ျမတ္စြာဘုရား၏ အသက္ကို ဘာသာျခားက လုပ္ႀကံမည္ကို စိုးရိမ္၍ သံဃာ ေတာ္ ၅၀၀ ၿခံရံ ႂကြခ်ီရဟု သီတဂူ ေျပာဆိုခ်က္ လြဲမွားေနဟု ဆရာေတာ္ မင္းသုည မိန႔္ ၾကား၊ သီတဂူ ေၾကာက္ စိတ္ ျဖစ္ေနၿပီး မင္းေအာင္လႈိင္ အလိုက် လုပ္ေနဟု ေဝဖန္

ရန္ကုန္၊ ဒီဇင္ဘာ ၃၀

ျမတ္စြာဘုရား သက္ေတာ္ထင္ရွား ရွိစဥ္အခါက သံဃာေတာ္ ၅၀၀ ၿခံရံ ႂကြခ်ီ ေတာ္မူခဲ့မႈသည္ ဘာသာျခားမ်ားက အသက္ အႏၲရာယ္ လုပ္ႀကံမည့္ အသက္ အႏၲရာယ္ စိုးရိမ္ရ၍ျဖစ္သည္ဟု သီတဂူ ေျပာဆိုခ်က္မွာ လြဲမွားေနၿပီး ဘုရား ေဟာ လည္း မဟုတ္ေၾကာင္း ဆရာေတာ္မင္းသုညက မိန႔္ၾကားသည္။

သီတဂူက ဒီဇင္ဘာလ ၂၄ ရက္ေန႔ အိႏၵိယႏိုင္ငံ၊ ဂယာၿမိဳ႕၊ မဟာေဗာဓိ ပရဟိ တ ျမန္မာေက်ာင္းတြင္ ျမတ္စြာဘုရားသည္ အသက္အႏၲရာယ္ လုပ္ႀကံ မည့္အ ေရး စိုးရိမ္၍ သံဃာေတာ္ ၅၀၀ အၿမဲတမ္းၿခံရံ ႂကြခ်ီ လွည့္လည္ေတာ္မူသည္ဟု ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ျမတ္စြာဘုရား သံဃာေတာ္ ၅၀၀ နဲ႔ခရီးလွည့္တယ္။ အဲဒီသံဃာေတာ္ ၅၀၀ နဲ႔ခရီး လွည့္တယ္ဆိုတာက ပဋိကတ္မွာ ေနရာတိုင္းပဲ။ ဘုရားခရီးထြက္ရင္ တစ္ပါး၊ ႏွစ္ပါးတည္းနဲ႔ခရီးသြားတာက စိတ္ပ်က္လို႔ ခရီးထြက္သြား တာပဲရွိ တယ္။ စိတ္ပ်က္လို႔ ဆိုတာ ထည့္ေျပာတာပါ။

ဘုရား စိတ္ပ်က္လို႔ ဆိုတာ ဘယ္ရွိမလဲ။ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ရန္ျဖစ္ၾကတယ္။ အဲဒီလို တစ္ပါးတည္းထြက္သြားတာက အဲဒီေလာက္ပဲရွိတယ္။ အခု ျမတ္စြာဘုရားက သံဃာေတာ္ ၅၀၀ နဲ႔သြားတယ္ဆိုတာက ေနရာတကာ ေတြ႕တယ္။ စာမွာ တိတိ က်က် မပါဘူး။ ဘယ္မွ မပါဘူး။

ဘာသာေရး ဂိုဏ္းေတြက Religious School ေတြက ဘုရား ထက္ေစာၿပီးေတာ့ အမ်ားႀကီးေပၚေနၿပီးၿပီ။ ဘုရားနဲ႔ေခတ္ၿပိဳင္ ဘာသာေရးဂိုဏ္းေတြက အမ်ားႀကီး။ ျမတ္စြာဘုရားကို လုပ္ႀကံတာေတြက ၿပိဳင္ဘက္ ဘာသာေရးဂိုဏ္းေတြက လုပ္ႀကံတာေတြ။ ေသတဲ့အထိ Assassinate လုပ္ၾကတာ။

အဲဒါေၾကာင့္ စြပ္စြဲမႈေတြ၊ ႐ုန္းရင္းဆန္ခတ္ ျဖစ္ ေအာင္ လုပ္တာေတြ သတ္ျဖတ္မႈေတြ လုပ္ႀကံမႈေတြ ရွိေနတဲ့အတြက္ ေၾကာင့္ ဘုရားက ခရီးသြားရင္ သံဃာ ၅၀၀ ေခၚသြားတာက သူရဲ႕ အႏၲရာယ္ ကာကြယ္ဖို႔ Protection ျဖစ္ရမယ္လို႔ ေတြးၾကည့္တာေပါ့” ဟု သီတဂူက ေျပာဆိုသည္။

သီတဂူသည္ ဘုရားေဟာမဟုတ္ေသာ ပဋိကတ္တြင္ မပါေသာ အေၾကာင္း အရာ မ်ားကို ေဟာေျပာေနၿပီး အဓမၼကို ဓမၼအျဖစ္ ေျပာဆိုေနေၾကာင္း ၊ ျမတ္စြာ ဘုရားတို႔မည္သည္ သူတစ္ပါး ပေယာဂျဖင့္ ပ်ံလြန္ေတာ္မူ႐ိုး ထုံးစံ မရွိဟု ဘုရားရွင္ကိုယ္တိုင္ မိန႔္ဆိုခဲ့ေၾကာင္း ဆရာေတာ္မင္းသုညက ေထာက္ျပ သည္။

“သီတဂူအခု ဒီလိုေျပာတာက လုပ္ႀကံၿပီးေျပာတာပါ။ ဘုရားက တစ္ပါးတည္း ႂကြတဲ့ သာဓကေတြ အမ်ားႀကီးရွိပါတယ္။ အဂၤလိမာလလို ဓားထမ္းၿပီးေတာ့ အေမကို လိုက္ေနတဲ့ေနရာေတာင္မွပဲ ျမတ္စြာဘုရား တစ္ပါးတည္းသြား ၿပီး ေတာ့ တရားေဟာတာလည္း အားလုံးအသိပါပဲ။

ေရာဟိနီျမစ္ကို အေၾကာင္း ျပဳၿပီးေတာ့ မင္းညီမင္းသားေတြ ေရလုတဲ့ ျပႆနာမွာလည္း တစ္ပါးတည္း သြားၿပီးေတာ့ ေဟာတာပါ။ ေျပာခ်င္တာက တစ္ပါးတည္းသြားတဲ့ သာဓကေတြ အမ်ားႀကီးပဲရွိပါတယ္။ ျမတ္စြာဘုရားက ရဟန္းသံဃာေတြနဲ႔ အေႁခြအရံ ႂကြ တာ က ဆြမ္းခံႂကြတာတို႔ ဒီလိုမ်ိဳးေတြပဲရွိပါတယ္။

သူေျပာသလို အၿခံအရံ ေတြနဲ႔ ဘာသာျခားေတြက လုပ္ႀကံမွာစိုးလို႔ ႂကြတာက ဘုရားရဲ႕ ပဋိကတ္သုံးပုံ ေတြေကာ အဌာကထာေတြေရာမွာ ဘယ္ေနရာမွ မရွိပါဘူး။ ဘာကိုရည္႐ြယ္ ေနလဲ ဆိုတာကေတာ့ သူက ဘာသာျခားေတြကို တိုက္ခိုက္ေနတာ ၾကာခဲ့ၿပီ။ ဘာသာျခားေတြေၾကာင့္ စိုးရိမ္ရတယ္ဆိုတဲ့ အေျခအေနနဲ႔ သူ႔ရဲ႕ ေၾကာက္စိတ္ အခုဆိုလိုရွိရင္ သူက စစ္တပ္နဲ႔ဝန္းရံၿပီးသြားတဲ့ဟာေတြကိုလည္း ဦးဇင္းတို႔ ၾကားရတယ္။

ၿပီးေတာ့ သံဃာေတြ ဝန္းရံၿပီးသြားေနတာလည္း ၾကားရတယ္။ ဘာသာေရးနဲ႔ပတ္သက္ၿပီး သူ မီးေမႊးခဲ့တာၾကာခဲ့ၿပီ။ အိမ္ရွင္ ဧည့္သည္ဆိုၿပီး အစၥလမ္ဘာသာဝင္ေတြ မုန္းတီးေရး သူလုပ္ခဲ့တာ။ မဘသအဖြဲ႕အစည္းမွာ လည္း သူက နာယက အျဖစ္ ပါဝင္ခဲ့တာ အမ်ားႀကီးရွိတယ္။ ဒါေၾကာင့္မို႔လို႔ ဗုဒၶျမတ္စြာဘုရား ေဟာထားတဲ့အထဲမွာ အဓမၼကို ဓမၼအျဖစ္ ေဟာတာ အျပစ္ အႀကီးဆုံးပဲ” ဟု ဆရာေတာ္မင္းသုညက ရွင္းျပသည္။

သီတဂူသည္ ဒကာျဖစ္ေသာ မင္းေအာင္လႈိင္ကို ကာကြယ္သည့္အေနျဖင့္ ေျပာ ဆို ေနျခင္းျဖစ္ၿပီး ၎ကိုယ္တိုင္လည္း ေၾကာက္စိတ္ျဖစ္ေနသည္ဟု ဆရာ ေတာ္ မင္းသုညက ဆက္လက္ မိန႔္ၾကားသည္။ “ဘုရားက မေဟာခဲ့တဲ့ အရာကို ဘုရားေဟာသလို လိုနဲ႔ ျပည္သူေတြကို ထင္ ေယာင္ ထင္မွား ျဖစ္ေအာင္လုပ္တာက ေတာ္ေတာ္ႀကီးကိုဆိုးပါတယ္။

ျမတ္စြာ ဘုရား တို႔မည္သည္ သူတစ္ပါး ပေယာဂနဲ႔ ပ်ံေတာ္လြန္ေတာ္မူ႐ိုး ထုံးစံမရွိဘူး လို႔ ဘုရားကလည္း အထင္အရွား ေဟာထားခဲ့တဲ့ ပဋိကတ္ စာေပေတြ အမ်ား ႀကီး ရွိပါတယ္။ အခု သူဒီလိုလုပ္တာက ဦးဇင္းၾကည့္လိုက္တာကေတာ့ ၂ ခ်က္ ေပါ့။

သူကေနၿပီးေတာ့ သဒၶါ ပညာနဲ႔ျပည့္စုံေသာဆိုၿပီး သူေျမႇာက္ေပးတဲ့ သူရဲ႕ ဒကာႀကီး မိစာၦေကာင္ မင္းေအာင္လႈိင္ ကို အေႁခြအရံေတြနဲ႔ စစ္တပ္ေတြနဲ႔ သြား ေနတာကို ကာဗာလုပ္ၿပီးေတာ့ မင္းအလိုလိုက္ ဖားေျပာတာပါသလို သူ ကိုယ္ တိုင္ ကလည္း ယေန႔ သူ႔ကို ဘယ္သူကမွ လက္မခံလာတဲ့အခါမွာ သူရဲ႕ စိုးရိမ္မႈ ေၾကာက္႐ြံ႕မႈေတြနဲ႔ စစ္တပ္က သူ႔ကို လုံၿခဳံေရး ေပးေစခ်င္ တာရယ္။

ၿပီးေတာ့ သံဃာေတာ္ေတြ အမ်ားႀကီးနဲ႔ ႂကြသြားခ်င္တာ ရယ္။ သူ႔ကိုယ္သူ ေၾကာက္လန႔္ ၿပီးေတာ့ ကာဗာယူၿပီးေတာ့ ေျပာတဲ့စကားလို႔ ဦးဇင္းကေတာ့ ျမင္ပါတယ္” ဟု ဆရာေတာ္မင္းသုညက မိန႔္ၾကားသည္။

ဓာတ္ပုံ- သီတဂူႏွင့္မင္းေအာင္လႈိင္။

မြတ်စွာဘုရား၏ အသက်ကို ဘာသာခြားက လုပ်ကြံမည်ကို စိုးရိမ်၍ သံဃာ တော် ၅၀၀ ခြံရံ ကြွချီရဟု သီတဂူ ပြောဆိုချက် လွဲမှားနေဟု ဆရာတော် မင်းသုည မိန့် ကြား၊ သီတဂူ ကြောက် စိတ် ဖြစ်နေပြီး မင်းအောင်လှိုင် အလိုကျ လုပ်နေဟု ဝေဖန်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက သံဃာတော် ၅၀၀ ခြံရံ ကြွချီ တော်မူခဲ့မှုသည် ဘာသာခြားများက အသက် အန္တရာယ် လုပ်ကြံမည့် အသက် အန္တရာယ် စိုးရိမ်ရ၍ဖြစ်သည်ဟု သီတဂူ ပြောဆိုချက်မှာ လွဲမှားနေပြီး ဘုရား ဟော လည်း မဟုတ်ကြောင်း ဆရာတော်မင်းသုညက မိန့်ကြားသည်။

သီတဂူက ဒီဇင်ဘာလ ၂၄ ရက်နေ့ အိန္ဒိယနိုင်ငံ၊ ဂယာမြို့၊ မဟာဗောဓိ ပရဟိ တ မြန်မာကျောင်းတွင် မြတ်စွာဘုရားသည် အသက်အန္တရာယ် လုပ်ကြံ မည့်အ ရေး စိုးရိမ်၍ သံဃာတော် ၅၀၀ အမြဲတမ်းခြံရံ ကြွချီ လှည့်လည်တော်မူသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြတ်စွာဘုရား သံဃာတော် ၅၀၀ နဲ့ခရီးလှည့်တယ်။ အဲဒီသံဃာတော် ၅၀၀ နဲ့ခရီး လှည့်တယ်ဆိုတာက ပဋိကတ်မှာ နေရာတိုင်းပဲ။ ဘုရားခရီးထွက်ရင် တစ်ပါး၊ နှစ်ပါးတည်းနဲ့ခရီးသွားတာက စိတ်ပျက်လို့ ခရီးထွက်သွား တာပဲရှိ တယ်။ စိတ်ပျက်လို့ ဆိုတာ ထည့်ပြောတာပါ။

ဘုရား စိတ်ပျက်လို့ ဆိုတာ ဘယ်ရှိမလဲ။ စိတ်ပျက်စရာကောင်းလောက်အောင် ရန်ဖြစ်ကြတယ်။ အဲဒီလို တစ်ပါးတည်းထွက်သွားတာက အဲဒီလောက်ပဲရှိတယ်။ အခု မြတ်စွာဘုရားက သံဃာတော် ၅၀၀ နဲ့သွားတယ်ဆိုတာက နေရာတကာ တွေ့တယ်။ စာမှာ တိတိ ကျကျ မပါဘူး။ ဘယ်မှ မပါဘူး။

ဘာသာရေး ဂိုဏ်းတွေက Religious School တွေက ဘုရား ထက်စောပြီးတော့ အများကြီးပေါ်နေပြီးပြီ။ ဘုရားနဲ့ခေတ်ပြိုင် ဘာသာရေးဂိုဏ်းတွေက အများကြီး။ မြတ်စွာဘုရားကို လုပ်ကြံတာတွေက ပြိုင်ဘက် ဘာသာရေးဂိုဏ်းတွေက လုပ်ကြံတာတွေ။ သေတဲ့အထိ Assassinate လုပ်ကြတာ။

အဲဒါကြောင့် စွပ်စွဲမှုတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ် အောင် လုပ်တာတွေ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေ ရှိနေတဲ့အတွက် ကြောင့် ဘုရားက ခရီးသွားရင် သံဃာ ၅၀၀ ခေါ်သွားတာက သူရဲ့ အန္တရာယ် ကာကွယ်ဖို့ Protection ဖြစ်ရမယ်လို့ တွေးကြည့်တာပေါ့” ဟု သီတဂူက ပြောဆိုသည်။

သီတဂူသည် ဘုရားဟောမဟုတ်သော ပဋိကတ်တွင် မပါသော အကြောင်း အရာ များကို ဟောပြောနေပြီး အဓမ္မကို ဓမ္မအဖြစ် ပြောဆိုနေကြောင်း ၊ မြတ်စွာ ဘုရားတို့မည်သည် သူတစ်ပါး ပယောဂဖြင့် ပျံလွန်တော်မူရိုး ထုံးစံ မရှိဟု ဘုရားရှင်ကိုယ်တိုင် မိန့်ဆိုခဲ့ကြောင်း ဆရာတော်မင်းသုညက ထောက်ပြ သည်။

“သီတဂူအခု ဒီလိုပြောတာက လုပ်ကြံပြီးပြောတာပါ။ ဘုရားက တစ်ပါးတည်း ကြွတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ အင်္ဂလိမာလလို ဓားထမ်းပြီးတော့ အမေကို လိုက်နေတဲ့နေရာတောင်မှပဲ မြတ်စွာဘုရား တစ်ပါးတည်းသွား ပြီး တော့ တရားဟောတာလည်း အားလုံးအသိပါပဲ။

ရောဟိနီမြစ်ကို အကြောင်း ပြုပြီးတော့ မင်းညီမင်းသားတွေ ရေလုတဲ့ ပြဿနာမှာလည်း တစ်ပါးတည်း သွားပြီးတော့ ဟောတာပါ။ ပြောချင်တာက တစ်ပါးတည်းသွားတဲ့ သာဓကတွေ အများကြီးပဲရှိပါတယ်။ မြတ်စွာဘုရားက ရဟန်းသံဃာတွေနဲ့ အခြွေအရံ ကြွ တာ က ဆွမ်းခံကြွတာတို့ ဒီလိုမျိုးတွေပဲရှိပါတယ်။

သူပြောသလို အခြံအရံ တွေနဲ့ ဘာသာခြားတွေက လုပ်ကြံမှာစိုးလို့ ကြွတာက ဘုရားရဲ့ ပဋိကတ်သုံးပုံ တွေကော အဌာကထာတွေရောမှာ ဘယ်နေရာမှ မရှိပါဘူး။ ဘာကိုရည်ရွယ် နေလဲ ဆိုတာကတော့ သူက ဘာသာခြားတွေကို တိုက်ခိုက်နေတာ ကြာခဲ့ပြီ။ ဘာသာခြားတွေကြောင့် စိုးရိမ်ရတယ်ဆိုတဲ့ အခြေအနေနဲ့ သူ့ရဲ့ ကြောက်စိတ် အခုဆိုလိုရှိရင် သူက စစ်တပ်နဲ့ဝန်းရံပြီးသွားတဲ့ဟာတွေကိုလည်း ဦးဇင်းတို့ ကြားရတယ်။

ပြီးတော့ သံဃာတွေ ဝန်းရံပြီးသွားနေတာလည်း ကြားရတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး သူ မီးမွှေးခဲ့တာကြာခဲ့ပြီ။ အိမ်ရှင် ဧည့်သည်ဆိုပြီး အစ္စလမ်ဘာသာဝင်တွေ မုန်းတီးရေး သူလုပ်ခဲ့တာ။ မဘသအဖွဲ့အစည်းမှာ လည်း သူက နာယက အဖြစ် ပါဝင်ခဲ့တာ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောထားတဲ့အထဲမှာ အဓမ္မကို ဓမ္မအဖြစ် ဟောတာ အပြစ် အကြီးဆုံးပဲ” ဟု ဆရာတော်မင်းသုညက ရှင်းပြသည်။

သီတဂူသည် ဒကာဖြစ်သော မင်းအောင်လှိုင်ကို ကာကွယ်သည့်အနေဖြင့် ပြော ဆို နေခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ကြောက်စိတ်ဖြစ်နေသည်ဟု ဆရာ တော် မင်းသုညက ဆက်လက် မိန့်ကြားသည်။ “ဘုရားက မဟောခဲ့တဲ့ အရာကို ဘုရားဟောသလို လိုနဲ့ ပြည်သူတွေကို ထင် ယောင် ထင်မှား ဖြစ်အောင်လုပ်တာက တော်တော်ကြီးကိုဆိုးပါတယ်။

မြတ်စွာ ဘုရား တို့မည်သည် သူတစ်ပါး ပယောဂနဲ့ ပျံတော်လွန်တော်မူရိုး ထုံးစံမရှိဘူး လို့ ဘုရားကလည်း အထင်အရှား ဟောထားခဲ့တဲ့ ပဋိကတ် စာပေတွေ အများ ကြီး ရှိပါတယ်။ အခု သူဒီလိုလုပ်တာက ဦးဇင်းကြည့်လိုက်တာကတော့ ၂ ချက် ပေါ့။

သူကနေပြီးတော့ သဒ္ဓါ ပညာနဲ့ပြည့်စုံသောဆိုပြီး သူမြှောက်ပေးတဲ့ သူရဲ့ ဒကာကြီး မိစ္ဆာကောင် မင်းအောင်လှိုင် ကို အခြွေအရံတွေနဲ့ စစ်တပ်တွေနဲ့ သွား နေတာကို ကာဗာလုပ်ပြီးတော့ မင်းအလိုလိုက် ဖားပြောတာပါသလို သူ ကိုယ် တိုင် ကလည်း ယနေ့ သူ့ကို ဘယ်သူကမှ လက်မခံလာတဲ့အခါမှာ သူရဲ့ စိုးရိမ်မှု ကြောက်ရွံ့မှုတွေနဲ့ စစ်တပ်က သူ့ကို လုံခြုံရေး ပေးစေချင် တာရယ်။

ပြီးတော့ သံဃာတော်တွေ အများကြီးနဲ့ ကြွသွားချင်တာ ရယ်။ သူ့ကိုယ်သူ ကြောက်လန့် ပြီးတော့ ကာဗာယူပြီးတော့ ပြောတဲ့စကားလို့ ဦးဇင်းကတော့ မြင်ပါတယ်” ဟု ဆရာတော်မင်းသုညက မိန့်ကြားသည်။

ဓာတ်ပုံ- သီတဂူနှင့်မင်းအောင်လှိုင်။

Leave a Reply

Your email address will not be published. Required fields are marked *