အမ်ိဳးသမီးမ်ားေသြးသားမွန္ကန္လွေစဟန္ထူး ရွိခဲ့ဖူးသည္ကား ေဇာ္ဂ်ီေတာင္ေဝွးပင္ျဖစ္၏။ ေဆးႀကိတ္ေဇာ္ဂ်ီတို႔ ေတာင္ေဝွးသဖြယ္ လက္ကိုင္စြဲစြာအသုံးျပဳေသာ ေဆးပင္ျဖစ္၍ေဇာ္ဂ်ီေတာင္ေဝွးပင္ဟုေခၚတာေနမွာေပါ့ကြာဟ ုေျပာျပဖူးေသာ အဘိုးျဖစ္သူကို သတိရမိသည္။ထိုေၾကာင့္လည္း ေဇာ္ဂ်ီေတာင္ေဝွး အိုေလလိုရာေဆး ဟုသီခ်င္းတြင္သီဖြဲ႕ေရးခဲ့သည္ထင္ပါသည္

အမ်ိဳးသမီးမ်ားေသြးသားမွန္ကန္လွေစရန

ေဇာ္ဂ်ီေတာင္ေဝွး ပၪၥ(၅)ပါးညႇစ္ရည္(သတၱဳရည္)ကို ထန္းလ်က္ႏွင့္ဆတူေရာစပ္၍ ေနစဥ္ေသာက္သုံး ေပး ပါက အမ်ိဳးသမီးမ်ားေသြးသားမွန္ကန္ၿပီးလွပဝၿဖိဳးလာပါလိမ့္မည္။

ေသြးဆုံးေရာဂါေပ်ာက္ေစရာ

ေဇာ္ဂ်ီေတာင္ေဝွးပင္၏ ပၪၥ(၅)ပါးကိုႀကိတ္ရည္ ညႇစ္ၿပီးခ်င္းႏွင့္ထန္းလ်က္ တို႔ကို ဆတူေရာစပ္၍ ေန႔စဥ္ေသာက္သုံးေပးပါက အမ်ိဳးသမီးမ်ား ေသြးဆုံးေရာဂါကင္းေပ်ာက္ၿပီး အေမာအပန္းပါခံလာႏိုင္ပါသည္

အမ်ိဳးသမီးမ်ားမီးယပ္မေပၚပါလွ်င္ ေဇာ္ဂ်ီေတာင္ေဝွးပၪၥ(၅)ပါးကိုသၾကားႏွင့္က်ိဳ ေသာက ္ေပးပါက မီးယပ္ေပၚေစသည္။

ေဇာ္ဂ်ီေတာင္ေဝွးပင္ႏွင့္ေပ်ာက္ကင္းေစေသာေရာဂါမ်ား အနီေရာင္၊အစိမ္းေရာင္၊ေဇာ္ေရာင္စသည္ျဖင့္အ မ်ိဳးမ်ိဳးရွိသည္။အခ်ိဳ႕ကေဇာ္ဂမုန္းဟုလည္းေခၚၾကသည္။အ႐ြက္အ ေနအထားတြင္လည္းအႀကီး၊အငယ္၊အသြယ္၊ အတိုဟူ၍အမ်ိဳးမ်ိဳးရွိျပန္သည္

ေသြးအန္၊ေသြးက်၊ေသြးလွ်ံ၊ေသြးသြန္နာျဖစ္ပါက ေဇာ္ဂ်ီေတာင္ေဝွးပၪၥ(၅)ပါးကို သၾကားႏွင့္ သုံးခြက္တစ္ခြက္တင္ျပဳတ္က်ိဳၿပီးေသာက္ရသည္။(အရွင္နာဂသိန္ေဆးက်မ္းအဆို)

ႏွာေခါင္းေသြးလွ်ံေသြးက်ျခင္း

အျမစ္ကိုေသြး၍ရႉေပးရသည္။

လွ်ာအနာအဖုအပိန႔္

အျမစ္ကိုေသြးၿပီး ဆားအနည္းငယ္ထည့္ကာ လွ်ာနာကိုႏႈိက္ေပးရသည္

ဝဲစို၊ဝဲေျခာက္၊ေပါင္းၿခံကြဲနာ

အျမစ္ကိုေသြးၿပီးလိမ္းေပးပါက ေပ်ာက္ကင္းေစသည္

ဝမ္းကိုက္ေရာဂါ

အ႐ြက္ကိုပါးပါးလွီၿပီးသုပ္စားေပးပါက ဝမ္းကိုက္ေပ်ာက္ၿပီး၊ဝမ္းကိုလည္းေကာင္းေစသည္။

ရင္ဘတ္နာ

အ႐ြက္ကို ႏြားႏို႔ႏွင့္ျပဳတ္ၿပီးေသာ္ကေပးပါက ရင္ဘတ္နာေဝဒနာ သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္

ပန္းနာရင္က်က္

ေဇာ္ဂ်ီေတာင္ေဝွးအ႐ြက္ႏွင့္အ႐ိုးကို ျပဳတ္က်ိဳၿပီး ေန႔စဥ္နံက္တစ္ခြက္ညတစ္ခြက္ေန႔စဥ္ေသာက္ပါက ပန္းနာေရာဂါသက္သာၿပီးေပ်ာက္ကင္းေစပါသည္။ ထိုျပင္အ႐ြက္ႏွင့္အ႐ိုးကိုအေျခာက္လွန္းၿပီး ေရေႏြး တြင ္ခပ္ေသာက္ေပးပါက ပန္းနာမထဘဲ စိတ္ခ်ရသည္ဟု ၫႊန္းဆိုသည္လည္းရွိပါသည္ကိုးကားျမန္မာေဆးဝါးပင္မ်ား/လက္တစ္ကမ္းမွေဆးစြမ္းမ်ားရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

အမျိုးသမီးများသွေးသားမှန်ကန်လှစေဟန်ထူး ရှိခဲ့ဖူးသည်ကား ဇော်ဂျီတောင်ဝှေးပင်ဖြစ်၏။ ဆေးကြိတ်ဇော်ဂျီတို့ တောင်ဝှေးသဖွယ် လက်ကိုင်စွဲစွာအသုံးပြုသော ဆေးပင်ဖြစ်၍ဇော်ဂျီတောင်ဝှေးပင်ဟုခေါ်တာနေမှာပေါ့ကွာဟ ုပြောပြဖူးသော အဘိုးဖြစ်သူကို သတိရမိသည်။ထိုကြောင့်လည်း ဇော်ဂျီတောင်ဝှေး အိုလေလိုရာဆေး ဟုသီချင်းတွင်သီဖွဲ့ရေးခဲ့သည်ထင်ပါသည်

အမျိုးသမီးများသွေးသားမှန်ကန်လှစေရန

ဇော်ဂျီတောင်ဝှေး ပဉ္စ(၅)ပါးညှစ်ရည်(သတ္တုရည်)ကို ထန်းလျက်နှင့်ဆတူရောစပ်၍ နေစဉ်သောက်သုံး ပေး ပါက အမျိုးသမီးများသွေးသားမှန်ကန်ပြီးလှပဝဖြိုးလာပါလိမ့်မည်။

သွေးဆုံးရောဂါပျောက်စေရာ

ဇော်ဂျီတောင်ဝှေးပင်၏ ပဉ္စ(၅)ပါးကိုကြိတ်ရည် ညှစ်ပြီးချင်းနှင့်ထန်းလျက် တို့ကို ဆတူရောစပ်၍ နေ့စဉ်သောက်သုံးပေးပါက အမျိုးသမီးများ သွေးဆုံးရောဂါကင်းပျောက်ပြီး အမောအပန်းပါခံလာနိုင်ပါသည်

အမျိုးသမီးများမီးယပ်မပေါ်ပါလျှင် ဇော်ဂျီတောင်ဝှေးပဉ္စ(၅)ပါးကိုသကြားနှင့်ကျို သောက ်ပေးပါက မီးယပ်ပေါ်စေသည်။

ဇော်ဂျီတောင်ဝှေးပင်နှင့်ပျောက်ကင်းစေသောရောဂါများ အနီရောင်၊အစိမ်းရောင်၊ဇော်ရောင်စသည်ဖြင့်အ မျိုးမျိုးရှိသည်။အချို့ကဇော်ဂမုန်းဟုလည်းခေါ်ကြသည်။အရွက်အ နေအထားတွင်လည်းအကြီး၊အငယ်၊အသွယ်၊ အတိုဟူ၍အမျိုးမျိုးရှိပြန်သည်

သွေးအန်၊သွေးကျ၊သွေးလျှံ၊သွေးသွန်နာဖြစ်ပါက ဇော်ဂျီတောင်ဝှေးပဉ္စ(၅)ပါးကို သကြားနှင့် သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီးသောက်ရသည်။(အရှင်နာဂသိန်ဆေးကျမ်းအဆို)

နှာခေါင်းသွေးလျှံသွေးကျခြင်း

အမြစ်ကိုသွေး၍ရှူပေးရသည်။

လျှာအနာအဖုအပိန့်

အမြစ်ကိုသွေးပြီး ဆားအနည်းငယ်ထည့်ကာ လျှာနာကိုနှိုက်ပေးရသည်

ဝဲစို၊ဝဲခြောက်၊ပေါင်းခြံကွဲနာ

အမြစ်ကိုသွေးပြီးလိမ်းပေးပါက ပျောက်ကင်းစေသည်

ဝမ်းကိုက်ရောဂါ

အရွက်ကိုပါးပါးလှီပြီးသုပ်စားပေးပါက ဝမ်းကိုက်ပျောက်ပြီး၊ဝမ်းကိုလည်းကောင်းစေသည်။

ရင်ဘတ်နာ

အရွက်ကို နွားနို့နှင့်ပြုတ်ပြီးသော်ကပေးပါက ရင်ဘတ်နာဝေဒနာ သက်သာပျောက်ကင်းသွားပါလိမ့်မည်

ပန်းနာရင်ကျက်

ဇော်ဂျီတောင်ဝှေးအရွက်နှင့်အရိုးကို ပြုတ်ကျိုပြီး နေ့စဉ်နံက်တစ်ခွက်ညတစ်ခွက်နေ့စဉ်သောက်ပါက ပန်းနာရောဂါသက်သာပြီးပျောက်ကင်းစေပါသည်။ ထိုပြင်အရွက်နှင့်အရိုးကိုအခြောက်လှန်းပြီး ရေနွေး တွင ်ခပ်သောက်ပေးပါက ပန်းနာမထဘဲ စိတ်ချရသည်ဟု ညွှန်းဆိုသည်လည်းရှိပါသည်ကိုးကားမြန်မာဆေးဝါးပင်များ/လက်တစ်ကမ်းမှဆေးစွမ်းများရဲမျိုးသူ(ဗောဓိမြိုင်)

 

Leave a Reply

Your email address will not be published. Required fields are marked *