သူ႔နာမည္က ထက္ဘုန္းလွ်ံ…ဆိုင္ေရွ႕သူ႔စက္ဘီးကိုလာရပ္ေတာ့ ဆိုင္ထဲက ကိုယ့္ကိုလွန္းၾကည့္တယ္ ေဈးထဲမွာ ပစၥည္းဝင္ဝယ္ရမွာမို႔ သူ႔ေဈးျခင္းေတာင္းနဲ႔ စက္ဘီးကို ေနာက္ဆံတင္းတဲ့ အၾကည့္နဲ႔ ႐ို႐ိုက်ိဳးက်ိဳးပုံေလးနဲ႔လွန္းၾကည့္‌ေနတာ..

အဲ့ဒါနဲ႔ ကိုယ္လည္းမင္းဘာေရာင္းတာလဲေမးေတာ့ ဟင္းသီးဟင္း႐ြက္ေရာင္းတာတဲ့ ရပ္ကြက္ထဲလွည့္ၿပီး.အခုက သူေဌးတစ္ေယာက္က ပန္းဝယ္ခိုင္းလို႔ေဈးကိုလာဝယ္တာတဲ့..

ကိုယ္လည္း သူ႔ဆီက ဗူး႐ြက္ဝယ္ထားၿပီး ေဈးဝယ္ျပန္လာမွသူ႔အေၾကာင္း စပ္စုဦးမွဆိုၿပီး ေတးထားလိုက္တယ္သူျပန္လာလို႔ေမးၾကည့္ေတာ့ သူ႔မွာမိဘေတြမရွိေတာ့ဘူး အဖိုးအဖြားနဲ႔ သုံးေယာက္တည္းေနတယ္ အဖိုးအဖြားနဲ႔သူအပါ သုံးေယာက္စိုက္ပ်ိဳးပီးထြက္လာတဲ့ အသီးအ႐ြက္ေတြကို သူက ျခင္းေတာင္းထဲ

ထည့္စက္ဘီးေပၚတင္ၿပီး လွည့္ေရာင္းတယ္လို႔ေျပာတယ္သူက ေလးတန္းေက်ာင္းသား ေက်ာင္းမတက္ခင္မနက္ ၆နာရီေလာက္ထၿပီးေဈးလွည့္ေရာင္း ၿပီးမွေက်ာင္းသြားတက္တယ္ဒီလိုနဲ႔ သူ႔အိမ္ကိုလိုက္သြားၾကည့္ၿပီး အဖိုးအဖြားေတြနဲ႔စကားေျပာၾကည့္ေတာ့ သူေဈးေရာင္းေကြၽးေနတာ ၂ႏွစ္ေက်ာ္ၿပီ

“အေစာပိုင္းက အဖိုးတို႔က ေဈးမွာသြားေရာင္းတယ္ အ႐ြယ္ေလးကရလာေတာ့ မေရာင္းႏိုင္ေတာ့ ေဈးမွာခူးၿပီးအလုံးလိုက္သြင္းတယ္ အဲလိုသြင္းေတာ့ ႏွစ္ရာရမယ့္ေနရာတစ္ရာ တစ္ဝက္ေဈးဘဲရတယ္ ဒါနဲ႔ ‌ေျမးက အဖိုးတို႔ရယ္ စက္ဘီးေလးပဲ ဝယ္ေပးပါ သူလွည့္ေရာင္းၿပီးရွာေကြၽးမယ္ ဆိုၿပီး ေဈးစေရာင္းခဲ့တာ”လို႔ ထက္ဘုန္းလ်ံရဲ႕အဖိုးကေျပာတယ္

သူ႔အဖြားျဖစ္သူကလည္း“ေဈးေရာင္းဖို႔စက္ဘီးေလးကို အေဟာင္းတန္းကေန ၃ေထာင္နဲ႔ဝယ္ရတယ္ ခုထိဘရိတ္မပါ စမုတ္တံေတြမစုံေသးဘူး။ ဘရိတ္မပါေတာ့ ‌ဖိနပ္နဲ႔ဖိထိန္းေတာ့ ဖိနပ္လည္းစားတာနဲ႔မခံႏိုင္ဘူး” လို႔ သူ႔ေျမးရဲ႕စက္ဘီးေလးအေၾကာင္းကို ရယ္စရာမဟုတ္ေပမယ့္ ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ ေျပာရွာတယ္

ဒီကေလးအေၾကာင္းသိတဲ့ စက္ဘီးျပင္ဆိုင္ေတြက စက္ဘီးအတြက္လိုတာ ႏိုင္သမွ်ကို အလကားျပင္ေပး‌ေလ့ရွိၿပီး သူ႔ေဖာက္သည္ေတြကလည္း ဖိနပ္ ေက်ာပိုးအိတ္ စတာေတြလည္း ေပးေလ့ရွိတယ္လို႔ သိရတယ္

ေဈးေရာင္းလို႔ေက်ာင္းေနာက္က်ရင္ သူကဆရာမေတြ ဆူမွာစိုးတယ္တဲ့။ အဲ့ဒီလိုမဆူေအာင္ သူ႔အဖိုးနဲ႔အဖြားက ဆရာမေတြဆီကို ေဈးေရာင္းလို႔ေနာက္က်ရတယ္ဆိုတာ သတင္းပို႔ၿပီးအေၾကာင္းၾကားေပးထားရတယ္ေက်ာင္းစာကလည္း သူက စာတစ္ပုဒ္၂ေခါက္ေလာက္က်က္ရင္ အလြတ္ရေရာလို႔ သူ႔အဖိုးကေျပာတယ္

သူတို႔ေနဝာာက ေနျပည္ေတာ္ ဒကၡိဏသီရိ မိုးေဝ ၁၈လမ္းထဲက ၈ဝပါတ္လည္ ဝိုင္းလြတ္ႀကီးထဲမွာ ပိုင္ရွင္ကိုခြင့္ ေတာင္းၿပီးသုံးဘက္ကာ ၾကမ္းစင္တဲထိုးၿပီးေနၾကတယ္။အဲ့ထဲမွာပဲ အသီးႏွံေတြစုံေနေအာင္စိုက္ထားတယ္

ရပ္ကြက္ထဲက သူ႔အေၾကာင္းသိတဲ့သူ႔ေဖာက္သည္တစ္ဦး“ဒီကေလးကိုသိတယ္ေလ ကြၽန္ေတာ္တို႔ေနျပည္ေတာ္စေရာက္ကတည္းက စက္‌ဘီးေလးနဲ႔ေဈးလာေရာင္းတာ အရမ္းလိမၼာတယ္ ႐ိုးတယ္ ကြၽန္ေတာ္တို႔ဆို လိုလိုမလိုလို လာေရာင္းရင္ အၿမဲဝယ္ျဖစ္တယ္”လို႔ ဆိုတယ္

သူ႔ရဲ႕ေရာင္းအားက တစ္ေန႔ ငါးေထာင္ဝန္းက်င္မွ်သာကွိၿပီး ေျမးအဖြားသုံးေယာက္တစ္ေန႔တာ လုံေလာက္တယ္ လို႔ အဖြားျဖစ္သူကေျပာတယ္သူကေတာ့ ေလာေလာဆယ္ စက္ဘီးက ဇတ္ၾကပ္ေနလို႔ တြန္းတစ္လွည့္ စီးတစ္လွည့္လုပ္ေနရေၾကာင္းနဲ႔ စက္ဘီးေလး ေကာင္းေနေစခ်င္တယ္လို႔ေျပာပါတယ္Orr Ran

သူ့နာမည်က ထက်ဘုန်းလျှံ…ဆိုင်ရှေ့သူ့စက်ဘီးကိုလာရပ်တော့ ဆိုင်ထဲက ကိုယ့်ကိုလှန်းကြည့်တယ် ဈေးထဲမှာ ပစ္စည်းဝင်ဝယ်ရမှာမို့ သူ့ဈေးခြင်းတောင်းနဲ့ စက်ဘီးကို နောက်ဆံတင်းတဲ့ အကြည့်နဲ့ ရိုရိုကျိုးကျိုးပုံလေးနဲ့လှန်းကြည့်‌နေတာ..

အဲ့ဒါနဲ့ ကိုယ်လည်းမင်းဘာရောင်းတာလဲမေးတော့ ဟင်းသီးဟင်းရွက်ရောင်းတာတဲ့ ရပ်ကွက်ထဲလှည့်ပြီး.အခုက သူဌေးတစ်ယောက်က ပန်းဝယ်ခိုင်းလို့ဈေးကိုလာဝယ်တာတဲ့..

ကိုယ်လည်း သူ့ဆီက ဗူးရွက်ဝယ်ထားပြီး ဈေးဝယ်ပြန်လာမှသူ့အကြောင်း စပ်စုဦးမှဆိုပြီး တေးထားလိုက်တယ်သူပြန်လာလို့မေးကြည့်တော့ သူ့မှာမိဘတွေမရှိတော့ဘူး အဖိုးအဖွားနဲ့ သုံးယောက်တည်းနေတယ် အဖိုးအဖွားနဲ့သူအပါ သုံးယောက်စိုက်ပျိုးပီးထွက်လာတဲ့ အသီးအရွက်တွေကို သူက ခြင်းတောင်းထဲ

ထည့်စက်ဘီးပေါ်တင်ပြီး လှည့်ရောင်းတယ်လို့ပြောတယ်သူက လေးတန်းကျောင်းသား ကျောင်းမတက်ခင်မနက် ၆နာရီလောက်ထပြီးဈေးလှည့်ရောင်း ပြီးမှကျောင်းသွားတက်တယ်ဒီလိုနဲ့ သူ့အိမ်ကိုလိုက်သွားကြည့်ပြီး အဖိုးအဖွားတွေနဲ့စကားပြောကြည့်တော့ သူဈေးရောင်းကျွေးနေတာ ၂နှစ်ကျော်ပြီ

“အစောပိုင်းက အဖိုးတို့က ဈေးမှာသွားရောင်းတယ် အရွယ်လေးကရလာတော့ မရောင်းနိုင်တော့ ဈေးမှာခူးပြီးအလုံးလိုက်သွင်းတယ် အဲလိုသွင်းတော့ နှစ်ရာရမယ့်နေရာတစ်ရာ တစ်ဝက်ဈေးဘဲရတယ် ဒါနဲ့ ‌မြေးက အဖိုးတို့ရယ် စက်ဘီးလေးပဲ ဝယ်ပေးပါ သူလှည့်ရောင်းပြီးရှာကျွေးမယ် ဆိုပြီး ဈေးစရောင်းခဲ့တာ”လို့ ထက်ဘုန်းလျံရဲ့အဖိုးကပြောတယ်

သူ့အဖွားဖြစ်သူကလည်း“ဈေးရောင်းဖို့စက်ဘီးလေးကို အဟောင်းတန်းကနေ ၃ထောင်နဲ့ဝယ်ရတယ် ခုထိဘရိတ်မပါ စမုတ်တံတွေမစုံသေးဘူး။ ဘရိတ်မပါတော့ ‌ဖိနပ်နဲ့ဖိထိန်းတော့ ဖိနပ်လည်းစားတာနဲ့မခံနိုင်ဘူး” လို့ သူ့မြေးရဲ့စက်ဘီးလေးအကြောင်းကို ရယ်စရာမဟုတ်ပေမယ့် ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောရှာတယ်

ဒီကလေးအကြောင်းသိတဲ့ စက်ဘီးပြင်ဆိုင်တွေက စက်ဘီးအတွက်လိုတာ နိုင်သမျှကို အလကားပြင်ပေး‌လေ့ရှိပြီး သူ့ဖောက်သည်တွေကလည်း ဖိနပ် ကျောပိုးအိတ် စတာတွေလည်း ပေးလေ့ရှိတယ်လို့ သိရတယ်

ဈေးရောင်းလို့ကျောင်းနောက်ကျရင် သူကဆရာမတွေ ဆူမှာစိုးတယ်တဲ့။ အဲ့ဒီလိုမဆူအောင် သူ့အဖိုးနဲ့အဖွားက ဆရာမတွေဆီကို ဈေးရောင်းလို့နောက်ကျရတယ်ဆိုတာ သတင်းပို့ပြီးအကြောင်းကြားပေးထားရတယ်ကျောင်းစာကလည်း သူက စာတစ်ပုဒ်၂ခေါက်လောက်ကျက်ရင် အလွတ်ရရောလို့ သူ့အဖိုးကပြောတယ်

သူတို့နေဝာာက နေပြည်တော် ဒက္ခိဏသီရိ မိုးဝေ ၁၈လမ်းထဲက ၈ဝပါတ်လည် ဝိုင်းလွတ်ကြီးထဲမှာ ပိုင်ရှင်ကိုခွင့် တောင်းပြီးသုံးဘက်ကာ ကြမ်းစင်တဲထိုးပြီးနေကြတယ်။အဲ့ထဲမှာပဲ အသီးနှံတွေစုံနေအောင်စိုက်ထားတယ်

ရပ်ကွက်ထဲက သူ့အကြောင်းသိတဲ့သူ့ဖောက်သည်တစ်ဦး“ဒီကလေးကိုသိတယ်လေ ကျွန်တော်တို့နေပြည်တော်စရောက်ကတည်းက စက်‌ဘီးလေးနဲ့ဈေးလာရောင်းတာ အရမ်းလိမ္မာတယ် ရိုးတယ် ကျွန်တော်တို့ဆို လိုလိုမလိုလို လာရောင်းရင် အမြဲဝယ်ဖြစ်တယ်”လို့ ဆိုတယ်

သူ့ရဲ့ရောင်းအားက တစ်နေ့ ငါးထောင်ဝန်းကျင်မျှသာကှိပြီး မြေးအဖွားသုံးယောက်တစ်နေ့တာ လုံလောက်တယ် လို့ အဖွားဖြစ်သူကပြောတယ်သူကတော့ လောလောဆယ် စက်ဘီးက ဇတ်ကြပ်နေလို့ တွန်းတစ်လှည့် စီးတစ်လှည့်လုပ်နေရကြောင်းနဲ့ စက်ဘီးလေး ကောင်းနေစေချင်တယ်လို့ပြောပါတယ်Orr Ran

 

Leave a Reply

Your email address will not be published. Required fields are marked *