ဂုဏ္ယူ ဝမ္းသာလ်က္ပါ မမပန္

ေတာင္ကိုရီးယားႏိုင္ငံက ေပးအပ္တဲ့ ကင္မ္ဂြန္းထယ္ ဒီမိုကေရစီဆုကို ၂၀၂၂ခုႏွစ္အတြက္ ကြၽန္မပန္ဆယ္လိုက ရရွိခဲ့ပါတယ္

ဝိုင္းဝန္းဂုဏ္ယူေပးၾကတဲ့ ခ်စ္ခင္ၾကသူ ေတာ္လွန္ေရးညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ျပည္သူမ်ားကိုလည္း အထူးေက်းဇူးတင္ပါတယ္ ဒီဆုဟာ ကြၽန္မတစ္ေယာက္တည္းကို ခ်ီးျမႇင့္တဲ့ ဆုမဟုတ္ဘဲ ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအတြက္ စစ္ကြၽန္မခံ ႏွစ္ႏွစ္နီးပါး ႀကိဳးစား႐ုန္းကန္ခဲ့ၾကတဲ့ ဇြဲ၊လုံ႔လ၊သတၱိေတြကို ႏိုင္ငံတကာက ေလးစားေၾကာင္း၊ အသိအမွတ္ျပဳေၾကာင္း သတင္းစကားအေနနဲ႔ ေပးအပ္ခ်ီးျမႇင့္တယ္လို႔ ခံယူပါတယ္

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ေရွ႕ျဖစ္စဥ္ေတြဟာ ကြၽန္မတို႔ႏိုင္ငံနဲ႔ အလားသ႑န္ဆင္တူပါတယ္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အတိတ္ဟာ ကြၽန္မတို႔ ျမန္မာျပည္ရဲ႕ လက္ရွိပစၥဳပၸာန္ပါပဲ ဒါ့ေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ျပည္သူေတြနဲ႔ ႏိုင္ငံေရးအင္အားစုေတြဟာ ျမန္မာျပည္သူေတြရဲ႕ ဆႏၵနဲ႔ နာက်င္မႈေတြကို ခံစားနားလည္ႏိုင္ၾကပါတယ္ ဒါ့ေၾကာင့္လည္း သူတို႔ရဲ႕ ႏွစ္စဥ္ ေတာင္ကိုရီးယားႏိုင္ငံသားေတြကိုပဲ ေပးအပ္ေလ့ရွိတဲ့ ကင္မ္ဂြန္းထယ္ဆုကို ပထမဆုံးအႀကိမ္ ႏိုင္ငံျခားသားအျဖစ္ ကြၽန္မကို ေ႐ြးခ်ယ္ေဖးမခဲ့ျခင္းျဖစ္ပါတယ္

ကြၽန္မအေနနဲ႔ ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုရီးယားဘာသာစကားနဲ႔ ထြက္ရွိခဲ့တဲ့ The Hundred Days of Darkness အေမွာင္ရက္တစ္ရာဆိုတဲ့ စာအုပ္မွ ရရွိတဲ့ စာမူခအားလုံးကို တစ္ျပားတစ္ခ်ပ္မက်န္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးထံ ျပန္လည္လႉဒါန္းခဲ့သလို ဒီေန႔ ရရွိတဲ့ ကင္မ္ဂြန္းထယ္ဆုက ခ်ီးျမႇင့္တဲ့ ဝမ္သိန္းတစ္ရာကိုလည္း ျမန္မာျပည္သူေတြရဲ႕ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီအတြက္ တစ္ျပားတစ္ခ်ပ္မက်န္ ျပန္လည္လႉဒါန္းသြားမွာ ျဖစ္ပါတယ္

အေမွာင္ရက္တစ္ရာ စာအုပ္ကလည္း ေတာင္ကိုရီးယားႏိုင္ငံမွာ အေရာင္းရဆုံးစာရင္းဝင္ခဲ့သလို ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို သိရွိခ်င္တဲ့ ေတာင္ကိုရီးယားျပည္သူေတြအတြက္ ဖတ္ရႈစရာ စာအုပ္တစ္အုပ္ျဖစ္ခဲ့ပါတယ္။ ျမန္မာ့စစ္အာဏာရွင္ေတြရဲ႕ ဆိုးယုတ္မႈေတြနဲ႔ ျမန္မာျပည္သူေတြရဲ႕ ဖိႏွိပ္ခံဘဝကို အျခားႏိုင္ငံသားေတြ သိရွိသြားႏိုင္တဲ့အတြက္ ဂုဏ္ယူပါတယ္

ကြၽန္မရဲ႕ လုပ္ေဆာင္ေနမႈေတြ ရန္ပုံေငြရွာေဖြေရးလုပ္ငန္းစဥ္ေတြမွာ အားသြန္ခြန္စိုက္ ပါဝင္ကူညီေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီ အပါအဝင္ အဖြဲ႕အစည္းမ်ားအားလုံး တိုင္းရင္းသားညီအကိုေမာင္ႏွမ အားလုံးကိုလည္း အထူးေက်းဇူးတင္ရွိေၾကာင္း ေလးေလးနက္နက္ေျပာၾကားခ်င္ပါတယ္

ဒီဆုကို ရရွိတဲ့အတြက္ ပီတိနဲ႔ဂုဏ္ယူရေပမယ့္ ကြၽန္မတို႔ႏိုင္ငံသားေတြရဲ႕ အသက္ေသြးေခြၽးေပါင္းမ်ားစြာ ရင္းႏွီးေပးဆပ္ၿပီး တိုက္ပြဲဝင္ေနၾကတဲ့ ေႏြဦးေတာ္လွန္ေရးရဲ႕ ေအာင္ပြဲကိုသာ ရရွိခဲ့ရင္ ဒီ့ထက္ အဆေပါင္းရာေထာင္ခ်ီမက ဝမ္းေျမာက္ရမွာပါ

ေခတ္ဝန္ကိုထမ္း ေခတ္လမ္းကိုေလွ်ာက္ရင္း ေႏြဦးေတာ္လွန္ေရးရဲ႕ ေအာင္ပြဲတိုင္ အတူတကြ ခ်ီတက္ေလွ်ာက္လွမ္းၾကရေအာင္ပါ

အမွန္တရားကပဲ ႏိုင္ကိုႏိုင္ရပါမယ္ 💪💪💪

ဂုဏ်ယူ ဝမ်းသာလျက်ပါ မမပန်

တောင်ကိုရီးယားနိုင်ငံက ပေးအပ်တဲ့ ကင်မ်ဂွန်းထယ် ဒီမိုကရေစီဆုကို ၂၀၂၂ခုနှစ်အတွက် ကျွန်မပန်ဆယ်လိုက ရရှိခဲ့ပါတယ်

ဝိုင်းဝန်းဂုဏ်ယူပေးကြတဲ့ ချစ်ခင်ကြသူ တော်လှန်ရေးညီအစ်ကိုမောင်နှမများနဲ့ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ပါတယ် ဒီဆုဟာ ကျွန်မတစ်ယောက်တည်းကို ချီးမြှင့်တဲ့ ဆုမဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စစ်ကျွန်မခံ နှစ်နှစ်နီးပါး ကြိုးစားရုန်းကန်ခဲ့ကြတဲ့ ဇွဲ၊လုံ့လ၊သတ္တိတွေကို နိုင်ငံတကာက လေးစားကြောင်း၊ အသိအမှတ်ပြုကြောင်း သတင်းစကားအနေနဲ့ ပေးအပ်ချီးမြှင့်တယ်လို့ ခံယူပါတယ်

တောင်ကိုရီးယားနိုင်ငံရဲ့ ရှေ့ဖြစ်စဉ်တွေဟာ ကျွန်မတို့နိုင်ငံနဲ့ အလားသဏ္ဍန်ဆင်တူပါတယ် တောင်ကိုရီးယားနိုင်ငံရဲ့ အတိတ်ဟာ ကျွန်မတို့ မြန်မာပြည်ရဲ့ လက်ရှိပစ္စုပ္ပာန်ပါပဲ ဒါ့ကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးအင်အားစုတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ နာကျင်မှုတွေကို ခံစားနားလည်နိုင်ကြပါတယ် ဒါ့ကြောင့်လည်း သူတို့ရဲ့ နှစ်စဉ် တောင်ကိုရီးယားနိုင်ငံသားတွေကိုပဲ ပေးအပ်လေ့ရှိတဲ့ ကင်မ်ဂွန်းထယ်ဆုကို ပထမဆုံးအကြိမ် နိုင်ငံခြားသားအဖြစ် ကျွန်မကို ရွေးချယ်ဖေးမခဲ့ခြင်းဖြစ်ပါတယ်

ကျွန်မအနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကိုရီးယားဘာသာစကားနဲ့ ထွက်ရှိခဲ့တဲ့ The Hundred Days of Darkness အမှောင်ရက်တစ်ရာဆိုတဲ့ စာအုပ်မှ ရရှိတဲ့ စာမူခအားလုံးကို တစ်ပြားတစ်ချပ်မကျန် မြန်မာ့နွေဦးတော်လှန်ရေးထံ ပြန်လည်လှူဒါန်းခဲ့သလို ဒီနေ့ ရရှိတဲ့ ကင်မ်ဂွန်းထယ်ဆုက ချီးမြှင့်တဲ့ ဝမ်သိန်းတစ်ရာကိုလည်း မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တစ်ပြားတစ်ချပ်မကျန် ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်

အမှောင်ရက်တစ်ရာ စာအုပ်ကလည်း တောင်ကိုရီးယားနိုင်ငံမှာ အရောင်းရဆုံးစာရင်းဝင်ခဲ့သလို မြန်မာ့နွေဦးတော်လှန်ရေးကို သိရှိချင်တဲ့ တောင်ကိုရီးယားပြည်သူတွေအတွက် ဖတ်ရှုစရာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာ့စစ်အာဏာရှင်တွေရဲ့ ဆိုးယုတ်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံဘဝကို အခြားနိုင်ငံသားတွေ သိရှိသွားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်

ကျွန်မရဲ့ လုပ်ဆောင်နေမှုတွေ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ အားသွန်ခွန်စိုက် ပါဝင်ကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ အပါအဝင် အဖွဲ့အစည်းများအားလုံး တိုင်းရင်းသားညီအကိုမောင်နှမ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း လေးလေးနက်နက်ပြောကြားချင်ပါတယ်

ဒီဆုကို ရရှိတဲ့အတွက် ပီတိနဲ့ဂုဏ်ယူရပေမယ့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကိုသာ ရရှိခဲ့ရင် ဒီ့ထက် အဆပေါင်းရာထောင်ချီမက ဝမ်းမြောက်ရမှာပါ

ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ရင်း နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲတိုင် အတူတကွ ချီတက်လျှောက်လှမ်းကြရအောင်ပါ

အမှန်တရားကပဲ နိုင်ကိုနိုင်ရပါမယ် 💪💪💪

Leave a Reply

Your email address will not be published. Required fields are marked *