

MFP ၊ ဒီဇင္ဘာ – ၂၉







တောပုရွာ ပျူစခန်းထဲက ထွက်လာတဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်၊

ပျူသုံးယောက် သေပြီး အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ဟုဆို၊

MFP ၊ ဒီဇင္ဘာ – ၂၉

စစ်ကိုင်းတိုင်း မုံရွာမြို့၊ တောပုရွာ ပျူစခန်းထဲက ထွက်လာတဲ့ အိမ်စီးကားတစ်စီးကို ဒီနေ့လည်ပိုင်း စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် အပအဝ၍် ပျူသုံးယောက် သေတယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က သတင်း ထုတ်ပြန်ပါတယ်

ဒီနေ့ ဒီဇင်ဘာ(၂၈)ရက် နေ့လည်(၂)နာရီကျော်က မုံရွာမြို့၊ တောပုပျူရွာထဲက ထွက်လာတဲ့ ပျူအကောင်ကြီး တစ်ကောင် (ယခင်စစ်မှူထမ်းဟောင်း) ပါတဲ့ အိမ်စီးကားတစ်စီးကို People’s Defence Force – South Monywa၊ Anyar Defense Force နှင့် Garuda King Monywa တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါ လေးဦးအနက် ကျွန်စောထီး သုံးကောင် နေရာတွင် ပွဲချင်းပြီး သေဆုံး၍ ကျန်သော မိန်းကလေးတစ်ဦးမှာ အပြစ်မဲ့ ပြည်သူဖြစ်၍ ပြန်လည် လွှတ်ပေးခဲ့သည်

ခနအကြာ တောပုပျူရွာမှ ကျွန်စောထီးများ ထွက်လာ၍ မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်” လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က ဖော်ပြပါတယ်

အဲ့ဒီ တိုက်ခိုက်မှုမှာ (၅.၅၆ကျည် (၈၃)တောင့်၊ (၇.၆၂)ကျည် (၄၂)တောင့် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်

မုံရွာနှင့် ချောင်းဦးနယ် ကျေးရွာတချို့က ဒေသခံတွေကို စစ်အုပ်စုက အကြမ်းဖက်နည်း သင်တန်းပေးကာ သေနတ်ထုတ်ပေးထားပြီး ပျူတွေအဖြစ် လက်သပ်မွေးထားတာ ဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *