စစ္အုပ္စု အာဏာျပၿပီး မႏၲေလးၿမိဳ႕က နာမည္ႀကီး ၿမိဳ႕ေတာ္ပုဂၢလိက ေဆး႐ုံ အပါဝင္ ေဆး႐ုံငါး႐ုံကို ယာယီ ပိတ္သိမ္းခိုင္း၊ေဆး႐ုံေတြက လူနာ လက္မခံေတာ့၊

MFP ၊ ဒီဇငာၻ – ၂၈

မႏၲေလးၿမိဳ႕က နာမည္ႀကီး ပုဂၢလိက ေဆး႐ုံေတြ ျဖစ္တဲ့ ၿမိဳ႕ေတာ္ေဆး႐ုံ၊ နန္းေတာ္ေဆး႐ုံ၊ ကံ့ေကာ္ေဆး႐ုံ၊ ထက္ေနလင္းေဆး႐ုံႏွင့္ စိန္ပန္းေဆး႐ုံေတြကို ယခု ဒီဇင္ဘာလကုန္က စတင္ၿပီး စစ္အုပ္စုက ယာယီ ပိတ္သိမ္း ခိုင္းထားတဲ့အတြက္ ေဆး႐ုံေတြ ပိတ္သိမ္းႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ နီးစပ္သူ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း နန္းေတာ္ႏွင့္ ၿမိဳ႕ေတာ္ေဆး႐ုံက CDM အထူးကုဆရာဝန္ႀကီး တစ္ဦး အပါအဝင္ က်န္းမာေရးဝန္ထမ္း သုံးဦးကို စစ္အုပ္စုက ဖမ္းဆီးခဲ့ၿပီးေနာက္ ယခုလို ေဆး႐ုံေတြကို ယာယီပိတ္ခိုင္းေနတာလို႔ ဆိုပါတယ္

“ဒီဇင္ဘာ(၃၁)ရက္က စၿပီး ေလးလ ပိတ္ရမယ္လို႔ စာပို႔ထားတယ္တဲ့။ ေလာေလာဆယ္ အတည္ျပဳလို႔ ရတာက ငါး႐ုံပါ။ ၿမိဳ႕ေတာ္၊ နန္းေတာ္၊ ကံ့ေကာ္ေဆး႐ုံေတြကေတာ့ တကယ့္နာမည္ႀကီးေတြေပါ့

ဖြင့္တာလည္း ၾကာၿပီ လူနာလည္း မ်ားတယ္ ဝန္ထမ္းေတြလည္း မ်ားတယ္ က်န္တဲ့ႏွစ္႐ုံက ဖြင့္တာ သိပ္မၾကာေသးတဲ့ ထက္ေနလင္းနဲ႔ စိန္ပန္းေဆး႐ုံ” လို႔ ေဆး႐ုံေတြနဲ႔ နီးစပ္သူတစ္ဦးက MFP ကို ေျပာပါတယ္

စစ္အုပ္စုက ပိတ္သိမ္းခိုင္းတာေၾကာင့္ ေဆး႐ုံေတြအေနနဲ႔ ပိတ္သိမ္းဖို႔ ျပင္ဆင္ေနရၿပီး လူနာေတြကိုလည္း ေဆး႐ုံပိတ္ရမယ့္အေၾကာင္း အသိေပး ေျပာဆိုတယ္လို႔ အဲ့ဒီ ေဆး႐ုံေတြမွာ ကုသေနတဲ့ လူနာမိသားစုေတြက MFP ကို ေျပာပါတယ္

“ျပေနၾက ဆရာဝန္ ရွိရင္ သူတို႔ ဘယ္ကို ေျပာင္းထိုင္မယ္ဆိုတာ ၫႊန္ေပးမယ္။ မနက္ျဖန္နဲ႔ သဘက္ခါအထိေတာ့ ေဆး႐ုံလာျပလို႔ရတယ္၊ လူနာ လက္ခံေသးတယ္ ေနာက္ရက္ေတြဆို လက္မခံေတာ့ဘူးေပါ့

သူတို႔ ေဆး႐ုံေတြ ပိတ္ရမယ္။ တစ္လျဖစ္ခ်င္ ျဖစ္မယ္၊ ႏွစ္လျဖစ္ခ်င္ ျဖစ္မယ္ မေျပာတတ္ေသးဘူးဆိုၿပီး ေျပာတယ္။ အခု လိုင္းေပၚ ပ်ံ႕ေနတဲ့ သတင္းေတြအတိုင္း ေဆး႐ုံေတြ ပိတ္ရမယ္ဆိုတာ ဟုတ္တယ္ဆိုၿပီး သူတို႔ ျပန္ရွင္းျပတယ္” လို႔ လူနာမိသားစုဝင္တစ္ဦးက ေျပာပါတယ္

စစ္အုပ္စုက အခုလို နာမည္ႀကီး ပုဂၢလိက ေဆး႐ုံေတြကို ယာယီပိတ္ခိုင္းတာဟာ CDM ေတြကို အၿငိဳးထား ဖိႏွိပ္မႈရဲ႕ ေနာက္ဆက္တြဲ ျဖစ္ႏိုင္သလို မႏၲေလးက စစ္အုပ္စုနဲ႔ ဆက္ႏႊယ္တဲ့ ေဆး႐ုံသစ္ေတြက သူတို႔ေဆး႐ုံေတြ လူနာရေအာင္ စစ္အုပ္စုနဲ႔ ေပါင္းၿပီး လုပ္ေဆာင္တာလည္း ျဖစ္ႏိုင္တယ္လို႔ မႏၲေလး က်န္းမာေရးဝန္ထမ္း အသိုင္းအဝိုင္းက သုံးသပ္ပါတယ္

စစ္အုပ္စုက ယာယီ ပိတ္သိမ္းခိုင္းတဲ့ ေဆး႐ုံေတြမွာ ေဆး႐ုံတစ္႐ုံခ်င္းစီအလိုက္ ဝန္ထမ္း ရာေထာင္ခ်ီ ရွိတယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္

စစ်အုပ်စု အာဏာပြပြီး မန္တလေးမြို့က နာမည်ကြီး မြို့တော်ပုဂ္ဂလိက ဆေးရုံ အပါဝင် ဆေးရုံငါးရုံကို ယာယီ ပိတ်သိမ်းခိုင်း၊ဆေးရုံတွေက လူနာ လက်မခံတော့၊

MFP ၊ ဒီဇင္ဘာ – ၂၈

မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေ ဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ ထက်နေလင်းဆေးရုံနှင့် စိန်ပန်းဆေးရုံတွေကို ယခု ဒီဇင်ဘာလကုန်က စတင်ပြီး စစ်အုပ်စုက ယာယီ ပိတ်သိမ်း ခိုင်းထားတဲ့အတွက် ဆေးရုံတွေ ပိတ်သိမ်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နန်းတော်နှင့် မြို့တော်ဆေးရုံက CDM အထူးကုဆရာဝန်ကြီး တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း သုံးဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ယခုလို ဆေးရုံတွေကို ယာယီပိတ်ခိုင်းနေတာလို့ ဆိုပါတယ်

“ဒီဇင်ဘာ(၃၁)ရက်က စပြီး လေးလ ပိတ်ရမယ်လို့ စာပို့ထားတယ်တဲ့။ လောလောဆယ် အတည်ပြုလို့ ရတာက ငါးရုံပါ။ မြို့တော်၊ နန်းတော်၊ ကံ့ကော်ဆေးရုံတွေကတော့ တကယ့်နာမည်ကြီးတွေပေါ့

ဖွင့်တာလည်း ကြာပြီ လူနာလည်း များတယ် ဝန်ထမ်းတွေလည်း များတယ် ကျန်တဲ့နှစ်ရုံက ဖွင့်တာ သိပ်မကြာသေးတဲ့ ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံ” လို့ ဆေးရုံတွေနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်

စစ်အုပ်စုက ပိတ်သိမ်းခိုင်းတာကြောင့် ဆေးရုံတွေအနေနဲ့ ပိတ်သိမ်းဖို့ ပြင်ဆင်နေရပြီး လူနာတွေကိုလည်း ဆေးရုံပိတ်ရမယ့်အကြောင်း အသိပေး ပြောဆိုတယ်လို့ အဲ့ဒီ ဆေးရုံတွေမှာ ကုသနေတဲ့ လူနာမိသားစုတွေက MFP ကို ပြောပါတယ်

“ပြနေကြ ဆရာဝန် ရှိရင် သူတို့ ဘယ်ကို ပြောင်းထိုင်မယ်ဆိုတာ ညွှန်ပေးမယ်။ မနက်ဖြန်နဲ့ သဘက်ခါအထိတော့ ဆေးရုံလာပြလို့ရတယ်၊ လူနာ လက်ခံသေးတယ် နောက်ရက်တွေဆို လက်မခံတော့ဘူးပေါ့

သူတို့ ဆေးရုံတွေ ပိတ်ရမယ်။ တစ်လဖြစ်ချင် ဖြစ်မယ်၊ နှစ်လဖြစ်ချင် ဖြစ်မယ် မပြောတတ်သေးဘူးဆိုပြီး ပြောတယ်။ အခု လိုင်းပေါ် ပျံ့နေတဲ့ သတင်းတွေအတိုင်း ဆေးရုံတွေ ပိတ်ရမယ်ဆိုတာ ဟုတ်တယ်ဆိုပြီး သူတို့ ပြန်ရှင်းပြတယ်” လို့ လူနာမိသားစုဝင်တစ်ဦးက ပြောပါတယ်

စစ်အုပ်စုက အခုလို နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတွေကို ယာယီပိတ်ခိုင်းတာဟာ CDM တွေကို အငြိုးထား ဖိနှိပ်မှုရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်သလို မန္တလေးက စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဆေးရုံသစ်တွေက သူတို့ဆေးရုံတွေ လူနာရအောင် စစ်အုပ်စုနဲ့ ပေါင်းပြီး လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့ မန္တလေး ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းက သုံးသပ်ပါတယ်

စစ်အုပ်စုက ယာယီ ပိတ်သိမ်းခိုင်းတဲ့ ဆေးရုံတွေမှာ ဆေးရုံတစ်ရုံချင်းစီအလိုက် ဝန်ထမ်း ရာထောင်ချီ ရှိတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *