ၿမိတ္ၿမိဳ႕မွ ပုေလာသို႔ အင္အား ၃၀၀ ေက်ာ္ျဖင့္တက္လာေသာ စစ္ယာဥ္တန္း တိုက္ခိုက္ခံရၿပီး စစ္သား ၅၀ ဦးထက္မနည္းေသဆုံး
ရန္ကုန္၊ ဒီဇင္ဘာ ၃၁
တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕မွ ပုေလာၿမိဳ႕ဘက္သို႔ အင္အား ၃၀၀ ေက်ာ္ျဖင့္ တက္လာေသာ အၾကမ္းဖက္စစ္တပ္ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္တို႔ၾကား ပလၿမိဳ႕အထြက္ တို႐ြာ၊ နန္းပ႐ုပ္ေက်း႐ြာအနီးတို႔တြင္ တိုက္ပြဲျဖစ္ခဲ့ရာ အၾကမ္းဖက္ စစ္သား ၅၀ ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္း Palaw PDF ထံမွ သိရသည္။
ဒီဇင္ဘာလ ၃၀ ရက္နံနက္ ၈ နာရီဝန္းက်င္ခန႔္က ၿမိတ္ၿမိဳ႕မွ ပုေလာၿမိဳ႕ဘက္သို႔ တက္လာေသာ အၾကမ္းစစ္ေကာင္စီယာဥ္တန္းသည္ ပလၿမိဳ႕မွ အင္အား ၃၀ဝ ေက်ာ္ျဖင့္ အထြက္ တို႐ြာအေရာက္တြင္ ျပည္သူ႔ ကာကြယ္ေရးတပ္မေတာ္၊
ၿမိတ္ခ႐ိုင္ အမွတ္(၁)တပ္ရင္းမဟာမိတ္ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္ ထိေတြ႕ တိုက္ပြဲ စတင္ျဖစ္ပြားခဲ့ရာ ယေန႔ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ညေန ၃ နာရီခန႔္အထိ တိုက္ပြဲျဖစ္ခဲ့ၿပီး အၾကမ္း ဖက္စစ္သား ၅၀ ဦးထက္မနည္းေသဆုံးကာ ၃၀ဦး ထက္မနည္း ထိခိုက္ဒဏ္ရာရရွိေၾကာင္း Palaw PDF က အတည္ျပဳ ထုတ္ျပန္ထားသည္
အဆိုပါႏွစ္ရက္ဆက္ တိုက္ပြဲအတြင္း မိုင္းဆြဲတိုက္ခိုက္မႈ ၇ ႀကိမ္ရွိခဲ့ေၾကာင္း၊ ထိေတြ႕တိုက္ပြဲ အငယ္စား ေျမာက္မ်ားစြာရွိခဲ့ေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးလည္း မစိုး ရိမ္ရ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္
ယင္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ျပည္သူ႔ေနအိမ္ တို႐ြာမွ ၄၈ လုံး၊ တန္းရွင္း႐ြာမွ ၇ လုံး၊ သကၤန္းေတာ ႐ြာမွ ၁၄ လုံး၊ စုစုေပါင္းေနအိမ္ ၆၉ လုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
မိဘျပည္သူ႔ေနအိမ္မ်ား မီးရႈိ႕ဖ်က္ဆီးခံရမႈအတြက္ မ်ားစြာထပ္ တူဝမ္းနည္းရပါေၾကာင္း၊ ျပည္သူလူထု၏ အသက္ အိုးအိမ္ စည္းစိမ္ကို ပိုမိုကာကြယ္ႏိုင္ရန္ စြမ္းစြမ္းတမံႀကိဳးစားသြားမည္ျဖစ္ေၾကာင္း၊
ခရီးသည္တင္ ေမာ္ေတာ္ယာဥ္လိုင္းမ်ားႏွင့္ မိဘျပည္သူမ်ားအေနျဖင့္ ခရီးသြားလာရာတြင္ တိုက္ပြဲျဖစ္ပြား ေၾကာင္း သိရွိပါက တိုက္ပြဲနယ္ေျမသို႔ လုံးဝ(လုံးဝ) မလာေရာက္ဘဲ ေရွာင္ရွားၾကရန္ ျပည္သူ႔ကာကြယ္ ေရး တပ္မေတာ္ ၿမိတ္ခ႐ိုင္တပ္ရင္း ၁ ကထုတ္ျပန္ထားသည္
Photo- Palaw PDF တပ္ဖြဲ႕ဝင္မ်ား
မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ အင်အား ၃၀၀ ကျော်ဖြင့် တက်လာသော အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပလမြို့အထွက် တိုရွာ၊ နန်းပရုပ်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်သား ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Palaw PDF ထံမှ သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နံနက် ၈ နာရီဝန်းကျင်ခန့်က မြိတ်မြို့မှ ပုလောမြို့ဘက်သို့ တက်လာသော အကြမ်းစစ်ကောင်စီယာဉ်တန်းသည် ပလမြို့မှ အင်အား ၃၀ဝ ကျော်ဖြင့် အထွက် တိုရွာအရောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊
မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ ၃၀ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Palaw PDF က အတည်ပြု ထုတ်ပြန်ထားသည်
အဆိုပါနှစ်ရက်ဆက် တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အငယ်စား မြောက်များစွာရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုး ရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့နေအိမ် တိုရွာမှ ၄၈ လုံး၊ တန်းရှင်းရွာမှ ၇ လုံး၊ သင်္ကန်းတော ရွာမှ ၁၄ လုံး၊ စုစုပေါင်းနေအိမ် ၆၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိဘပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအတွက် များစွာထပ် တူဝမ်းနည်းရပါကြောင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ပိုမိုကာကွယ်နိုင်ရန် စွမ်းစွမ်းတမံကြိုးစားသွားမည်ဖြစ်ကြောင်း၊
ခရီးသည်တင် မော်တော်ယာဉ်လိုင်းများနှင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရှိပါက တိုက်ပွဲနယ်မြေသို့ လုံးဝ(လုံးဝ) မလာရောက်ဘဲ ရှောင်ရှားကြရန် ပြည်သူ့ကာကွယ် ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ကထုတ်ပြန်ထားသည်
Photo- Palaw PDF တပ်ဖွဲ့ဝင်များ