ႀကံ့ဖြတ္ ဥကၠ႒ ခင္ရီႏွင့္ေအးေနဝင္း တပည့္ ထိန္လင္းက ယေန႔ ရန္ကုန္ ၿဗိတိန္ ႏွင့္ အေမရိကန္ သံ႐ုံးေရွ႕ ဆႏၵျပပြဲ စီစဥ္ၿပီး ႀကံ့ဖြတ္၊ တစည ပါတီ၊ ေ႐ႊျပည္သာ စစ္မႈထမ္းေဟာင္းမ်ား ပါဝင္၊ သံ႐ုံးမ်ား ႏွင္ထုတ္ေရးလႈပ္ရွားမႈ စမည္ဟုဆို

ရန္ကုန္၊ ဒီဇင္ဘာ ၂၈

ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးႏွင့္ ၿဗိတိန္သံ႐ုံးေရွ႕တြင္ ကုလသမဂၢႏွင့္ အ ေနာက္ ႏိုင္ငံမ်ားကို ဆန႔္က်င္ ဆႏၵျပပြဲမ်ား ယေန႔ ျပဳလုပ္သြားၿပီး ယင္းဆႏၵျပ ပြဲကို စီစဥ္သူမွာ ႀကံ့ဖြတ္ဥကၠ႒ ခင္ရီႏွင့္ ေအးေနဝင္း၏ တပည့္ျဖစ္သူ ထိန္လင္း ျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္

ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တကၠသိုလ္ရိပ္သာလမ္းရွိ အေမရိကန္ သံ႐ုံး ေရွ႕တြင္လည္းေကာင္း၊ ေန႔လယ္ပိုင္းတြင္ ကမ္းနားလမ္းရွိ ၿဗိတိန္သံ႐ုံး ေရွ႕တြင္လည္းေကာင္း ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ျမန္မာ့အေရး ဆုံးျဖတ္ ခ်က္ကို ကန႔္ကြက္ေၾကာင္း၊ အေမရိကန္ႏွင့္ ၿဗိတိန္တို႔၏ ျမန္မာႏိုင္ငံေရးကို ဝင္ေရာက္စြက္ဖက္မႈကို ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ၾကျခင္းျဖစ္သည္

“ဆႏၵျပပြဲကို စီစဥ္တာက ခင္ရီနဲ႔ ေအးေနဝင္းတပည့္အရင္း အရင္က ႀကံ့ဖြတ္ ပါတီဝင္ ထိန္လင္းက စီစဥ္တယ္။ ႀကံ့ဖြတ္၊ တစည (တိုင္းရင္းသား စည္းလုံး ညီ ၫြတ္ေရးပါတီ) ပါတီဝင္တခ်ိဳ႕ပါတယ္။ ေ႐ႊျပည္သာ စစ္မႈထမ္းေဟာင္းေတြ ပါတယ္ အမ်ိဳးသားေရးသမားတခ်ိဳ႕လည္းပါတယ္

အဲဒါကေတာ့ အတိအက် သူတို႔ အထဲကေန သတင္းေပးတာပါ။ အဲဒီပြဲအျပင္ အေမရိကန္သံ႐ုံးနဲ႔ ၿဗိတိန္ သံ႐ုံးကို ျမန္မာႏိုင္ငံထဲကေန ႏွင္ထုတ္ဖို႔ လႈပ္ရွားမႈ ကမ္ပိန္းေတြပါ လုပ္ဖို႔ရွိ တယ္လို႔သိရပါတယ္” ဟု မဘသအဖြဲ႕ဝင္ေဟာင္းျဖစ္ခဲ့ၿပီး ယခုအခါ ေႏြဦး ေတာ္လွန္ ေရး ေထာက္ပို႔တပ္သားအျဖစ္ စစ္အာဏာရွင္ဆန႔္က်င္ေရး ပါဝင္ ေနသူ ကိုဟိဏ္းေဝယံက ရန္ကုန္ေခတ္သစ္သတင္းဌာန ထံသို႔ ေျပာဆိုသည္

ရန္ကုန္ရွိ ၿဗိတိန္သံ႐ုံးႏွင့္ အေမရိကန္သံ႐ုံးေရွ႕ ဆႏၵျပပြဲ စီစဥ္သူ ထိန္လင္းသည္ ႀကံ့ဖြတ္ပါတီဝင္အမာခံ ေဟာင္းျဖစ္ၿပီး ခင္ရီ၏ တပည့္အရင္းျဖစ္ေၾကာင္း၊ ေအးေနဝင္း၏ လူယုံလည္းျဖစ္ၿပီး အမ်ိဳးသားေရး၊ မဘသ လႈပ္ ရွားမႈ ေခါင္း ေဆာင္မ်ားကို ေအးေနဝင္းႏွင့္ခ်ိတ္ဆက္ေပးျခင္း၊

ခင္ရီႏွ င့္ခ်ိတ္ ဆက္၍ အမ်ိဳး သားေရး လႈပ္ရွားမႈမ်ား ၊ စစ္တပ္ေထာက္ခံပြဲမ်ားကို ဦးစီး စီစဥ္ ခဲ့သူျဖစ္ ေၾကာင္း၊ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ကြၽန္းလွၿမိဳ႕နယ္၏ တသီး ပုဂၢလ အမတ္ေလာင္းအျဖစ္ ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရႈံးနိမ္ခဲ့သူျဖစ္ေၾကာင္း သိရွိရသည္

ယေန႔ ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ေသာ အေမရိကန္ႏွင့္ၿဗိတိန္သံ႐ုံးေရွ႕ ဆႏၵျပပြဲ မ်ားကို စစ္ေကာင္စီဘက္က လုံၿခဳံေရး စီစဥ္ေပးခဲ့ၿပီး လူ ဦးေရ ၂၀ ေက်ာ္ ဝန္းက်င္ျဖင့္ ဆႏၵျပျခင္းျဖစ္ေၾကာင္း သိရွိရသည္

အေမရိကန္ျပည္ေထာင္စုက ျမန္မာ့အေရး ကိုင္တြယ္ေျဖရွင္းရန္ အေမရိကန္ အမ်ိဳးသားကာကြယ္ေရးဥပေဒ NDAA တြင္ ျမန္မာႏိုင္ငံဆိုင္ရာ ျပ႒ာန္းခ်က္ မ်ားကို ျပ႒ာန္းထားၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္လည္း ၿဗိတိန္ႏိုင္ငံက ေဒၚ ေအာင္ ဆန္း စုၾကည္ ကို လႊတ္ေပးရန္၊ စစ္ေကာင္စီ၏ အၾကမ္း ဖက္ မႈမ်ား ရပ္ဆိုင္းရန္ ဆုံးျဖတ္ခ်က္ကို အဆိုတင္သြင္း အတည္ျပဳ ခ်မွတ္ခဲ့သည္

ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီနှင့်အေးနေဝင်း တပည့် ထိန်လင်းက ယနေ့ ရန်ကုန် ဗြိတိန် နှင့် အမေရိကန် သံရုံးရှေ့ ဆန္ဒပြပွဲ စီစဉ်ပြီး ကြံ့ဖွတ်၊ တစည ပါတီ၊ ရွှေပြည်သာ စစ်မှုထမ်းဟောင်းများ ပါဝင်၊ သံရုံးများ နှင်ထုတ်ရေးလှုပ်ရှားမှု စမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးရှေ့တွင် ကုလသမဂ္ဂနှင့် အ နောက် နိုင်ငံများကို ဆန့်ကျင် ဆန္ဒပြပွဲများ ယနေ့ ပြုလုပ်သွားပြီး ယင်းဆန္ဒပြ ပွဲကို စီစဉ်သူမှာ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီနှင့် အေးနေဝင်း၏ တပည့်ဖြစ်သူ ထိန်လင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံး ရှေ့တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ကမ်းနားလမ်းရှိ ဗြိတိန်သံရုံး ရှေ့တွင်လည်းကောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ် ချက်ကို ကန့်ကွက်ကြောင်း၊ အမေရိကန်နှင့် ဗြိတိန်တို့၏ မြန်မာနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်

“ဆန္ဒပြပွဲကို စီစဉ်တာက ခင်ရီနဲ့ အေးနေဝင်းတပည့်အရင်း အရင်က ကြံ့ဖွတ် ပါတီဝင် ထိန်လင်းက စီစဉ်တယ်။ ကြံ့ဖွတ်၊ တစည (တိုင်းရင်းသား စည်းလုံး ညီ ညွတ်ရေးပါတီ) ပါတီဝင်တချို့ပါတယ်။ ရွှေပြည်သာ စစ်မှုထမ်းဟောင်းတွေ ပါတယ် အမျိုးသားရေးသမားတချို့လည်းပါတယ်

အဲဒါကတော့ အတိအကျ သူတို့ အထဲကနေ သတင်းပေးတာပါ။ အဲဒီပွဲအပြင် အမေရိကန်သံရုံးနဲ့ ဗြိတိန် သံရုံးကို မြန်မာနိုင်ငံထဲကနေ နှင်ထုတ်ဖို့ လှုပ်ရှားမှု ကမ်ပိန်းတွေပါ လုပ်ဖို့ရှိ တယ်လို့သိရပါတယ်” ဟု မဘသအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး ယခုအခါ နွေဦး တော်လှန် ရေး ထောက်ပို့တပ်သားအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင် နေသူ ကိုဟိဏ်းဝေယံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်

ရန်ကုန်ရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲ စီစဉ်သူ ထိန်လင်းသည် ကြံ့ဖွတ်ပါတီဝင်အမာခံ ဟောင်းဖြစ်ပြီး ခင်ရီ၏ တပည့်အရင်းဖြစ်ကြောင်း၊ အေးနေဝင်း၏ လူယုံလည်းဖြစ်ပြီး အမျိုးသားရေး၊ မဘသ လှုပ် ရှားမှု ခေါင်း ဆောင်များကို အေးနေဝင်းနှင့်ချိတ်ဆက်ပေးခြင်း၊

ခင်ရီနှ င့်ချိတ် ဆက်၍ အမျိုး သားရေး လှုပ်ရှားမှုများ ၊ စစ်တပ်ထောက်ခံပွဲများကို ဦးစီး စီစဉ် ခဲ့သူဖြစ် ကြောင်း၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကျွန်းလှမြို့နယ်၏ တသီး ပုဂ္ဂလ အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ်ခဲ့သူဖြစ်ကြောင်း သိရှိရသည်

ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော အမေရိကန်နှင့်ဗြိတိန်သံရုံးရှေ့ ဆန္ဒပြပွဲ များကို စစ်ကောင်စီဘက်က လုံခြုံရေး စီစဉ်ပေးခဲ့ပြီး လူ ဦးရေ ၂၀ ကျော် ဝန်းကျင်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်

အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရန် အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ NDAA တွင် မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက် များကို ပြဋ္ဌာန်းထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်လည်း ဗြိတိန်နိုင်ငံက ဒေါ် အောင် ဆန်း စုကြည် ကို လွှတ်ပေးရန်၊ စစ်ကောင်စီ၏ အကြမ်း ဖက် မှုများ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို အဆိုတင်သွင်း အတည်ပြု ချမှတ်ခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *