

ရန်ကုန်၊ ဒီဇင်ဘာ ၂၉






ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင်စင်မဲ့ကား ချောင်းထဲရေဆင်းသောက်

မော်လမြိုင်တွင် ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင်စင်မဲ့ကား ချောင်းထဲ ထိုးကျ ပြီး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်တွင် ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင် စင် မဲ့ကား လမ်းဘေး ထိုးကျပြီး ပွဲချင်းပြီးသေဆုံးကြောင်း ပရဟိတ ကယ် ဆယ်ရေးလုပ်ကိုင်သူများထံမှ သိရှိရသည်

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီအချိန် မော်လမြိုင် မုပွန်၊ အိုးရုံလမ်းတွင် ဒုရဲအုပ် ဝင်းထွန်းနိုင် မောင်းနှင်လာသော လိုင်စင်မဲ့ ကား (ကားနံပါတ်အတု YGN-9I 5716) သည် ချောင်းထဲ ထိုးကျ သွားကြောင်း၊

ယင်းနောက် ဒုရဲအုပ် ဝင်းထွန်း နိုင်သည် ကားအတွင်း သေဆုံးသွားပြီး အလောင်းကို ကားအတွင်းမှ ထုတ်ယူပြီး ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်

“ကားက ချောင်းထဲထိုးကျပြီး မိနစ် ၂၀ လောက်ကြာမှ လူတွေက တွေ့တာ။ တွေ့တဲ့ အချိန်မှာ ဆွဲထုတ် တော့ အဲဒီရဲက သေနေပြီ။ သူ့သင်တန်းဆင်း လက် မှတ် မှာက တောင်ကြီးမြို့မရဲစခန်း ဒုရဲအုပ် ဝင်းထွန်း နိုင်လို့ ရေးထား တယ်။ ရဲဆိုတာတော့ သေချာပါတယ်

ကားက လိုင်စင်မဲ့ကားပါ အမူး လွန်လို့ ချောင်းထဲ ကားထိုးကျတာလားတော့ သေသေချာချာမသိဘူး” ဟု ကယ်ဆယ် ရေးတွင် ပါဝင် ကူညီခဲ့သူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *