


ထိုသို့ပြုလုပ်နေသော စခများနှင့် ပျူများအား လက်နက်ကြီး (၆၀)မမ အလုံး (၃၀)ကျော်နှင့် လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခဲ့မှု့များရှိခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှု့များကို သပိတ်ကျင်းမြို့နယ် ခရမ်းစပ်ကုန်းရွာတွင် တပ်စွဲထားသော စခများအား ကျနော်တို့ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ ၊ ဒေသကာကွယ်ရေး တပ်များဖြစ်သည့် ရင်း ၃၊ရင်း၎ ၊ ရပ်ကျေး (ပကဖ)များနှင့် ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်နေသည်မှာ ၅ရက်ဆက်တိုက် ရှိပြီဖြစ်ပါသည်








တောဆင်ရိုင်းတွေ ကြမ်းချက်…ရုပ်သံကိုသာ ရှိုးလိုက်

TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ စစ်ရေးသတင်းထုတ်ပြန်ကြေချက် (အမှတ်၊၁၃၊၂၀၂၂)

သပိတ်ကျင်းမြို့နယ် နှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ခရမ်းစပ်ကုန်း ၊ဇင်းချောင်းစသည့် ကျေးရွာများတွင် စစ်ကောင်စီ(အင်အား၁၆၀ကျော်)နှင့် ပျုစောထီးများပူးပေါင်းကာ စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်မီးရှို့မှု့များအား ဒီဇင်ဘာ ၂၃ မှ စတင်ကာ ယနေ့ ဒီဇင်ဘာ ၂၈ရက်နေ့အထိ ပြုလုပ်လျှက်ရှိပါသည်

ထိုသို့ပြုလုပ်နေသော စခများနှင့် ပျူများအား လက်နက်ကြီး (၆၀)မမ အလုံး (၃၀)ကျော်နှင့် လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခဲ့မှု့များရှိခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်မှု့များကို သပိတ်ကျင်းမြို့နယ် ခရမ်းစပ်ကုန်းရွာတွင် တပ်စွဲထားသော စခများအား ကျနော်တို့ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ ၊ ဒေသကာကွယ်ရေး တပ်များဖြစ်သည့် ရင်း ၃၊ရင်း၄ ၊ ရပ်ကျေး (ပကဖ)များနှင့် ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်နေသည်မှာ ၅ရက်ဆက်တိုက် ရှိပြီဖြစ်ပါသည်

မိမိတို့ဘက်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့မှု့ကြောင့် ခရမ်းစပ်ကုန်းတွင် တပ်စွဲထားသော စခများ (၃၀)ကျော်ထက်မနည်း ထိခိုက်thayဆုံးနိုင်ကြောင်း သိရှိထားရသည်။ မြေပြင်ရှိဒေသခံများသတင်းပေးပို့ရာတွင်လည်းမြစ်အနောက်ဘက်ကမ်းရှိ ထိခိုက် thay ဆုံးမှု့ရှိခဲ့တဲ့ စခများအား မော်တော်ဖြင့် ကြာညှပ်ဘက်သို့သယ်ယူကြောင်း၊

ကားပေါ်တွင် သယ်ဆောင်သွားသော ဒဏ်ရာရ စခများအား မျက်မြင်တွေ့ရှိခဲ့ကြောင်း သိရှိရပြီး၊ thayဆုံးသော စခများအား ကြာညှပ်ရွာ မီးသြင်္ဂိုလ်စက်တွင် မီးသြင်္ဂိုလ်ခဲ့ကြောင်း သိရှိရပါသည်

ယမန်နေ့ ဒီဇင်ဘာ ၂၇ရက်တွင်လည်း ဇင်းချောင်းကျေးရွာရှိ နေအိမ်တစ်လုံးအားမီးရှိ့ဖျက်ဆီးကာ စခများနှင့် ပျူစောထီးများက ရွာထဲရှိ တန်ဖိုးရှိပစ္စည်းများနှင့် နွားများအား သံခွန်မော်တော်ပေါ်တွင်တင်ကာ ပျော်ပါး ကခုန်၊မြူးတူးပြီး ကြာညှပ်ဆိပ်ကမ်းဘက်သို့ မောင်းယူသယ်ဆောင်သွားခဲ့ သေးသည်

ဒါ့အပြင် ယမန်နေ့ ဒီဇင်ဘာ ၂၇ရက် နေ့လည် ၁၁ ခွဲဝန်းကျင်က ဇင်းချောင်းကျေးရွာသို့ အင်အား(၂၀)ဝန်းကျင်ပါ စခ သင်္ဘောတစ်စီးသည် ကမ်းမကပ်မှီ အချိန်မှာဘဲ လက်နက်ကြီးများဖြင့် အချက် ၂၀ ကျော် ယမ်းသမ်းပစ်ခတ်ခဲ့ပြီး ဇင်းချောင်းရွာတွင် အထိုင်ချ ထပ်စွဲထားပြန်သေးသည်

ညပိုင်း ၁၁ နာရီဝန်းကျင် အချိန်တွင် တပ်စွဲနေသည့် စခများ အထိုင်ချထားသော ပွိုင့်ရှိသည့် နေရာအား လက်နက်ကြီး (၆၀)မမ ၂လုံး နှင့်၊ဘရိမ် နှစ်ချက်ပစ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးသည်။ အဆိုပါတိုက်ခိုက်မှူ့ကြောင့်လည်း ထိခိုက်ဒဏ်ရာရသော စခများအား၊စခကားကြီး ၄စီးဖြင့် ၇ မိုင်ရွာအနီး ကြာအင်း ကုတင်(၁၀၀) စစ်ဆေးရုံတွင် ပို့ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောကြားချက်အရသိရသည်

၅ရက်ဆက်တိုက် တိုက်ခိုက်ခဲ့မှု့တွင် စခ thay ဆုံးမှု့ (၃၀)ဦးထက်မနည်း ရှိနိုင်ပြီး မိမိတို့ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်

လက်နက်ကြီး ပြောင်းစံအဖူး တစ်ခုလျှင် (၅သောင်း) နှုန်းကုန်ကျပြီး၊ ဆက်လက်တိုက်ခိုက်မှု့များပြုလုပ်နိုင်ရန် နှုတ်ခမ်းနီများလည်း လိုအပ်လျှက်ရှိနေခြင်းကြောင့် အရေးပေါ်အခြေအနေတွင် လိုအပ်နေသော ခဲယမ်း၊ပစ္စည်းများအတွက် ကူညီပေးကြဖို့ကိုလည်း တာဝန်သိပြည်သူများအား တိုက်တွန်းအပ်ပါသည်

Leave a Reply

Your email address will not be published. Required fields are marked *