ငါ့သေရာက္ၿမိဳ႕နယ္ခြဲ EPC ႐ုံးကို PDF က ဝင္ေရာက္စီးနင္းစဥ္ လက္နက္ အပ္ေသာ ရဲ ၁ ဦးကို စစ္တပ္က စစ္ေၾကာေရးတြင္ သတ္ျဖတ္၊ ငါ့သေရာက္ ရဲမ်ား အားလုံးကို မသကၤာမႈျဖင့္ စစ္ေဆးေနၿပီး နယ္ေျပာင္းေ႐ႊ႕မည္ဟုဆို
ရန္ကုန္၊ ဒီဇင္ဘာ ၂၉
မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္ ၊ ငါ့သေရာက္ၿမိဳ႕နယ္ခြဲ လွ်ပ္စစ္မန္ေနဂ်ာ ႐ုံးကို PDF တပ္ဖြဲ႕မ်ားက ဝင္ေရာက္ စီး နင္း တိုက္ခိုက္ခဲ့ၿပီး လက္နက္ ၁ လက္ အပ္လိုက္ေသာ ရဲတပ္ဖြဲ႕ဝင္ ၁ ဦးကို စစ္တပ္က စစ္ေၾကာေရးတြင္ သတ္ျဖတ္ လိုက္ေၾကာင္း Bagan Ogre Force (P.D.F) တပ္ဖြဲ႕ မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္
ဒီဇင္ဘာလ ၂၃ ရက္ေန႔ ညေန ၆ နာရီဝန္းက်င္ခဲ့တြင္ ေညာင္ဦးခ႐ိုင္ တပ္ရင္း ၅ က ဦးေဆာင္ၿပီး ငါ့သေရာက္ၿမိဳ႕နယ္ ခြဲ လွ်ပ္စစ္ မီတာ႐ုံးကို ဝင္ေရာက္ တိုက္ ခိုက္ ခဲ့ကာ အူဇီ ေသနတ္ ၁ လက္၊ ဖုန္း ၆ လုံး၊ လက္ေတာ့ ၁ လုံးႏွင့္ အျခား ပစၥည္း မ်ား သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း၊
ယင္းျဖစ္စဥ္အတြက္ ငါ့သေရာက္ ၿမိဳ႕နယ္ ခြဲ လွ်ပ္စစ္မီတာ႐ုံးကို လုံၿခဳံေရး ေစာင့္ေနသည့္ ရဲ ၂ ဦးကို စစ္တပ္က ဖမ္းဆီးစစ္ေဆးခဲ့ရာတြင္ ရဲ ၁ ဦးမွာ စစ္ေၾကာေရးတြင္ စစ္တပ္၏ သတ္ျဖတ္မႈ ေၾကာင့္ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္
“ဒီဇင္ဘာလ ၂၃ ရက္ေန႔ တို႔ ငါ့သေရာက္ EPC ဝင္သိမ္း တုန္း အူဇီ လက္နက္ အလြယ္တကူ ေပးလိုက္တဲ့ ငါ့သေရာက္ ရဲစခန္း က EPC ေစာင့္ ရဲေခြးကို စစ္ တပ္က ဖမ္းသြားၿပီး စစ္ေၾကာေရး မွာ သတ္လိုက္ပါတယ္
ငါ့သေရာက္ နယ္ ေျမခံ ရဲေခြးေတြ ကို စစ္တပ္က မသကၤာမႈနဲ႔ စစ္ေဆး တာေတြ လုပ္ေနတယ္။ ေနာက္ၿပီး ငါ့သေရာက္ နယ္ခံ ရဲေခြး ေတြကို အျခား ၿမိဳ႕ ပို႔မယ္လို႔ အတြင္း သတင္း ရရွိပါတယ္” ဟု Bagan Ogre Force (P.D.F) တပ္ဖြဲ႕ မွ တာဝန္ရွိသူက ရွင္းျပသည္
ေအာက္တိုဘာလ ၂၉ ရက္ေန႔ကလည္း ငါ့သေရာက္ၿမိဳ႕နယ္ခြဲ ၿမိဳ႕မ ရဲစခန္းကို PDF တပ္မ်ားက တိုက္ခိုက္ရာ စခန္းမႉး၊ ဒုရဲအုပ္ အပါအဝင္ ရဲ ၁၁ ဦး ေသဆုံး ၿပီး လက္နက္ ၇ လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္
ငါ့သရောက်မြို့နယ်ခွဲ EPC ရုံးကို PDF က ဝင်ရောက်စီးနင်းစဉ် လက်နက် အပ်သော ရဲ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်၊ ငါ့သရောက် ရဲများ အားလုံးကို မသင်္ကာမှုဖြင့် စစ်ဆေးနေပြီး နယ်ပြောင်းရွှေ့မည်ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်မန်နေဂျာ ရုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် စီး နင်း တိုက်ခိုက်ခဲ့ပြီး လက်နက် ၁ လက် အပ်လိုက်သော ရဲတပ်ဖွဲ့ဝင် ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ် လိုက်ကြောင်း Bagan Ogre Force (P.D.F) တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်
ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခဲ့တွင် ညောင်ဦးခရိုင် တပ်ရင်း ၅ က ဦးဆောင်ပြီး ငါ့သရောက်မြို့နယ် ခွဲ လျှပ်စစ် မီတာရုံးကို ဝင်ရောက် တိုက် ခိုက် ခဲ့ကာ အူဇီ သေနတ် ၁ လက်၊ ဖုန်း ၆ လုံး၊ လက်တော့ ၁ လုံးနှင့် အခြား ပစ္စည်း များ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊
ယင်းဖြစ်စဉ်အတွက် ငါ့သရောက် မြို့နယ် ခွဲ လျှပ်စစ်မီတာရုံးကို လုံခြုံရေး စောင့်နေသည့် ရဲ ၂ ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ရဲ ၁ ဦးမှာ စစ်ကြောရေးတွင် စစ်တပ်၏ သတ်ဖြတ်မှု ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်
“ဒီဇင်ဘာလ ၂၃ ရက်နေ့ တို့ ငါ့သရောက် EPC ဝင်သိမ်း တုန်း အူဇီ လက်နက် အလွယ်တကူ ပေးလိုက်တဲ့ ငါ့သရောက် ရဲစခန်း က EPC စောင့် ရဲခွေးကို စစ် တပ်က ဖမ်းသွားပြီး စစ်ကြောရေး မှာ သတ်လိုက်ပါတယ်
ငါ့သရောက် နယ် မြေခံ ရဲခွေးတွေ ကို စစ်တပ်က မသင်္ကာမှုနဲ့ စစ်ဆေး တာတွေ လုပ်နေတယ်။ နောက်ပြီး ငါ့သရောက် နယ်ခံ ရဲခွေး တွေကို အခြား မြို့ ပို့မယ်လို့ အတွင်း သတင်း ရရှိပါတယ်” ဟု Bagan Ogre Force (P.D.F) တပ်ဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ငါ့သရောက်မြို့နယ်ခွဲ မြို့မ ရဲစခန်းကို PDF တပ်များက တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံး ပြီး လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်