“ႏွစ္သစ္ကူးည ၿငိမ္းခ်မ္းစြာ ေပ်ာ္႐ႊင္ေနသည့္ ျပည္သူမ်ားကို အၾကမ္းဖက္သမားမ်ားက ဗုံးခြဲတိုက္ခိုက္” ဆိုတဲ့ ေခါင္းစဥ္မ်ိဳးနဲ႔ သတင္းေဖာ္ျပႏိုင္ဖို႔ စစ္ေကာင္စီက ဝန္မေလးဘူး
Global New Light of Myanmar လို သတင္းစာမ်ိဳးမွာ အႀကီးအက်ယ္ ေဖာ္ျပမယ္။ မသိနားမလည္တဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ျမန္မာ့အသံနဲ႔ ျမဝတီပဲ နားေထာင္ေနတဲ့ ၅၀/၆၀ ေက်ာ္ေတြက ယုံၾကမယ္
.
ရန္ကုန္တစ္ၿမိဳ႕ထဲကို ကြက္ၿပီး ႏွစ္ကူးည တစ္ရက္တည္းအတြက္ ညမထြက္ရ အမိန႔္ကို ႐ုတ္သိမ္းေၾကာင္း စစ္ေကာင္စီ အုပ္ခ်ဳပ္ေရးက ဒီေန႔ ထုတ္ျပန္တယ္။ မသိရင္ ‘လူငယ္ေတြကို ေပးေပ်ာ္လိုက္ပါ ကိုၿငိမ္းေမာင္ရယ္’ ေပါ့
ပန္းဆိုးတန္း ဆိပ္ကူးသေဘၤာေပၚ ဗုံးေပါက္ၿပီး သိပ္မၾကာဘူး ေရာက္လာလိုက္တဲ့ စစ္ေကာင္စီ ေထာက္ခံတဲ့ မီဒီယာေတြ အုံလိုက္က်င္းလိုက္
အဲ့ဒီသတင္းတစ္မ်ိဳးတည္းကို Breaking News, သီးသန႔္ အင္တာဗ်ဴး၊ သတင္းေဆာင္းပါး၊ ႐ုပ္သံသတင္း၊ သတင္းသုံးသပ္ခ်က္ အမ်ိဳးမ်ိဳးနဲ႔ ၃ ရက္ေလာက္ ဆက္တိုက္ ေဖာ္ျပၾကတာ
.
ခရစၥမတ္ေန႔မွာ တခ်ိဳ႕ ၿမိဳ႕နီးစပ္က တပ္ဝန္းေတြထဲ စစ္သားေတြ အုပ္စုလိုက္ သီခ်င္းဆိုၾကတယ္ ကာဒီနယ္ႀကီးရဲ႕ ႐ြာကို မီးသြားရႈိ႕ၿပီး ရန္ကုန္မွာက် Home Sweet Home လုပ္တယ္
ကရင္နီမွာ ဘုရားေက်ာင္းကို မီးရႈိ႕၊ ေလယာဥ္နဲ႔ဗုံးႀကဲတယ္ ႐ြာေတြကို မီးရႈိ႕တယ္ စဥ္းစားၾကည့္ေပါ့
ႏွစ္ကူးညမွာ သတိနဲ႔ ဉာဏ္နဲ႔ယွဥ္ၿပီး သြားလာၾကပါ မိတ္ေဆြတို႔
Mratt Kyaw Thu
“နှစ်သစ်ကူးည ငြိမ်းချမ်းစွာ ပျော်ရွှင်နေသည့် ပြည်သူများကို အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်” ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ သတင်းဖော်ပြနိုင်ဖို့ စစ်ကောင်စီက ဝန်မလေးဘူး
Global New Light of Myanmar လို သတင်းစာမျိုးမှာ အကြီးအကျယ် ဖော်ပြမယ်။ မသိနားမလည်တဲ့ သက်ကြီးရွယ်အိုတွေ၊ မြန်မာ့အသံနဲ့ မြဝတီပဲ နားထောင်နေတဲ့ ၅၀/၆၀ ကျော်တွေက ယုံကြမယ်
.
ရန်ကုန်တစ်မြို့ထဲကို ကွက်ပြီး နှစ်ကူးည တစ်ရက်တည်းအတွက် ညမထွက်ရ အမိန့်ကို ရုတ်သိမ်းကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးက ဒီနေ့ ထုတ်ပြန်တယ်။ မသိရင် ‘လူငယ်တွေကို ပေးပျော်လိုက်ပါ ကိုငြိမ်းမောင်ရယ်’ ပေါ့
ပန်းဆိုးတန်း ဆိပ်ကူးသင်္ဘောပေါ် ဗုံးပေါက်ပြီး သိပ်မကြာဘူး ရောက်လာလိုက်တဲ့ စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေ အုံလိုက်ကျင်းလိုက်
အဲ့ဒီသတင်းတစ်မျိုးတည်းကို Breaking News, သီးသန့် အင်တာဗျူး၊ သတင်းဆောင်းပါး၊ ရုပ်သံသတင်း၊ သတင်းသုံးသပ်ချက် အမျိုးမျိုးနဲ့ ၃ ရက်လောက် ဆက်တိုက် ဖော်ပြကြတာ
.
ခရစ္စမတ်နေ့မှာ တချို့ မြို့နီးစပ်က တပ်ဝန်းတွေထဲ စစ်သားတွေ အုပ်စုလိုက် သီချင်းဆိုကြတယ် ကာဒီနယ်ကြီးရဲ့ ရွာကို မီးသွားရှို့ပြီး ရန်ကုန်မှာကျ Home Sweet Home လုပ်တယ်
ကရင်နီမှာ ဘုရားကျောင်းကို မီးရှို့၊ လေယာဉ်နဲ့ဗုံးကြဲတယ် ရွာတွေကို မီးရှို့တယ် စဉ်းစားကြည့်ပေါ့
နှစ်ကူးညမှာ သတိနဲ့ ဉာဏ်နဲ့ယှဉ်ပြီး သွားလာကြပါ မိတ်ဆွေတို့
Mratt Kyaw Thu