အၾကမ္းဖက္စစ္ေကာင္စီတပ္က တပ္သား၊ အရာရွိေတြ ေရွ႕တန္းမထြက္ရေရး အမိန႔္မနာခံဘဲ ေထာင္ ၃ ႏွစ္အက်ခံေနၾက

ဒီဇင္ဘာ ၂၉၊ ၂၀၂၂

အၾကမ္းဖက္စစ္ေကာင္စီရဲ႕ တပ္တြင္းအေျခအေနဟာ အမိန႔္မနာခံမႈေတြေၾကာင့္အေျခအေန ဆိုးဆိုး႐ြာ႐ြာျဖစ္ေနၿပီလို႔ အက်ဥ္းေထာင္ေတြထဲမွာ ဆုံေတြ႕ခဲ့ရတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္အရာရွိေတြကတဆင့္ သိခဲ့ရတဲ့ တပ္တြင္း အေျခအေနကို ဦးေက်ာ္ေဌးဦးကေျပာၾကားလိုက္ပါတယ္

စစ္ေကာင္စီတပ္အတြင္းမွာ အမိန႔္နာခံမႈ ပ်က္ျပားေနၿပီး ဗိုလ္ႀကီး၊ ဗိုလ္မႉး အဆင့္အရာရွိမ်ားက အမိန႔္မနာခံၾကေတာ့ဘဲ ေထာင္အက်ခံၾကမႈ မ်ားျပားေနတဲ့အေပၚ လေရာင္ေတာ စိုက္ပ်ိဳးေရးသင္တန္းေက်ာင္းတာဝန္ခံ ဦးေက်ာ္ေဌးဦးသူသိခဲ့ရတဲ့ အေျခအေနကို The Voice of Spring သတင္းဌာနနဲ႔ အင္တာဗ်ဴးအတြင္းမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တာပါ

လက္ရွိမွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕တပ္ေဆး႐ုံေတြမွာ ေအာက္ေျခတပ္သားေတြ အမ်ားအျပားကုသေနရၿပီး ေရွ႕တန္းကို ဘယ္စစ္ေကာင္စီတပ္သားမွမသြားခ်င္ၾကေတာ့တဲ့ အေျခအေနျဖစ္ေနၿပီလို႔ သူက ေျပာပါတယ္

“ေရွ႕တန္းမထြက္ခ်င္ၾကေတာ့ အမိန႔္မနာခံမႈနဲ႔ပဲ ေထာင္က်ခံလိုက္တယ္ ေထာင္က်ရင္ အမိန႔္မနာခံမႈက ၃ ႏွစ္ပဲ ဆိုေတာ့ ေထာင္က်ရင္ေရွ႕တန္းမသြားရေတာ့ဘူးလို႔ ေျပာတယ္”လို႔ ဦးေက်ာ္ေဌးဦးက အၾကမ္းဖက္စစ္ေကာင္စီအရာရွိတစ္ေယာက္ရဲ႕ ေျပာၾကားမႈကို ျပန္လည္ေျပာျပခဲ့တာျဖစ္ပါတယ္

ဒါ့အျပင္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြ အရာရွိေတြရဲ႕ မိသားစုဝင္ေတြကို တပ္တြင္းမွာ ထိန္းခ်ဳပ္မႈေတြျပဳလုပ္ေနၿပီး ထြက္ေျပးတာမ်ိဳးေတြမျဖစ္ေအာင္အၾကမ္းဖက္စစ္ေကာင္စီက ႀကိဳးစားေနရတာေၾကာင့္ အေျခအေနဆိုးဆိုး႐ြား႐ြားျဖစ္ေနၿပီလို႔ ဆိုပါတယ္

အကြမ်းဖက်စစ်ကောင်စီတပ်က တပ်သား၊ အရာရှိတွေ ရှေ့တန်းမထွက်ရရေး အမိန့်မနာခံဘဲ ထောင် ၃ နှစ်အကျခံနေကြ

ဒီဇင်ဘာ ၂၉၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွင်းအခြေအနေဟာ အမိန့်မနာခံမှုတွေကြောင့်အခြေအနေ ဆိုးဆိုးရွာရွာဖြစ်နေပြီလို့ အကျဉ်းထောင်တွေထဲမှာ ဆုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အရာရှိတွေကတဆင့် သိခဲ့ရတဲ့ တပ်တွင်း အခြေအနေကို ဦးကျော်ဌေးဦးကပြောကြားလိုက်ပါတယ်

စစ်ကောင်စီတပ်အတွင်းမှာ အမိန့်နာခံမှု ပျက်ပြားနေပြီး ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်အရာရှိများက အမိန့်မနာခံကြတော့ဘဲ ထောင်အကျခံကြမှု များပြားနေတဲ့အပေါ် လရောင်တော စိုက်ပျိုးရေးသင်တန်းကျောင်းတာဝန်ခံ ဦးကျော်ဌေးဦးသူသိခဲ့ရတဲ့ အခြေအနေကို The Voice of Spring သတင်းဌာနနဲ့ အင်တာဗျူးအတွင်းမှာ ထုတ်ဖော်ပြောကြားခဲ့တာပါ

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဆေးရုံတွေမှာ အောက်ခြေတပ်သားတွေ အများအပြားကုသနေရပြီး ရှေ့တန်းကို ဘယ်စစ်ကောင်စီတပ်သားမှမသွားချင်ကြတော့တဲ့ အခြေအနေဖြစ်နေပြီလို့ သူက ပြောပါတယ်

“ရှေ့တန်းမထွက်ချင်ကြတော့ အမိန့်မနာခံမှုနဲ့ပဲ ထောင်ကျခံလိုက်တယ် ထောင်ကျရင် အမိန့်မနာခံမှုက ၃ နှစ်ပဲ ဆိုတော့ ထောင်ကျရင်ရှေ့တန်းမသွားရတော့ဘူးလို့ ပြောတယ်”လို့ ဦးကျော်ဌေးဦးက အကြမ်းဖက်စစ်ကောင်စီအရာရှိတစ်ယောက်ရဲ့ ပြောကြားမှုကို ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အရာရှိတွေရဲ့ မိသားစုဝင်တွေကို တပ်တွင်းမှာ ထိန်းချုပ်မှုတွေပြုလုပ်နေပြီး ထွက်ပြေးတာမျိုးတွေမဖြစ်အောင်အကြမ်းဖက်စစ်ကောင်စီက ကြိုးစားနေရတာကြောင့် အခြေအနေဆိုးဆိုးရွားရွားဖြစ်နေပြီလို့ ဆိုပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *