေခဲ့ပါတယ် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ပြောစရာမလိုဘဲ တော်လှန်ရေး အသိ၊ တော်လှန်ရေးသတိနှင့် လုပ်ပေးလို့ရတဲ့အရာတွေကို လုပ်ပေးနေပါတယ်

ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ ကျနော်တို့ရဲ့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး မအောင်မြင်မချင်း တော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။ ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေး တာမို့ပါ

ကျနော်တို့ဟာ တော်လှန်ရေးတာဝန်ကို ဆယ့်သုံးနှစ်ခန့် တစိုက်မတ်မတ် အားခွန်သွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြပြီး တော်လှန် ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်ဆိုတဲ့ ခံယူချက်မျိုးနှင့် ကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်၊ ရပိုင်ခွင့် တွေအတွက် တိုက်ပွဲနေကြတဲ့သူတွေမို့ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ အကြားမှာ ဒီအချက်တွေဟာ တူညီနေသလို ကျနော်တို့ တော်လှန်ရေးသမား၊ အဖွဲ့အစည်းအချင်းချင်း အကြားမှာ ပေါင်းစပ်၊ ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက် လို့ရတဲ့ ဘုံစုရပ် ဆုံမှတ်တွေရှိပြီးသားပါ

ကျနော်တို့ဟာ အဲ့နေရာတွေမှာ အမြဲရှိနေပါတယ်။ ဘယ်အချိန်မဆို လာရှာလို့ ရပါတယ်”ဟု ဒုတိယစစ်ဦးစီးချုပ်က ပြောသည်။ပြည်တွင်းစစ်ဒဏ်သင့်နေသည့် ပြည်သူများကိုလည်း စနစ်ဆိုးကြီး အောက်မှ အမြန်ဆုံး ရုန်းထွက်နိုင်ကြပါစေဟု နှစ်သစ်ကူး ဆုတောင်းအဖြစ် ဒုတိယစစ်ဦးစီးချုပ်က ရေးသားထားသည်

ULA/ AA မှာ စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် တစ်လကျော်ခန့်က အလွတ်သဘောဖြင့် နှစ်ဖက် အပစ်အခတ် ရပ်စဲထားသည်

ULA / AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း စစ်ကောင်စီ၏ နပခ တိုင်းမှူး ထင်လတ်ဦးအား “အာရုံနောက် အောင် လာမလုပ်နဲ့ တက်ကြိတ်ပစ်လိုက်မယ်” ဆိုသည့် သတိပေးသည့် စာမှာလည်း လူမှုကွန်ရက်တွင် လူအများ ကြိုက်နှစ်သက်ခဲ့သည့် အကြောင်းအရာတစ်ခုလည်း ဖြစ်သည်

 

Leave a Reply

Your email address will not be published. Required fields are marked *