ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဆူးေလမီးပြိဳင့္တြင္ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္သား ေအာင္စိုးထြန္းကို YBS ခရီးသည္တင္ယာဥ္က တက္ႀကိတ္၍ ေသဆုံး

ရန္ကုန္၊ ဒီဇင္ဘာ ၂၈

ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဆူးေလမီးပြိဳင့္တြင္ ရဲတပ္သား ေအာင္စိုးထြန္းကို YBS ခရီးသည္တင္ယာဥ္က တက္ႀကိတ္၍ ေသဆုံးသြားေၾကာင္း ရဲသတင္းရင္းျမစ္တခ်ိဳ႕ႏွင့္ ျဖစ္စဥ္ကို သိရွိေသာ သတင္းရင္းျမစ္တခ်ိဳ႕၏ ေျပာဆိုခ်က္အရ သိရွိရသည္

ဒီဇင္ဘာလ ၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ စက္ဘီးစီးလာေသာ ရဲတပ္သား ေအာင္စိုးထြန္းက ရန္ကုန္ ၿမိဳ႕လယ္ေခါင္ ဆူးေလ မီးပြိဳင့္ မီးနီကို ျဖတ္ေမာင္းစဥ္ မီးစိမ္းကို ျဖတ္ေမာင္းလာေသာ YBS 87 က ျဖတ္တိုက္မိၿပီး တက္ႀကိတ္မိေၾကာင္း၊

ရဲတပ္သား ေအာင္စိုးထြန္းသည္ YBS ခရီးသည္တင္ယာဥ္ ေအာက္ထဲသို႔ ဝင္သြားၿပီး ေဆး႐ုံတင္ပို႔ခဲ့ေသာ္လည္း ေသဆုံးသြားေၾကာင္း၊ ဒီဇင္ဘာလ ၂၇ ရက္ေန႔ တြင္ သၿဂိဳလ္ခဲ့ၿပီး ေအာင္စိုးထြန္းသည္ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္သားတစ္ဦးျဖစ္ေၾကာင္း သိရွိရသည္

အဆိုပါယာဥ္တိုက္မႈႏွင့္ပတ္သက္ၿပီး ရဲတပ္သား ေအာင္စိုးထြန္းသည္ မီးနီကို ျဖတ္ေမာင္း၍ ကား ႀကိတ္ ခံရျခင္းျဖစ္ေသာ္လည္း အမွား က်ဴးလြန္မႈမရွိေသာ YBS 87 ယာဥ္ေမာင္းကို ရဲစခန္းတြင္ ဖမ္းဆီး ထိန္းသိမ္း အမႈဖြင့္ထားေၾကာင္း သိရွိရသည္

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်တချို့နှင့် ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရ သိရှိရသည်

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စက်ဘီးစီးလာသော ရဲတပ်သား အောင်စိုးထွန်းက ရန်ကုန် မြို့လယ်ခေါင် ဆူးလေ မီးပွိုင့် မီးနီကို ဖြတ်မောင်းစဉ် မီးစိမ်းကို ဖြတ်မောင်းလာသော YBS 87 က ဖြတ်တိုက်မိပြီး တက်ကြိတ်မိကြောင်း၊

ရဲတပ်သား အောင်စိုးထွန်းသည် YBS ခရီးသည်တင်ယာဉ် အောက်ထဲသို့ ဝင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် သဂြိုလ်ခဲ့ပြီး အောင်စိုးထွန်းသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်သား အောင်စိုးထွန်းသည် မီးနီကို ဖြတ်မောင်း၍ ကား ကြိတ် ခံရခြင်းဖြစ်သော်လည်း အမှား ကျူးလွန်မှုမရှိသော YBS 87 ယာဉ်မောင်းကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်ထားကြောင်း သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *