ႏိုင္ငံေရး သမိုင္းေကာင္းတခုကို ဖန္တီးႏိုင္မည့္ အခြင့္အေရးအား ၂၀၂၃ တြင္ အရယူၾကရန္ စစ္ေခါင္းေဆာင္ေျပာ

ဧရာဝတီ၊ ဇႏၷဝါရီ ၁၊ ၂၀၂၃

၂၀၂၃ ခုႏွစ္သည္ ျမန္မာ့ႏိုင္ငံေရး အခ်ိဳးအေကြ႕တြင္ သမိုင္းေကာင္းတခုကို ဖန္တီးႏိုင္မည့္ႏွစ္ ျဖစ္ရာ တိုင္းရင္းသား ျပည္သူမ်ားက အဆိုပါ အခြင့္အေရးကို အရယူၾကရန္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၂၀၂၃ ခုႏွစ္ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားတြင္ ထည့္သြင္း ေျပာဆိုသည္

၂၀၂၃ ခုႏွစ္သည္ တႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ၿငိမ္းခ်မ္းေရး၏ အသီးအပြင့္မ်ားကို ခံစားႏိုင္ရန္ အစပ်ိဳးသည့္ႏွစ္ ျဖစ္ရာ ျမန္မာ့ႏိုင္ငံေရးတြင္ သမိုင္းေကာင္းတခုကို ဖန္တီးႏိုင္မည့္ အခြင့္အေရးေကာင္းကို တိုင္းရင္းသားျပည္သူမ်ား ပိုင္ဆိုင္ခြင့္ရမည့္ႏွစ္ တႏွစ္ျဖစ္ေသာေၾကာင့္ အဆိုပါအခြင့္အေရးကို အရယူႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ၎က ဆိုသည္

ျပည္သူမ်ား၏ ဒီမိုကေရစီ အခြင့္အေရးမ်ား မဆုံးရႈံးေစရန္ တႏိုင္ငံလုံး ေနရာအႏွံ႔ အၾကားအလပ္မရွိ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ တိုင္းျပည္ကို မူလအေျခအေနအတိုင္း ေအးခ်မ္းေစရန္ ေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ေျပာသည္

ထို႔ျပင္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ဘက္ေပါင္းစုံမွ ရွိသမွ် တံခါးမ်ားကို ဖြင့္၍ လက္ကမ္းႀကိဳဆိုလွ်က္ရွိေၾကာင္းလည္း စစ္ေခါင္းေဆာင္က ဆိုလာသည္

ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိန႔္ခြန္းတြင္ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရသည္မွာ ၇၅ ႏွစ္ ရွိလာေတာ့မည့္တိုင္ေအာင္ လြတ္လပ္ေရး အရသာကို အျပည့္အဝ မခံစားရေသးေၾကာင္း ၊

လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားေနသည့္ အတြက္ ၿငိမ္းခ်မ္းေရးကို ဖိတ္ေခၚေဆြးေႏြးခဲ့ၿပီး ေဆြး ေႏြးၿပီးသမွ် တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ႏွင့္ အလားအလာေကာင္းသည့္ သေဘာတူညီမႈမ်ား ရရွိခဲ့ေၾကာင္းလည္း ဆိုသည္

“မိမိေဒသ၊ မိမိလူမ်ိဳးရဲ႕ေကာင္းက်ိဳးကို တကယ့္ရင္ထဲက စစ္မွန္တဲ့ေစတနာ၊ ေမတၱာ၊အမွန္တရားနဲ႔ လိုလားဖို႔ပဲအေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ လက္နက္ကိုင္ပဋိပကၡေတြ ေျဖရွင္းႏိုင္ရင္ တိုင္းရင္းသားေတြနဲ႔ တိုင္းရင္းသားေဒသေတြရဲ႕အခြင့္အေရးကို ပိုမို ေဆာင္႐ြက္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္

ႏိုင္ငံအာဏာကို အဓမၼသိမ္းယူၿပီးေနာက္ပိုင္း လက္တေလာ အေျခအေနတြင္ အာဏာသိမ္း စစ္အုပ္စုႏွင့္ ေဆြးေႏြးညႇိႏႈိင္းမႈ မရွိေသာ အင္အားႀကီး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား ျဖစ္သည့္ ကခ်င္အမ်ိဳးသား လြတ္လပ္ေရး တပ္မေတာ္ (KIA) ၊ ကရင္ အမ်ိဳးသား အစည္းအ႐ုံး (KNU) ၊

ရကၡိဳင္စစ္တပ္ (AA) ၊ ပေလာင္ (တအာင္း) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) တို႔အျပင္ ေတာ္လွန္ေရး အင္အားစု လက္နက္ကိုင္ တပ္ဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္

စစ္အာဏာသိမ္းလိုက္မႈေၾကာင့္ ထိုသို႔ႏိုင္ငံတဝွမ္း စစ္ပြဲမ်ား ျဖစ္ပြားေနခ်ိန္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကမူ ႏိုင္ငံ့အက်ိဳး၊ တိုင္းရင္းသား ျပည္သူလူထု အက်ိဳးကိုေရွးရႈၿပီး ပိုမိုေကာင္းမြန္သည့္ လူမႈစီးပြားဘဝမ်ားကို မ်ိဳးဆက္သစ္ လူငယ္မ်ားအတြက္ တည္ေဆာက္ေပးသြားမည္ဟုလည္း ဆိုေနျပန္သည္

မ်ိဳးဆက္သစ္ လူငယ္မ်ားအတြက္ေကာင္းမြန္ေသာဘဝကို တည္ေဆာက္ေပးမည္ဟု ဆိုသည့္ စစ္ေကာင္စီက အာဏာသိမ္းလိုက္သည့္ ၂၀၂၁ ခုႏွစ္တြင္ ကေလးငယ္အနည္းဆုံး ၉၀ ကိုသတ္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္တြင္ ကေလးငယ္အနည္းဆုံး ၁၅၂ ဦးကို သတ္ျဖတ္ခဲ့ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးငယ္မ်ားေရးရာ ဝန္ႀကီးဌာနမွ စာရင္းအရ သိရသည္

နိုင်ငံရေး သမိုင်းကောင်းတခုကို ဖန်တီးနိုင်မည့် အခွင့်အရေးအား ၂၀၂၃ တွင် အရယူကြရန် စစ်ခေါင်းဆောင်ပြော

ဧရာဝတီ၊ ဇန္နဝါရီ ၁၊ ၂၀၂၃

၂၀၂၃ ခုနှစ်သည် မြန်မာ့နိုင်ငံရေး အချိုးအကွေ့တွင် သမိုင်းကောင်းတခုကို ဖန်တီးနိုင်မည့်နှစ် ဖြစ်ရာ တိုင်းရင်းသား ပြည်သူများက အဆိုပါ အခွင့်အရေးကို အရယူကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောဆိုသည်

၂၀၂၃ ခုနှစ်သည် တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားနိုင်ရန် အစပျိုးသည့်နှစ် ဖြစ်ရာ မြန်မာ့နိုင်ငံရေးတွင် သမိုင်းကောင်းတခုကို ဖန်တီးနိုင်မည့် အခွင့်အရေးကောင်းကို တိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်ရမည့်နှစ် တနှစ်ဖြစ်သောကြောင့် အဆိုပါအခွင့်အရေးကို အရယူနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်

ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများ မဆုံးရှုံးစေရန် တနိုင်ငံလုံး နေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းပြည်ကို မူလအခြေအနေအတိုင်း အေးချမ်းစေရန် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောသည်

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံမှ ရှိသမျှ တံခါးများကို ဖွင့်၍ လက်ကမ်းကြိုဆိုလျှက်ရှိကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုလာသည်

ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်မှာ ၇၅ နှစ် ရှိလာတော့မည့်တိုင်အောင် လွတ်လပ်ရေး အရသာကို အပြည့်အဝ မခံစားရသေးကြောင်း ၊

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် အတွက် ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး ဆွေး နွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အလားအလာကောင်းသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်းလည်း ဆိုသည်

“မိမိဒေသ၊ မိမိလူမျိုးရဲ့ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာ၊အမှန်တရားနဲ့ လိုလားဖို့ပဲအရေးကြီးပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့အခွင့်အရေးကို ပိုမို ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်

နိုင်ငံအာဏာကို အဓမ္မသိမ်းယူပြီးနောက်ပိုင်း လက်တလော အခြေအနေတွင် အာဏာသိမ်း စစ်အုပ်စုနှင့် ဆွေးနွေးညှိနှိုင်းမှု မရှိသော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ကချင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (KIA) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊

ရက္ခိုင်စစ်တပ် (AA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပြင် တော်လှန်ရေး အင်အားစု လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်

စစ်အာဏာသိမ်းလိုက်မှုကြောင့် ထိုသို့နိုင်ငံတဝှမ်း စစ်ပွဲများ ဖြစ်ပွားနေချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူလူထု အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို မျိုးဆက်သစ် လူငယ်များအတွက် တည်ဆောက်ပေးသွားမည်ဟုလည်း ဆိုနေပြန်သည်

မျိုးဆက်သစ် လူငယ်များအတွက်ကောင်းမွန်သောဘဝကို တည်ဆောက်ပေးမည်ဟု ဆိုသည့် စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်တွင် ကလေးငယ်အနည်းဆုံး ၉၀ ကိုသတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကလေးငယ်အနည်းဆုံး ၁၅၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးငယ်များရေးရာ ဝန်ကြီးဌာနမှ စာရင်းအရ သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *