မေရွှမိုး-ကိုရီးယား
𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 29th,2022.
နေပြည်တော်က ဆောင်ကြာမြိုင်တေဇောခတဲ့အကြောင်း—
ငယ်ငယ်တုန်းက ကျောင်းမှာ စစ်ဆေးရေးဝင်မယ်ဆို— လုပ်ရပြီ သန့်ရှင်းရေး။ ဝတ်ရပြီ အဖြူအစိမ်း
ဆရာမတွေကလည်း အင်္ကျီအသစ်နဲ့ အသံလေးတွေ ချိုသာလို့ အလုပ်တွေကြိုးစားကြတာ
ရုံးတွေမှာလည်း စစ်ဆေးရေးဝင်မယ်ဆို — အံမယ်လေး မျက်လှည့်ပြသလို ဖလန်းဖလန်းတွေဖြစ်၊ လူတွေက အလုပ်တွေ ထ လုပ်ကြတာ
အခုလည်း NDAA မှာ Burma act အရှည်ကြီးပါလာတော့ အမေရိကန်ကြောက်ရောဂါရှိတဲ့ ဟို ဆောင်ကြာမြိုင်ဘောမတွေ တေဇောခနေကြတာ မြင်မကောင်းဘူး။နေပြည်တော်က သတင်းပို့ချက်အရ သိရတာ
လူကြီးကခေါ်ကြိမ်းတယ်တဲ့။ အဲ့မှာ တချို့က သံရုံးတွေအရှေ့ ဆန္ဒတွေ ထ ပြကြတော့တာပဲ
ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း သုံးမရတဲ့ ဘိန်းခင်းတွေကို စစ်သားတွေက ဖျက်စီးပြ
အဲ့ဒါလည်း ဟာသ— ဘိန်းပင်ကပန်းပွင့်ပြီးရင် အသီးသီးတယ်၊အဲ့အသီးကိုခြစ်ရင် အစေးတွေထွက်တယ်၊ အဲအစေးက ဘိန်းမည်းတွေပေါ့၊
အခု ဘိန်းစေးခြစ်တဲ့ရာသီပြီးသွားတာမို့ ဘိန်းခင်းတွေ အဖျက်ပြကြတာလေ။ ဘိန်းခင်းဖျက်တယ်ဆိုပြီး ဓာတ်ပုံလာရိုက်ကြတာ
ပြီးတော့ ရေသည်ကောင် (ကကကွန်) တွေက သူတို့ အနှစ်နှစ်အလလစုစောင်းထားတဲ့ SS တွေဖွင့်ချပြီး ပြည်သူတွေကို အာရုံနောက်အောင်ဆက်တိုက်လုပ်နေတာပဲ
လောင်ကြတာ၊ လောင်ကြတာ။လူကြီး စိတ်တိုနေတုန်းမို့ အရေးမပါ၊ အရာမရောက်တာတွေကို ပြာပြာသလဲလုပ်ပြကြတဲ့ လုပ်ရိုးလုပ်ထုံးတွေ အဘတို့ဆီအခုအထိ ပေါက်တုန်းပဲလား သားရီးတို့— 😆
ဆောင်ကြာမြိုင် တေဇောခနေကြတာ မြင်မကောင်းဘူး
မေ႐ႊမိုး-ကိုရီးယား
𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 29th,2022.
Leave a Reply
Your email address will not be published. Required fields are marked *