၂၀၂၃ ခုႏွစ္ ကူးေျပာင္းမည့္ ႏွစ္သစ္ကူးည ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားအတြက္ တစ္ညတာ ပုဒ္မ ၁၄၄ အမိန႔္ပယ္ဖ်က္ဟု ရန္ကုန္ စစ္ေကာင္စီက ထုတ္ျပန္
ရန္ကုန္၊ ဒီဇင္ဘာလ ၂၉
၂၀၂၃ ခုႏွစ္ ကူးေျပာင္းမည့္ ႏွစ္သစ္ကူးည ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားအတြက္ တစ္ညတာ ပုဒ္မ ၁၄၄ အမိန႔္ပယ္ဖ်က္ဟု ရန္ကုန္တိုင္း စစ္ေကာင္စီက စာထုတ္ျပန္သည္
ရန္ကုန္တိုင္း စစ္ေကာင္စီ၏ အစီအစဥ္ျဖင့္ ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္ ေနရာ တြင္ ႏိုင္ငံတကာ ႏွစ္သစ္ကူးပြဲေတာ္(Count-Down Party)ကို စည္ကားသိုက္ ၿမိဳက္စြာ က်င္းပျပဳလုပ္ရန္ စီစဥ္ထား ေၾကာင္း၊
ယင္းပြဲေတာ္က်င္းပမည့္ ဒီဇင္ ဘာလ ၃၁ ရက္ေန႔တြင္ မီးရႉးမီးပန္းမ်ား ပစ္ေဖာက္ျခင္းႏွင့္ စတိတ္ရႈိးပြဲမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပထားသည္
ထို႔ေၾကာင့္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အရ ထုတ္ျပန္ခဲ့သည့္ ညမထြက္ ရ အမိန႔္ကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ည ၁၂ နာရီ မွ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ နံနက္ ၄ နာရီအထိ တစ္ရက္တာ ေခတၱ ပယ္ဖ်က္သည္ဟု စစ္ေကာင္စီ၏ အမိန႔္စာက ေဖာ္ျပထားသည္
၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန် စစ်ကောင်စီက ထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာလ ၂၉
၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန်တိုင်း စစ်ကောင်စီက စာထုတ်ပြန်သည်
ရန်ကုန်တိုင်း စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်(Count-Down Party)ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း၊
ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားသည်
ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်သည်ဟု စစ်ကောင်စီ၏ အမိန့်စာက ဖော်ပြထားသည်