ကန္ေတာ္ႀကီးထဲ လာတဲ့သူေတြကို အကြက္ေခ်ာင္းၿပီး အႏုၾကမ္းစီးေနတဲ့ ဓါးျပအေၾကာင္း ကိုယ္ေတြ႕ ႀကဳံခဲ့သူ ေျပာၿပီ…

ကန္ေတာ္ႀကီး ထဲ သြားမဲ့ သူေတြ အတြက္ Red Alert ပါ။ကန္ေတာ္ႀကီး တံတား မီးေလာင္သြားတဲ့ ကန္ေတာ္ႀကီး Palace hotelအေနာက္ဘက္ကိုလုံးဝ ေရွာင္ပါ

အဲနားမွာ ငါးမွ်ားသလိုလို နဲ႔အရက္ထိုင္ေသာက္ေနတဲ့လူေတြရွိတတ္တယ္ အဲလူေတြက လူအလစ္ေခ်ာင္းၿပီး အတြဲေတြကို ဓားျပတိုက္တတ္လို႔ပါ

စေနေန႔ ညေန ၅း၃၈ ေလာက္က အတြဲတစ္တြဲ ကို ဓားျပတိုက္ ထားတာ သတိမထားမိပဲ ေလ့က်င့္ခန္းလုပ္ေျပးေနရင္း

ေမာလို႔ခဏရပ္ၿပီးနားလိုက္တာကိုသူတို႔ ဓားျပတိုက္ေနတာ ရိပ္မိၿပီး လာကူညီတယ္ အထင္နဲ႔ ရင္ဘတ္တည့္တည့္ကို အ႐ိုအသြား ၁၀လက္မ နီးပါးရွိတဲ့ ဓား နဲ႔ ပစ္စိုက္တာပါ

ဓားဦးခြၽန္စိုက္တဲ့ အခ်ိန္ ႐ုတ္တရက္ အသိနဲ႔ဓားကို ခတ္ထုတ္ပစ္လိုက္ေတာ့ ဘယ္ဘက္ လက္ဖ်ံမွာ ၄cm ေလာက္ရွိတဲ့ ျပတ္ရွဒဏ္ရာတစ္ခုပဲရၿပီး ကံေကာင္းလို႔ မေသခဲ့ဘူး

ေယာက်ာ္း ႏွစ္ေယာက္ တစ္ေယာက္က ဓားနဲ႔ထိုးစိုက္တဲ့အခ်ိန္ ေနာက္တစ္ေယာက္က အေနာက္ကိုဝင္ခ်ဳပ္ၿပီး လူမျမင္ရေအာင္ကပ္ထားၿပီး ရွိတာ အကုန္ ခြၽတ္ ခိုင္း ၿပီး ဓား ခြၽန္ကိုဗိုက္ကိုေတာက္ေလ်ာက္ေတ့ ထိုးေနတာပါ

အခင္းျဖစ္ေနတုန္း ေဘးနားက ေလ့က်င့္ခန္း လုပ္တဲ့လူ သုံးေလးေယာက္ေလာက္ ျဖတ္သြားေပမဲ့ ဘယ္သူမွ သတိမထားမိပါဘူး အျဖစ္ အပ်က္တစ္ခုလုံး က တစ္မိနစ္ဝန္းက်င္ေတာင္ မၾကာခဲ့ဘူး

အစထဲက ေစာင္ငမြဲမို႔ တစ္သိန္း ေလာက္ပဲ တန္ေတာ့တဲ့ ဖုန္းတစ္လုံး ႏွစ္ပဲသား လက္စြပ္တစ္ကြင္းပဲပါ သြားပါတယ္ ဒါေပမဲ့ အေရးႀကီးတာ လူအသက္ပါ

ေငြ၅ သိန္း ဖိုးေလာက္နဲ႔ လူအသက္တစ္ခုကို ေခြၽ ပစ္ရဲတဲ့ ခိုးဆိုးႏႈိက္ေတြ ကန္ေတာ္ႀကီးလို ​​ၿမိဳ႕လယ္ေကာင္ လူေတြ ၾကားထဲ မွာရွိေနတယ္ ဆိုတာ

Busကားေပၚမွာ လုယက္သတ္ျဖတ္ေနက်တာ ခါးပိုက္ႏႈိက္တာေအာ္လို႔ ဓားနဲ႔ ထိုးသတ္ သြားတာ ဒါေတြက တိုက္ဆိုင္မႈတစ္ခု မဟုတ္ခဲ့ဘူး

တကယ္ အေရး အ ေၾကာင္း ရယ္က် လူေတြက ကိုယ့္ အတြက္ပဲ ၾကည့္ၾကတာပါ ဒဏ္ရာတန္းလန္း​​ေသြး အလိမ္းလိမ္း နဲ႔ ဓားျပေတြ နဲ႔ ေဝးရာ ေျပး လာၿပီး

အကိုရယ္ ကြၽန္ေတာ္ကို ဓားနဲ႔ထိုး လုသြားလို႔ပါ အကူ အညီ ေတာင္းမိတဲ့ လူက မသိ ခ်င္ေယာင္ေဆာင္ ေနာက္လွည့္ၿပီး ျပန္ေျပးသြားပါတယ္

ကန္ေတာ္ႀကီး ထဲ ဘာလို႔ သြားတာလည္း သြားေတာ့ ျဖစ္တာေပါ့ ဆိုၿပီး victim လာblameရင္ေတာ့ဆဲ လႊတ္မွာပါ

သူငယ္ခ်င္းေတြ အရက္ေသာက္ဖို႔ေခၚတာ မသြားပဲေလ့က်င့္ခန္း သြားလုပ္မိလို႔ ေသကံမေရာက္သက္မေပ်ာက္ခဲ့ရတဲ့ ေကာင္ဆိုးေလးပါ တဲ့

COPY @ကားေလာက
မူရင္းခရက္ဒစ္

ကန်တော်ကြီးထဲ လာတဲ့သူတွေကို အကွက်ချောင်းပြီး အနုကြမ်းစီးနေတဲ့ ဓါးပြအကြောင်း ကိုယ်တွေ့ ကြုံခဲ့သူ ပြောပြီ…

ကန်တော်ကြီး ထဲ သွားမဲ့ သူတွေ အတွက် Red Alert ပါ။ကန်တော်ကြီး တံတား မီးလောင်သွားတဲ့ ကန်တော်ကြီး Palace hotelအနောက်ဘက်ကိုလုံးဝ ရှောင်ပါ

အဲနားမှာ ငါးမျှားသလိုလို နဲ့အရက်ထိုင်သောက်နေတဲ့လူတွေရှိတတ်တယ် အဲလူတွေက လူအလစ်ချောင်းပြီး အတွဲတွေကို ဓားပြတိုက်တတ်လို့ပါ

စနေနေ့ ညနေ ၅း၃၈ လောက်က အတွဲတစ်တွဲ ကို ဓားပြတိုက် ထားတာ သတိမထားမိပဲ လေ့ကျင့်ခန်းလုပ်ပြေးနေရင်း

မောလို့ခဏရပ်ပြီးနားလိုက်တာကိုသူတို့ ဓားပြတိုက်နေတာ ရိပ်မိပြီး လာကူညီတယ် အထင်နဲ့ ရင်ဘတ်တည့်တည့်ကို အရိုအသွား ၁၀လက်မ နီးပါးရှိတဲ့ ဓား နဲ့ ပစ်စိုက်တာပါ

ဓားဦးချွန်စိုက်တဲ့ အချိန် ရုတ်တရက် အသိနဲ့ဓားကို ခတ်ထုတ်ပစ်လိုက်တော့ ဘယ်ဘက် လက်ဖျံမှာ ၄cm လောက်ရှိတဲ့ ပြတ်ရှဒဏ်ရာတစ်ခုပဲရပြီး ကံကောင်းလို့ မသေခဲ့ဘူး

ယောကျာ်း နှစ်ယောက် တစ်ယောက်က ဓားနဲ့ထိုးစိုက်တဲ့အချိန် နောက်တစ်ယောက်က အနောက်ကိုဝင်ချုပ်ပြီး လူမမြင်ရအောင်ကပ်ထားပြီး ရှိတာ အကုန် ချွတ် ခိုင်း ပြီး ဓား ချွန်ကိုဗိုက်ကိုတောက်လျောက်တေ့ ထိုးနေတာပါ

အခင်းဖြစ်နေတုန်း ဘေးနားက လေ့ကျင့်ခန်း လုပ်တဲ့လူ သုံးလေးယောက်လောက် ဖြတ်သွားပေမဲ့ ဘယ်သူမှ သတိမထားမိပါဘူး အဖြစ် အပျက်တစ်ခုလုံး က တစ်မိနစ်ဝန်းကျင်တောင် မကြာခဲ့ဘူး

အစထဲက စောင်ငမွဲမို့ တစ်သိန်း လောက်ပဲ တန်တော့တဲ့ ဖုန်းတစ်လုံး နှစ်ပဲသား လက်စွပ်တစ်ကွင်းပဲပါ သွားပါတယ် ဒါပေမဲ့ အရေးကြီးတာ လူအသက်ပါ

ငွေ၅ သိန်း ဖိုးလောက်နဲ့ လူအသက်တစ်ခုကို ချွေ ပစ်ရဲတဲ့ ခိုးဆိုးနှိုက်တွေ ကန်တော်ကြီးလို ​​မြို့လယ်ကောင် လူတွေ ကြားထဲ မှာရှိနေတယ် ဆိုတာ

Busကားပေါ်မှာ လုယက်သတ်ဖြတ်နေကျတာ ခါးပိုက်နှိုက်တာအော်လို့ ဓားနဲ့ ထိုးသတ် သွားတာ ဒါတွေက တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ဘူး

တကယ် အရေး အ ကြောင်း ရယ်ကျ လူတွေက ကိုယ့် အတွက်ပဲ ကြည့်ကြတာပါ ဒဏ်ရာတန်းလန်း​​ေသွး အလိမ်းလိမ်း နဲ့ ဓားပြတွေ နဲ့ ဝေးရာ ပြေး လာပြီး

အကိုရယ် ကျွန်တော်ကို ဓားနဲ့ထိုး လုသွားလို့ပါ အကူ အညီ တောင်းမိတဲ့ လူက မသိ ချင်ယောင်ဆောင် နောက်လှည့်ပြီး ပြန်ပြေးသွားပါတယ်

ကန်တော်ကြီး ထဲ ဘာလို့ သွားတာလည်း သွားတော့ ဖြစ်တာပေါ့ ဆိုပြီး victim လာblameရင်တော့ဆဲ လွှတ်မှာပါ

သူငယ်ချင်းတွေ အရက်သောက်ဖို့ခေါ်တာ မသွားပဲလေ့ကျင့်ခန်း သွားလုပ်မိလို့ သေကံမရောက်သက်မပျောက်ခဲ့ရတဲ့ ကောင်ဆိုးလေးပါ တဲ့

COPY @ကားလောက
မူရင်းခရက်ဒစ်

 

Leave a Reply

Your email address will not be published. Required fields are marked *