မိုင္းဆြဲခံရလို႔ေမာင္းေျပးတဲ့ စစ္ေကာင္စီကားက ေဈးေရာင္းတဲ့အမ်ိဳးသမီးငယ္ ၁ ဦး ဝင္တိုက္ၿပီးကားနဲ႔တက္ႀကိတ္သြား

ဇြဲႏိုင္/ဧရာဝတီတိုင္းမ္

(ေရျဖဴ)၊ဒီဇင္ဘာလ ၂၈ ရက္

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ေရျဖဴၿမိဳ႕နယ္၊ ေရး- ထားဝယ္ ကားလမ္းမေပၚတြင္ ယေန႔ ဒီဇင္ဘာလ ၂၈ ရက္ နံမနက္ ၅ နာရီခြဲအခ်ိန္ခန႔္က ဆိုင္ကယ္စီးအမ်ိဳး သမီးငယ္ ၁ ဦးကို စစ္ေကာင္စီယာဥ္တန္းက ကားျဖင့္တိုက္ၿပီး တက္ႀကိတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံကသိရသည္

ယေန႔ မနက္ပိုင္းက ေရး-ထားဝယ္ကားလမ္းမေပၚ ညင္းေထြးေက်း႐ြာအနီးတြင္ ကား ၁၄ စီးပါစစ္ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ ေမာင္းေျပးခ်ိန္တြင္ အဆိုပါအမ်ိဳးသမီးကိုတိုက္မိၿပီး တက္ႀကိတ္သြားျခင္းျဖစ္ေၾကာင္းေဒသခံတစ္ဦးကေျပာသည္

စစ္ကားႏွင့္ႀကိတ္ခံရ၍ ေသဆုံးခဲ့သူမွာ ဇီးက်႐ြာမွ အသက္ ၁၉ ႏွစ္ ဝန္းက်င္အ႐ြယ္ မပန္းအိျဖဴဝင္း ဆိုသူျဖစ္ၿပီး ဇီးက်႐ြာမွ ညင္းေထြး႐ြာသို႔ ဆိုင္ကယ္ျဖင့္ေဈးေရာင္းေနသူျဖစ္ကာမွ စစ္ကားမွ ၎အားဝင္ တိုက္ၿပီးေနာက္ နင္းႀကိတ္သြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္

” မပန္းအိျဖဴဝင္းမွာက အေမေရာအေဖေရာမရွိေတာ့ပါဘူး သူ႔အေဒၚရဲ႕အိမ္မွာေနတာပါ သူက ဇီးက်႐ြာကေနၿပီး ညင္းေထြး႐ြာကို ငါးပိ ေရာင္းရန္အသြားမွာျဖစ္သြားတာေပါ့ အခုျဖစ္တာက လည္း သူ႔အေဒၚ ရဲ႕ အိမ္နဲ႔ မလွမ္းမကမ္းမွာျဖစ္သြားတာပါ ေကာင္မေလးကပြဲခ်င္းၿပီးဆုံးသြားပါတယ္

အေလာင္းကလည္း အႀကိတ္ခံရတာ ေခါင္းေတြေၾကမြသြားတယ္ အေျခ အေနက အရမ္းဆိုးပါတယ္အရမ္းအေနေအးၿပီး သူ႔ဟာသူ ေဈးအေရာင္းအဝယ္ေလး လုပ္စားေနတဲ့ ေကာင္မေလးပဲ့” ဟု ဇီးက်႐ြာေဒသခံ႐ြာသားတစ္ဦးက ဧရာဝတီတိုင္းမ္ ကို ေျပာသည္

ေသဆုံးသူ မပန္းအိျဖဴဝင္းရဲ႕ အေလာင္းကိုေတာ့ ေဒ သအေျခစိုက္ လူမႈကူညီေရးအသင္းကားနဲ႔တင္ ေဆာင္သြားၿပီး ယေန႔ မနက္ပိုင္းမွာ သၿဂိဳဟ္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္

မိုင္းဆြဲခံရသည့္ စစ္ေကာင္တပ္သားမ်ားမွာ အဆိုပါ ေနရာအနီးသို႔ရမ္းသမ္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ဇီးက်႐ြာကိုလည္း တစ္႐ြာလုံး ျပာပုံ ျဖစ္သြားမည္ဟု ၿခိမ္းေျခာက္ေျပာဆိုသြားေၾကာင္း ေဒသခံ႐ြာသားတစ္ဦးက ေျပာပါသည္

အဆိုပါမိုင္းဆြဲခံရမႈအတြင္း ယာဥ္ေပၚလိုက္ပါလာသည့္ စစ္ေကာင္စီတပ္သားမ်ား ထိခိုက္ေသဆုံးမႈ မ်ားရွိႏိုင္ေၾကာင္း ေဒသခံမ်ား ကေျပာသည္

Ayeyarwaddy_Times

မိုင်းဆွဲခံရလို့မောင်းပြေးတဲ့ စစ်ကောင်စီကားက ဈေးရောင်းတဲ့အမျိုးသမီးငယ် ၁ ဦး ဝင်တိုက်ပြီးကားနဲ့တက်ကြိတ်သွား

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊ဒီဇင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ရေး- ထားဝယ် ကားလမ်းမပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံမနက် ၅ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်စီးအမျိုး သမီးငယ် ၁ ဦးကို စစ်ကောင်စီယာဉ်တန်းက ကားဖြင့်တိုက်ပြီး တက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်

ယနေ့ မနက်ပိုင်းက ရေး-ထားဝယ်ကားလမ်းမပေါ် ညင်းထွေးကျေးရွာအနီးတွင် ကား ၁၄ စီးပါစစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မောင်းပြေးချိန်တွင် အဆိုပါအမျိုးသမီးကိုတိုက်မိပြီး တက်ကြိတ်သွားခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်

စစ်ကားနှင့်ကြိတ်ခံရ၍ သေဆုံးခဲ့သူမှာ ဇီးကျရွာမှ အသက် ၁၉ နှစ် ဝန်းကျင်အရွယ် မပန်းအိဖြူဝင်း ဆိုသူဖြစ်ပြီး ဇီးကျရွာမှ ညင်းထွေးရွာသို့ ဆိုင်ကယ်ဖြင့်ဈေးရောင်းနေသူဖြစ်ကာမှ စစ်ကားမှ ၎င်းအားဝင် တိုက်ပြီးနောက် နင်းကြိတ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်

” မပန်းအိဖြူဝင်းမှာက အမေရောအဖေရောမရှိတော့ပါဘူး သူ့အဒေါ်ရဲ့အိမ်မှာနေတာပါ သူက ဇီးကျရွာကနေပြီး ညင်းထွေးရွာကို ငါးပိ ရောင်းရန်အသွားမှာဖြစ်သွားတာပေါ့ အခုဖြစ်တာက လည်း သူ့အဒေါ် ရဲ့ အိမ်နဲ့ မလှမ်းမကမ်းမှာဖြစ်သွားတာပါ ကောင်မလေးကပွဲချင်းပြီးဆုံးသွားပါတယ်

အလောင်းကလည်း အကြိတ်ခံရတာ ခေါင်းတွေကြေမွသွားတယ် အခြေ အနေက အရမ်းဆိုးပါတယ်အရမ်းအနေအေးပြီး သူ့ဟာသူ ဈေးအရောင်းအဝယ်လေး လုပ်စားနေတဲ့ ကောင်မလေးပဲ့” ဟု ဇီးကျရွာဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်

သေဆုံးသူ မပန်းအိဖြူဝင်းရဲ့ အလောင်းကိုတော့ ဒေ သအခြေစိုက် လူမှုကူညီရေးအသင်းကားနဲ့တင် ဆောင်သွားပြီး ယနေ့ မနက်ပိုင်းမှာ သဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်

မိုင်းဆွဲခံရသည့် စစ်ကောင်တပ်သားများမှာ အဆိုပါ နေရာအနီးသို့ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ဇီးကျရွာကိုလည်း တစ်ရွာလုံး ပြာပုံ ဖြစ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံရွာသားတစ်ဦးက ပြောပါသည်

အဆိုပါမိုင်းဆွဲခံရမှုအတွင်း ယာဉ်ပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များရှိနိုင်ကြောင်း ဒေသခံများ ကပြောသည်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *