အခုမွ အခ်ိတ္အဆက္မိေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္ေတာင္းခဲ့ၾကတဲ့

တ-႐ု-တ္အထူးကိုယ္စားလွယ္UN အထူးကိုယ္စားလွယ္အာဆီယံ ကိုယ္စားလွယ္ကိုေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈေတြ မၿပီးေသးလို႔ေတြ႕ခြင့္မေပးႏိုင္ဆိုၿပီးစစ္ေကာင္စီဘက္ကေနအေၾကာင္းျပခ်က္ေပးတယ္

ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္လက္က်န္အမႈ ၅ မႈအပါအမႈ ၁၉ ခု အမိန႔္ခ်ၿပီးျဖစ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈ အားလုံးၿပီးျပတ္ၿပီမို႔ႏိုင္ငံတကာနဲ႔ ေတြ႕ခြင့္ေပးဖို႔ျငင္းပယ္လို႔ မရေတာ့ဘူး

ေဒၚေအာင္ဆန္းစုၾကည္အမႈအားလုံး ၿပီးျပတ္တဲ့အခ်ိန္တ-႐ု-တ္ကိုယ္စားလွယ္သစ္ေနျပည္ေတာ္ ေရာက္တာတို-က္ဆိုင္မႈေတာ့ မျဖစ္ႏိုင္

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္ေပးဖို႔ ရွိႏိုင္ပါတယ္ ဒီတိုင္းဆို ခန႔္မွန္းၾကည့္ရရင္လာမယ့္ လြတ္လပ္ေရးေန႔မွာေဒၚေအာင္ဆန္းစုၾကည္ေပၚခ်မွတ္ထားတဲ့ ေထာင္ဒဏ္ေတြလြတ္ၿငိမ္းလို႔ ေၾကညာၿပီးအက်ယ္ခ်ဳပ္ ထားမလားပဲ

ၿပီးရင္ေတာ့ ႏိုင္ငံတကာကအထူးကိုယ္စားလွယ္ေတြေတြ႕ခြင့္ေတာင္းရင္ ေပးႏိုင္တယ္စစ္ေကာင္စီကေတာ့ ၂၀၂၃PR ေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံတကာဖိအား ဒီနည္းနဲ႔ေလွ်ာ့ခ်ဖို႔ လုပ္ခ်င္ေနပုံရတယ္

တနည္းဆို ေဒၚေအာင္ဆန္းစုၾကည္ကိုႏိုင္ငံေရးမွာ ထုတ္ကစားဖို႔ လုပ္ေဆာင္လာၿပီ ေျပာရမယ္

ရဲေဘာ္ေခ်

လက္က်န္အမႈ ၅ မႈ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီ ေထာင္ဒဏ္ ၇ ႏွစ္ထပ္ခ်၊

ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမႈ ၁၉ မႈနဲ႔ စစ္ေကာင္စီ ေထာင္ဒဏ္ စုစုေပါင္း ၃၃ ႏွစ္ခ်ထား

ဆိုင္းမင္း/People’s Spring

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈေတြထဲက ေနာက္ဆုံးလက္က်န္ ၅ မႈအတြက္ ဒီေန႔မွာ စစ္ေကာင္စီက ေထာင္ဒဏ္ ၇ ႏွစ္ ခ်လိုက္တယ္လို႔ သိရပါတယ္

အမႈ ၅ မႈမွာ ၄ မႈကို ၁ မႈ ေထာင္ဒဏ္ ၃ ႏွစ္စီခ်ေပမယ့္ စစ္ေကာင္စီတရား႐ုံးက အဲဒီ ၄ မႈကိုတေပါင္းတည္း အျဖစ္ ၃ႏွစ္သာက် ခံဖို႔ ဆုံးျဖတ္တယ္လို႔ လို႔သိရပါတယ္

က်န္တဲ့ ၁ မႈကိုေတာ့ ေထာင္ဒဏ္ ၄ ႏွစ္ ခ်ၿပီး သီးျခားက်ခံဖို႔ အမိန႔္ခ်တာေၾကာင့္ လက္က်န္အမႈ ၅ မႈအတြက္ စုစုေပါင္းေထာင္ဒဏ္ ၇ ႏွစ္ ဒီေန႔ခ်တာလို႔ ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း တရား႐ုံးနဲ႔ နီးစပ္သူအခ်ိဳ႕ထံက သိရပါတယ္

ဒီေန႔အမိန႔္ခ်တဲ့ အမႈ ၅ မႈဟာ NLD အစိုးရလက္ထက္မွာ သဘာဝေဘးအတြက္ ပုဂၢလိက ရဟတ္ယာဥ္ ဌားရမ္းတာ ၊အီတလီထုတ္ရဟတ္ယာဥ္ ဝယ္ယူရာမွာ ႏိုင္ငံဘ႑ာနစ္နာတယ္ဆိုၿပီး စစ္ေကာင္စီက တရားစြဲတာလည္းျဖစ္ပါတယ္

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက အမႈေပါင္း ၁၉ မႈနဲ႔ တရားစြဲခဲ့ပါတယ္

အဲဒီအမႈေတြအတြက္ ဒီေန႔ခ်လိုက္တဲ့ ေထာင္ဒဏ္ပါ ပါရင္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီ ခ်ထားတဲ့ ေထာင္ဒဏ္ ဟာ ၃၃ ႏွစ္ထိ ရွိပါတယ္

လက္ရွိမွာေတာ့ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြအားလုံး ၿပီးျပတ္သြားၿပီလည္းျဖစ္ပါတယ္

အခုမှ အချိတ်အဆက်မိဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းခဲ့ကြတဲ့

တ-ရု-တ်အထူးကိုယ်စားလှယ်UN အထူးကိုယ်စားလှယ်အာဆီယံ ကိုယ်စားလှယ်ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေ မပြီးသေးလို့တွေ့ခွင့်မပေးနိုင်ဆိုပြီးစစ်ကောင်စီဘက်ကနေအကြောင်းပြချက်ပေးတယ်

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်လက်ကျန်အမှု ၅ မှုအပါအမှု ၁၉ ခု အမိန့်ချပြီးဖြစ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အားလုံးပြီးပြတ်ပြီမို့နိုင်ငံတကာနဲ့ တွေ့ခွင့်ပေးဖို့ငြင်းပယ်လို့ မရတော့ဘူး

ဒေါ်အောင်ဆန်းစုကြည်အမှုအားလုံး ပြီးပြတ်တဲ့အချိန်တ-ရု-တ်ကိုယ်စားလှယ်သစ်နေပြည်တော် ရောက်တာတို-က်ဆိုင်မှုတော့ မဖြစ်နိုင်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ ရှိနိုင်ပါတယ် ဒီတိုင်းဆို ခန့်မှန်းကြည့်ရရင်လာမယ့် လွတ်လပ်ရေးနေ့မှာဒေါ်အောင်ဆန်းစုကြည်ပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်တွေလွတ်ငြိမ်းလို့ ကြေညာပြီးအကျယ်ချုပ် ထားမလားပဲ

ပြီးရင်တော့ နိုင်ငံတကာကအထူးကိုယ်စားလှယ်တွေတွေ့ခွင့်တောင်းရင် ပေးနိုင်တယ်စစ်ကောင်စီကတော့ ၂၀၂၃PR ရွေးကောက်ပွဲအတွက် နိုင်ငံတကာဖိအား ဒီနည်းနဲ့လျှော့ချဖို့ လုပ်ချင်နေပုံရတယ်

တနည်းဆို ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးမှာ ထုတ်ကစားဖို့ လုပ်ဆောင်လာပြီ ပြောရမယ်

ရဲဘော်ချေ

လက်ကျန်အမှု ၅ မှု နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ် ၇ နှစ်ထပ်ချ၊

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား

ဆိုင်းမင်း/People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှုအတွက် ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်လို့ သိရပါတယ်

အမှု ၅ မှုမှာ ၄ မှုကို ၁ မှု ထောင်ဒဏ် ၃ နှစ်စီချပေမယ့် စစ်ကောင်စီတရားရုံးက အဲဒီ ၄ မှုကိုတပေါင်းတည်း အဖြစ် ၃နှစ်သာကျ ခံဖို့ ဆုံးဖြတ်တယ်လို့ လို့သိရပါတယ်

ကျန်တဲ့ ၁ မှုကိုတော့ ထောင်ဒဏ် ၄ နှစ် ချပြီး သီးခြားကျခံဖို့ အမိန့်ချတာကြောင့် လက်ကျန်အမှု ၅ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၇ နှစ် ဒီနေ့ချတာလို့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးနဲ့ နီးစပ်သူအချို့ထံက သိရပါတယ်

ဒီနေ့အမိန့်ချတဲ့ အမှု ၅ မှုဟာ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခဲ့ပါတယ်

အဲဒီအမှုတွေအတွက် ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ပါ ပါရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ ချထားတဲ့ ထောင်ဒဏ် ဟာ ၃၃ နှစ်ထိ ရှိပါတယ်

လက်ရှိမှာတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံး ပြီးပြတ်သွားပြီလည်းဖြစ်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *