
သတင်းပေးဖရဲသီးများကို ဆုငွေချီးမြှင့်မည်ဆိုသည့် စာရွက်များ စစ်ကောင်စီတပ်စခန်းများအပေါ် အရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြဲချ
ပြည်သူ့ရင်ခွင် မခိုလှုံသည့် အရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးအဖြစ် ဖိတ်ခေါ်သည့်စာရွက်များကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီတပ်စခန်းများအပေါ် ကြဲချခဲ့ကြောင်း သိရသည်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အခြေစိုက်သည့် စစ်အခြေခံလေ့ကျင့်ရေးကျောင်း (စခတ ၁၀)၊ တင့်ကားတပ် (တကရ ၅၀၀၄)၊ စစ်ကောင်စီအမြောက်တပ် (အမတ ၃၆၉)၊ အရာတော်မြို့မရဲစခန်း၊ နောင်ကြီးအိုင်ရဲကင်း၊ ရသစ်ရဲကင်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ သိရှိစေရန် ဒရုန်းဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်
ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီသတင်းများ ပေးပါက NUG ၏ ဆုကြေးငွေနှင့် ခံစားခွင့်များရရှိမည့်အပြင် အကာအကွယ်ရမည့် အာမခံချက်များ ရရှိမည်ဖြစ်သောကြောင့် အမြန်ဆုံးဆက်သွယ်ကြရန် စာရွက်များပေါ်တွင် ပုံနှိပ်ရေးသားပြီး ကြဲချခဲ့ခြင်းဖြစ်သည်