ျမင္းၿခံႏွင့္ ႏြားထိုးႀကီးၾကား စစ္ကားကို မိုင္းဆြဲရာ စကစေတြ အေသအေပ်ာက္ ရွိ၊
MFP ၊ ဇႏၷဝါရီ – ၁
မႏၲေလးတိုင္း၊ ျမင္းၿခံႏွင့္ ႏြားထိုးႀကီးၿမိဳ႕နယ္ၾကား၊ ဒဟတ္ေတာ႐ြာအနီးမွာ ယမန္ေန႔က စစ္ကားတစ္စီးကို မိုင္းဆြဲ တိုက္ခိုက္ခဲ့ရာ စစ္အုပ္စု အေသအေပ်ာက္ ရွိႏိုင္တယ္လို႔ Natogyi People Defence Force – ျမင္းၿခံခ႐ိုင္ အမွတ္(၄)တပ္ရင္းက သတင္း ထုတ္ျပန္ပါတယ္
ဒီဇင္ဘာ(၃၀)ရက္ မနက္(၇)နာရီက ျမင္းၿခံနယ္ကေန ႏြားထိုးႀကီးၿမိဳ႕နယ္ဘက္ အသြား စစ္အုပ္စု (၅၀)နီးပါး ပါတဲ့ စစ္ကားကို ဒဟတ္ေတာ႐ြာအနီးမွာ မိုင္းဆြဲခဲ့တာလို႔ ဆိုပါတယ္
“စခ (၅၀)ခန႔္ပါ (စခ)ကားႀကီး တစ္စီးအား ဘဟက္ေတာ ေက်း႐ြာအနီးတြင္ ကြၽႏ္ုပ္တို႔ NPDF အဖြဲ႕မွ မိုင္းဆြဲ တိုက္ခိုက္ခဲ့ရာ (စခ)မ်ားဘက္မွ ထိခိုက္ေသဆုံးမႈမ်ား ရွိခဲ့ေသာ္လည္း အေရအတြက္ အတိအက်ကို စုံစမ္းစစ္ေဆး ေနဆဲျဖစ္သည္” လို႔ NPDF က ေဖာ္ျပပါတယ္
မိုင္းဆြဲခံရၿပီးေနာက္ စစ္အုပ္စုက ဘဟတ္ေတာ႐ြာသားေတြကို ႐ြာအျပင္ ေခၚထုတ္ၿပီး စစ္ေဆးတာေတြ ရွိခဲ့သလို ေတာေဝး ေက်း႐ြာက ေဒသခံျပည္သူေတြကိုလည္ူ ႐ြာအျပင္ ေခၚထုတ္ၿပီး စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ ဆိူပါတယ္
ႏြားထိုးႀကီး အပါအဝင္ ျမင္းၿခံနယ္ထဲ စစ္အုပ္စုက လက္နက္အားကိုးနဲ႔ ထင္တိုင္းက်ဲ ေသာင္းက်န္းေနၿပီး လူသတ္၊ လုယက္၊ ဓားျပတိုက္၊ မိုက္ေၾကးခြဲ၊ ဖမ္းဆီးေငြညႇစ္၊ အိမ္မီးရႈိ႕တာေတြ က်ဴးလြန္ေနတာ ျဖစ္ပါတယ္
(မွတ္ခ်က္ – အာဏာသိမ္း စစ္အုပ္စုက ဥပေဒမဲ့ အႏိုင္က်င့္ ရန္ျပဳ ေသာင္းက်န္းေနလို႔ Profile အစစ္အမွန္နဲ႔ မွတ္ခ်က္ေပး (Comment) ေရးသားတာေတြ အထူး ဂ႐ုျပဳၾကဖို႔ သတိေပး ေမတၱာရပ္ခံပါတယ္
မြင်းခြံနှင့် နွားထိုးကြီးကြား စစ်ကားကို မိုင်းဆွဲရာ စကစတွေ အသေအပျောက် ရှိ၊
MFP ၊ ဇန္နဝါရီ – ၁
မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်ကြား၊ ဒဟတ်တောရွာအနီးမှာ ယမန်နေ့က စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက် ရှိနိုင်တယ်လို့ Natogyi People Defence Force – မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်
ဒီဇင်ဘာ(၃၀)ရက် မနက်(၇)နာရီက မြင်းခြံနယ်ကနေ နွားထိုးကြီးမြို့နယ်ဘက် အသွား စစ်အုပ်စု (၅၀)နီးပါး ပါတဲ့ စစ်ကားကို ဒဟတ်တောရွာအနီးမှာ မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်
“စခ (၅၀)ခန့်ပါ (စခ)ကားကြီး တစ်စီးအား ဘဟက်တော ကျေးရွာအနီးတွင် ကျွန်ုပ်တို့ NPDF အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ (စခ)များဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အရေအတွက် အတိအကျကို စုံစမ်းစစ်ဆေး နေဆဲဖြစ်သည်” လို့ NPDF က ဖော်ပြပါတယ်
မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ဘဟတ်တောရွာသားတွေကို ရွာအပြင် ခေါ်ထုတ်ပြီး စစ်ဆေးတာတွေ ရှိခဲ့သလို တောဝေး ကျေးရွာက ဒေသခံပြည်သူတွေကိုလည်ူ ရွာအပြင် ခေါ်ထုတ်ပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိူပါတယ်
နွားထိုးကြီး အပါအဝင် မြင်းခြံနယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မိုက်ကြေးခွဲ၊ ဖမ်းဆီးငွေညှစ်၊ အိမ်မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်
(မှတ်ချက် – အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေလို့ Profile အစစ်အမှန်နဲ့ မှတ်ချက်ပေး (Comment) ရေးသားတာတွေ အထူး ဂရုပြုကြဖို့ သတိပေး မေတ္တာရပ်ခံပါတယ်