ရေးဘီလူးကို တိုင်းစစ်တပ်ကမထိန်းနိုင်တော့ဘူးလား? မေးလိုက်တဲ့ NP News က ဘောမ ကျော်မျိုးမင်းရဲ့ ရုပ်သံပဲဖြစ်ပါတယ်

ယနေ့မှာလည်း ရေးမြို့ ကျောင်းရွာတွင် ခမရ ၅၉၈ တပ်ရင်းမှ စစ်ကားကို YE ဘီလူးမှ ပိတ်ဆို့ပစ်ပစ်ခတ်လို့ စစ်သား ၂ ဦးသေဆုံးသွားတယ်လို့ထုတ်ပြန်ထားပါတယ်

ရေးမြို့ ကျောင်းရွာတွင် ခမရ ၅၉၈ တပ်ရင်းမှ စစ်ကားကို YE ဘီလူးမှ ပိတ်ဆို့ပစ်ပစ်ခတ်လို့ စစ်သား ၂ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

(ရေး)၊ ဒီဇင်ဘာလ ၂၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာတွင် ယနေ့ဒီဇင်ဘာလ ၂၇ ရက် မနက် ၈ နာရီ ၁၇မိနစ်က စစ်ကောင်စီ၏ ခမရ ၅၉၈ လက်အောက်ခံတပ်မှ တပ်သားများလိုက်ပါလာသည့် စစ်ကားအား YEဘီလူး အဖွဲ့မှ ပိတ်ဆို့ပစ်ခဲ့ကြောင်း သိရသည်။

ယနေ့ မနက် ၈ နာရီ ၁၇မိနစ်တွင် ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၈ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကားမှာ ရွာထဲသို့လာရာလမ်းတွင် YEဘီလူးအဖွဲ့မှ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ ကားနောက်ခန်းတွင် လိုက်ပါခဲ့သည့် တပ်သား ၂ ဦးသေဆုံးပြီး ကျန်လူများမှာ ကားမောင်း၍ထွက်ပြေးသွားကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်။

“၅၉၁ တပ်ရင်းကတပ်သားတွေ၊ သူတို့ကျောင်းရွာထဲဝင်တော့ ကျွန်တော်တို့အဖွဲ့ကစောင့်ပစ်တာ။ စစ်ကားကမောင်းပြေးတာ့ နောက်ခန်းက ၂ ယောက်ကထိပြီး သေသွားတယ်။ ခေါင်းခန်းကသူတွေကတော့လွတ်သွားတယ်။ အားလုံးပေါင်းတော့ ၄ယောက် ၅ ယောက်လောက် ကားပေါ်ပါခဲ့တယ်”ဟု ရေးဘီလူးခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောင်းရွာအဝင်တွင် ကားကိုပိတ်ဆို့ပစ်ခတ်ခဲ့ရာ ကားပေါ်ပါတပ်သားများမှာ ပြန်လည်ပစ်ခတ်ချိန်မရပဲ ၂ ဦးမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ကားခေါင်းခန်းရှိ ကားဒရိုက်ဘာနှင့် ကားစပါယ်ယာမှာ ကားမောင်းပြီး ထွက်ပြေးသွားကြောင်းသိရသည်။

YEဘီလူးအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်ကလည်း ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၆)တပ်ရင်းအား RPGဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်။
=======
ေရးဘီလူးကို တိုင္းစစ္တပ္ကမထိန္းနိုင္ေတာ့ဘူးလား? ေမးလိုက္တဲ့ NP News က ေဘာမ ေက်ာ္မ်ိဳးမင္းရဲ႕ ႐ုပ္သံပဲျဖစ္ပါတယ္

ယေန႕မွာလည္း ေရးၿမိဳ႕ ေက်ာင္း႐ြာတြင္ ခမရ ၅၉၈ တပ္ရင္းမွ စစ္ကားကို YE ဘီလူးမွ ပိတ္ဆို႔ပစ္ပစ္ခတ္လို႔ စစ္သား ၂ ဦးေသဆုံးသြားတယ္လို႔ထုတ္ျပန္ထားပါတယ္

ေရးၿမိဳ႕ ေက်ာင္း႐ြာတြင္ ခမရ ၅၉၈ တပ္ရင္းမွ စစ္ကားကို YE ဘီလူးမွ ပိတ္ဆို႔ပစ္ပစ္ခတ္လို႔ စစ္သား ၂ ဦးေသဆုံး

ဧရာဝတီတိုင္းမ္

(ေရး)၊ ဒီဇင္ဘာလ ၂၇ ရက္

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေက်ာင္း႐ြာတြင္ ယေန႕ဒီဇင္ဘာလ ၂၇ ရက္ မနက္ ၈ နာရီ ၁၇မိနစ္က စစ္ေကာင္စီ၏ ခမရ ၅၉၈ လက္ေအာက္ခံတပ္မွ တပ္သားမ်ားလိုက္ပါလာသည့္ စစ္ကားအား YEဘီလူး အဖြဲ႕မွ ပိတ္ဆို႔ပစ္ခဲ့ေၾကာင္း သိရသည္။

ယေန႕ မနက္ ၈ နာရီ ၁၇မိနစ္တြင္ ေရးၿမိဳ႕နယ္၊ ေက်ာင္း႐ြာအေျခစိုက္ ခမရ ၅၉၈ တပ္ရင္းမွ စစ္ေကာင္စီတပ္သားမ်ား လိုက္ပါလာသည့္ စစ္ကားမွာ ႐ြာထဲသို႔လာရာလမ္းတြင္ YEဘီလူးအဖြဲ႕မွ ပိတ္ဆို႔ပစ္ခတ္ခဲ့ရာ ကားေနာက္ခန္းတြင္ လိုက္ပါခဲ့သည့္ တပ္သား ၂ ဦးေသဆုံးၿပီး က်န္လူမ်ားမွာ ကားေမာင္း၍ထြက္ေျပးသြားေၾကာင္း YE ဘီလူးအဖြဲ႕ထံမွ သိရသည္။

၅၉၁ တပ္ရင္းကတပ္သားေတြ၊ သူတို႔ေက်ာင္း႐ြာထဲဝင္ေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕ကေစာင့္ပစ္တာ။ စစ္ကားကေမာင္းေျပးတာ့ ေနာက္ခန္းက ၂ ေယာက္ကထိၿပီး ေသသြားတယ္။ ေခါင္းခန္းကသူေတြကေတာ့လြတ္သြားတယ္။ အားလုံးေပါင္းေတာ့ ၄ေယာက္ ၅ ေယာက္ေလာက္ ကားေပၚပါခဲ့တယ္ဟု ေရးဘီလူးေခါင္းေဆာင္မွ ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ေက်ာင္း႐ြာအဝင္တြင္ ကားကိုပိတ္ဆို႔ပစ္ခတ္ခဲ့ရာ ကားေပၚပါတပ္သားမ်ားမွာ ျပန္လည္ပစ္ခတ္ခ်ိန္မရပဲ ၂ ဦးမွာ က်ည္ထိမွန္ေသဆုံးခဲ့ၿပီး ကားေခါင္းခန္းရွိ ကားဒရိုက္ဘာႏွင့္ ကားစပါယ္ယာမွာ ကားေမာင္းၿပီး ထြက္ေျပးသြားေၾကာင္းသိရသည္။

YEဘီလူးအဖြဲ႕သည္ ဒီဇင္ဘာလ ၂၀ ရက္ကလည္း ေရးၿမိဳ႕နယ္အေျခစိုက္ ခမရ(၅၈၆)တပ္ရင္းအား RPGျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ တပ္ဘန္ကာအတြင္းရွိ စစ္ေကာင္စီတပ္သား ၄ ဦးေသဆုံးခဲ့ၿပီး အမ်ားအျပားထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း YE ဘီလူးအဖြဲ႕ထံမွ သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *