တမူးတြင္ စစ္အရာရွိ ၁ ဦး ၊ စစ္တပ္မိတ္ဖက္ SNA အရာရွိ ပါ ၇ ဦး လိုက္ပါ ေသာ ကား ပစ္ခတ္တို-က္ခို-က္

တမူးတြင္ စစ္အရာရွိ ၁ ဦး ၊ စစ္တပ္မိတ္ဖက္ SNA အရာရွိ ၊ ပ်ဴေစာထီးမ်ား အပါအဝင္ ၇ ဦး လိုက္ပါ ေသာ ကား ပစ္ခတ္တိုက္ခိုက္ခံရၿပီး အားလုံး ေသဆုံး၊ သူတို႔ဆီကေန ေသနတ္ ၇လက္နဲ႔အတူ ဆက္စပ္ခဲယမ္းေတြနဲ႔ ဆက္သြယ္ေရး စကားေျပာစက္ေတြကိုပါသိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ကူးကီးအမ်ိဳးသားတပ္မေတာ္ KNA-Burma က အသိေပးပါတယ္

ရန္ကုန္၊ ဒီဇင္ဘာ ၃၁

စစ္ကိုင္းတိုင္း၊ တမူးခ႐ိုင္၊ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ႏွင့္ လက္ ေအာက္ ခံSNA ႏွင့္ပ်ဴေစာထီးမ်ား လိုက္ပါလာေသာ ကားကို PDF ပူးေပါင္း တပ္က ပစ္ခတ္တိုက္ခိုက္ရာ ကားေပၚပါလာေသာ ၇ ဦး ေသဆုံးၿပီး လက္နက္ မ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း တမူး PDFထံမွ သိရသည္

ဒီဇင္ဘာလ၂၈ရက္၊ နံနက္(၉)နာရီအခ်ိန္ခန္႔ တမူးခ႐ိုင္တပ္ရင္း(၁)၊ KNA (Burma) ႏွင့္ KCNDF မဟာမိတ္ ပူးေပါင္း တပ္ဖြဲ႕ဝင္မ်ားသည္ ၿမိဳ႕သစ္ ၿမိဳ႕ နယ္အတြင္း ၌ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ စစ္ ေကာင္ စီ တပ္၊ SNA ႏွင့္ ပ်ဴေစာထီးအဖြဲ႕ဝင္ ၇ ဦး ေမာင္းႏွင္လိုက္ပါ လာ သည့္ ကားႏွင့္ ထိပ္တိုက္ေတြ႕ဆုံကာ ရင္ဆိုင္တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း ေရွ႕ တန္းရဲေဘာ္တစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္

“နယ္ေျမရွင္းလင္းေရးဝင္ေနတုန္း ဟိုေကာင္ေတြပါတဲ့ ကားနဲ႔ ထိပ္တိုက္ ေတြ႕ တာ၊ စကစ အရာရွိေရာ၊ SNA အရာရွိေတြေရာ၊ ပ်ဴေခါင္းေဆာင္ေတြေရာ ေသ တယ္၊ လက္နက္လည္းရတယ္”ဟု သူကေျပာသည္

တိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ စ.ရ.ဖအရာရွိ ေမာင္ေဇာ္(ခ) မုတ္ ဆိတ္၊ SNA တပ္သားစုေဆာင္းေရးႏွင့္ ဘ႑ာေရးတာဝန္ခံ ဝင္းေအာင္၊ SNA ဗိုလ္ သက္စိုးႏိုင္(ခ)သိန္းစိုးႏိုင္၊ ပ်ဴေစာထီးေခါင္းေဆာင္ ၿငိမ္းေမာင္ေမာင္၊ ေက်ာ္ ထူး၊ မ်ိဳးသူႏွင့္ အမည္မသိ ပ်ဴေစာထီးတစ္ဦး၊ စုစုေပါင္း၇ ဦးလုံးကို ရွင္းလင္း သုတ္သင္ႏိုင္ခဲ့‌ေၾကာင္း တမူးခ႐ိုင္တပ္ရင္း(၁)က သတင္းထုတ္ ျပန္ သည္

တိုက္ပြဲအၿပီးတြင္ (၄၀)မမ(၁)လက္ႏွင့္ ၎ဗုံးသီး၁၄လုံး၊ M4-16၁လက္၊ AK-47 ၁ လက္၊ M-92 ၁လက္၊ 81 (၁)လက္၊9mmပစၥတို၁လက္၊ 380 ပစၥတို ၁ လက္၊ က်ည္အိမ္ ၆ ခု၊ 7.62mm က်ည္ ၉၅ ေတာင့္၊ 9mm က်ည္ ၄ ေတာင့္၊ 380 က်ည္ ၄ ေတာင့္ ႏွင့္ ဆက္သြယ္ေရးစကားေျပာစက္၁လုံးတို႔ကို ျပည္သူ႔ကာ ကြယ္ ေရး ပူးေပါင္း တပ္က သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္

တမူးၿမိဳ႕နယ္ ၿမိဳ႕သစ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ အရာရွိတစ္ဦးအပါအဝင္ အေပါင္းအပါ ၇ဦးကို ရွင္းလင္းလိုက္တယ္လို႔ ကူးကီးအမ်ိဳးသားတပ္မေတာ္ KNA-Burma က ထုတ္ျပန္ပါတယ္

ဒီဇင္ဘာ ၂၈ရက္၊ မနက္ ၉နာရီခန႔္က ပူးေပါင္းတပ္ဖြဲ႕ နယ္ေျမရွင္းလင္းခ်ိန္ ပ်ဴေစာထီးေခါင္းေဆာင္ ဝင္းေအာင္၊ စစ္ဘက္အရာရွိႏွစ္ဦးနဲ႔ ရဲေဘာ္ ၄ဦးပါတဲ့ကားကို တိုက္ခိုက္ခဲ့တာလို႔ ေဖာ္ျပပါတယ္

သူတို႔ဆီကေန ေသနတ္ ၇လက္နဲ႔အတူ ဆက္စပ္ခဲယမ္းေတြနဲ႔ ဆက္သြယ္ေရး စကားေျပာစက္ေတြကိုပါသိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ကူးကီးအမ်ိဳးသားတပ္မေတာ္ KNA-Burma က အသိေပးပါတယ္

ဒီတိုက္ခိုက္မႈမွာ KNA-Burma နဲ႔အတူ တမူး PDF တပ္ရင္း ၁ နဲ႔ KCNDF တပ္ဖြဲ႕တို႔လည္း ပူးေပါင္းအားျဖည့္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္

႐ုပ္သံ-KNA-Burma

တမူးတွင် စစ်အရာရှိ ၁ ဦး ၊ စစ်တပ်မိတ်ဖက် SNA အရာရှိ ပါ ၇ ဦး လိုက်ပါ သော ကား ပစ်ခတ်တို-က်ခို-က်

တမူးတွင် စစ်အရာရှိ ၁ ဦး ၊ စစ်တပ်မိတ်ဖက် SNA အရာရှိ ၊ ပျူစောထီးများ အပါအဝင် ၇ ဦး လိုက်ပါ သော ကား ပစ်ခတ်တိုက်ခိုက်ခံရပြီး အားလုံး သေဆုံး၊ သူတို့ဆီကနေ သေနတ် ၇လက်နဲ့အတူ ဆက်စပ်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေး စကားပြောစက်တွေကိုပါသိမ်းဆည်းနိုင်ခဲ့တယ်လို့ ကူးကီးအမျိုးသားတပ်မတော် KNA-Burma က အသိပေးပါတယ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက် အောက် ခံSNA နှင့်ပျူစောထီးများ လိုက်ပါလာသော ကားကို PDF ပူးပေါင်း တပ်က ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာသော ၇ ဦး သေဆုံးပြီး လက်နက် များ သိမ်းဆည်းရမိခဲ့ကြောင်း တမူး PDFထံမှ သိရသည်

ဒီဇင်ဘာလ၂၈ရက်၊ နံနက်(၉)နာရီအချိန်ခန့် တမူးခရိုင်တပ်ရင်း(၁)၊ KNA (Burma) နှင့် KCNDF မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များသည် မြို့သစ် မြို့ နယ်အတွင်း ၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် စစ် ကောင် စီ တပ်၊ SNA နှင့် ပျူစောထီးအဖွဲ့ဝင် ၇ ဦး မောင်းနှင်လိုက်ပါ လာ သည့် ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရှေ့ တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်

“နယ်မြေရှင်းလင်းရေးဝင်နေတုန်း ဟိုကောင်တွေပါတဲ့ ကားနဲ့ ထိပ်တိုက် တွေ့ တာ၊ စကစ အရာရှိရော၊ SNA အရာရှိတွေရော၊ ပျူခေါင်းဆောင်တွေရော သေ တယ်၊ လက်နက်လည်းရတယ်”ဟု သူကပြောသည်

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စ.ရ.ဖအရာရှိ မောင်ဇော်(ခ) မုတ် ဆိတ်၊ SNA တပ်သားစုဆောင်းရေးနှင့် ဘဏ္ဍာရေးတာဝန်ခံ ဝင်းအောင်၊ SNA ဗိုလ် သက်စိုးနိုင်(ခ)သိန်းစိုးနိုင်၊ ပျူစောထီးခေါင်းဆောင် ငြိမ်းမောင်မောင်၊ ကျော် ထူး၊ မျိုးသူနှင့် အမည်မသိ ပျူစောထီးတစ်ဦး၊ စုစုပေါင်း၇ ဦးလုံးကို ရှင်းလင်း သုတ်သင်နိုင်ခဲ့‌ကြောင်း တမူးခရိုင်တပ်ရင်း(၁)က သတင်းထုတ် ပြန် သည်

တိုက်ပွဲအပြီးတွင် (၄၀)မမ(၁)လက်နှင့် ၎င်းဗုံးသီး၁၄လုံး၊ M4-16၁လက်၊ AK-47 ၁ လက်၊ M-92 ၁လက်၊ 81 (၁)လက်၊9mmပစ္စတို၁လက်၊ 380 ပစ္စတို ၁ လက်၊ ကျည်အိမ် ၆ ခု၊ 7.62mm ကျည် ၉၅ တောင့်၊ 9mm ကျည် ၄ တောင့်၊ 380 ကျည် ၄ တောင့် နှင့် ဆက်သွယ်ရေးစကားပြောစက်၁လုံးတို့ကို ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်း တပ်က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်

တမူးမြို့နယ် မြို့သစ်မြို့မှာ စစ်ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် အပေါင်းအပါ ၇ဦးကို ရှင်းလင်းလိုက်တယ်လို့ ကူးကီးအမျိုးသားတပ်မတော် KNA-Burma က ထုတ်ပြန်ပါတယ်

ဒီဇင်ဘာ ၂၈ရက်၊ မနက် ၉နာရီခန့်က ပူးပေါင်းတပ်ဖွဲ့ နယ်မြေရှင်းလင်းချိန် ပျူစောထီးခေါင်းဆောင် ဝင်းအောင်၊ စစ်ဘက်အရာရှိနှစ်ဦးနဲ့ ရဲဘော် ၄ဦးပါတဲ့ကားကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်

သူတို့ဆီကနေ သေနတ် ၇လက်နဲ့အတူ ဆက်စပ်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေး စကားပြောစက်တွေကိုပါသိမ်းဆည်းနိုင်ခဲ့တယ်လို့ ကူးကီးအမျိုးသားတပ်မတော် KNA-Burma က အသိပေးပါတယ်

ဒီတိုက်ခိုက်မှုမှာ KNA-Burma နဲ့အတူ တမူး PDF တပ်ရင်း ၁ နဲ့ KCNDF တပ်ဖွဲ့တို့လည်း ပူးပေါင်းအားဖြည့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်

ရုပ်သံ-KNA-Burma

Leave a Reply

Your email address will not be published. Required fields are marked *