“ရှေးထုံးကိုလည်း မပါယ်နဲ့၊ ဈေးသုံးကိုလည်း မကြွယ်နဲ့” လို့ ဆိုရိုးရှိတယ်
အရာတော်မှာ ရဲစခန်းနဲ့ စစ်တပ်ထဲကို ဒရုမ်းသုံးပြီး စာရွက်တွေ ကျဲချတယ် NUG-MoD ရဲ့ ဖြဲသီး ဝဲလ်ကမ်း စာစဉ်တွေ။ ဒုတိယ ကမ္ဘာစစ်ကတည်းက သုံးခဲ့တဲ့နည်း ခုဆို ရဲတွေ စာရွက်ကြီးကိုင်ပြီး ငိုင်နေကြသတဲ့။ ကြင်စိုးတို့လည်း သုံးတယ် ၅၀၀၀ တန် အတုတွေကို စစ်တောင်းမြစ်ထဲ ကျဲချတာမျိုး။ သူတို့ကတော့ ယတြာတွေပါ
MoD က ဖြဲသီးကို အခုတ်တရ ဖိတ်ခေါ်ရတဲ့ အကြောင်းရှိတယ် BURMA Act ထဲမှာ ဖရဲသီးတွေအတွက် အထောက်အပံ့ပေးမယ့် အစီအစဉ်တွေ ပါတယ်။ MoD က အိပ်စိုက်ရတာမှ မဟုတ်တာ ပေးမှာပေါ့
ပြီးတော့ တော်လှန်ရေး ပြီးရင် Jump Promotion တွေလည်း ရဦးမှာ ခုလည်း တပ်က ထွက်ရဦးမှာ မဟုတ်တော့ ကြင်စိုးရဲ့ မသထှာရေစာကို မှေးယူနေပေဦးတော့ အထဲရောက်မှ တောင်ပစ်တာတို့၊ အတွင်းထုတ်တို့ ‌က ကြင်စိုးအတွက် ဖီးလ်ပေါ့နော
ဖြဲသီး ရဲ့ ကောင်းကျိုးတွေက များတယ် ကျောက်ကြေတယ်၊ ဝူခုံးသီးဆိုရင် ချိုင်းနားကြိုက်တယ်၊ ကာရာအိုကေမှာ ဖရီးရတယ်တော့ မလုပ်နဲ့ စကစရဲ့ ထိပ်တန်း လှို့ဝှက်ဆိုတာတွေ မှင်မခြောက်သေးဘူး ခေတ်သစ်မှာ တက်လာတာတို့ စစ်ကြောင်းလှုပ်ရှားမှုတွေ ကြိုသိပြီး ဖြတ်ဆော်၊ ပိတ်ဆော်လို့ “ချစ်သူညပ်နေ ဒို့ညပ်နေ ဒို့နှစ်ယောက်ညပ်နေ” ဖြစ်ကုန်တာတို့ ဒလန် စာရင်းတွေ ပေါက်လာတာတို့ ပျူတွေရဲ့ လက်နက် တပ်ဆင်မှုတွေ အတိအကျ ပေါက်တာတို့ အစုံ အစုံ
ဒါတင်ပဲလား မောင်ကာဠုရဲ့၊ ဒါ့ထက်တောင် ပိုသေး ဆိုသလို ခုနောက်ပိုင်း လေယာဉ်ပေါ်က ကျဲတဲ့ ဗုံးတွေကလည်း ထိရောက်မှု သိပ်မရှိတော့ဘူးတဲ့။ ကပစ ဖရဲပေါ့လေ
ခုလက်ရှိ စကစ တပ်ထဲမှာ ဖရဲသီးတွေ အများကြီး၊ ဆိုဒ်စုံ ရှိတယ် “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား” ဆိုသလို MoD က ရွှေလက်နဲ့ ခေါ်တုန်း နီလိုက်ကြပါ PDF က ဘူးလက် နဲ့ ခေါ်မှ ခမဲကြိုးမကျန် အနွှာခံရရင် မကောင်းစ်
ထူးဆန်းတာက ဘယ်သူက ဖြဲသီး ဆိုတာကို တပ်ထဲမှာ သိကြသတဲ့ ဒါပေမယ့် သူတို့ အဘ ကြိုးစင်တက်ရင် ဘောက်ချာ စုတ်ခံရမှာစိုးလို့ မတိုင်ကြဘူးဆိုပဲ ဖှောလား အတည်လားတော့ မသိ
ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ဖြဲသီး အစွမ်း၊ မြန်မာလွှမ်း၊ တပ်ကြီး ပျက်လိမ့်မည်)
Leave a Reply
Your email address will not be published. Required fields are marked *