Burma Act ဥပေဒသည္ အခ်ဳပ္အျခာအာဏာကို ထိပါးၿပီး ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္မႈဟု စစ္ေကာင္စီ ေၾကာက္လန႔္တၾကား ထုတ္ျပန္

CJ Platform

Burma Act ဥပေဒသည္ အခ်ဳပ္အျခာအာဏာကို ထိပါးၿပီး ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္မႈဟု စစ္ေကာင္စီ၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔(ဒီဇင္ဘာ ၂၇ရက္) တြင္ တုန႔္ျပန္ထားသည္။

Burma Act of 2022 ဥပေဒတြင္ ျမန္မာႏိုင္ငံႏွင့္ ပတ္သက္သည့္ ေဖာ္ျပခ်က္မ်ားသည္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ေႏွာက္ယွက္ျခင္း၊ အခ်ဳပ္အျခာအာဏာကို ထိပါးရာေရာက္ျခင္းႏွင့္ NUG, NUCC, CRPH ႏွင့္ PDF မ်ားကို ကူညီေထာက္ပံ့မႈမ်ားသည္ အၾကမ္းဖက္မႈ အားေပးရာေရာက္သည္ ဟု စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ႏိုင္ငံတကာမွ လူသားခ်င္းစာနာမႈအကူအညီမ်ားေပးရန္ လုပ္ေဆာင္မႈမ်ားကို ကန႔္ကြက္ေနသည့္ စစ္ေကာင္စီက ျမန္မာအစိုးရအေနျဖင့္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္မ်ားကို အဖက္ဖက္မွ လုပ္ေဆာင္ေပးလ်က္ရွိသည္ဟု ယင္းထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ဆက္လက္ၿပီး အေမရိကန္ႏိုင္ငံမွ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ယႏၲရား သို႔ေငြေၾကးေထာက္ပံ့မႈအေပၚ ကန႔္ကြက္ေၾကာင္း၊ ယင္းလုပ္ရပ္သည္ ကုလသမဂၢ ပဋိညာဥ္စာတမ္းႏွင့္ သံတမန္ဆက္ဆံေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္း၏ ျပဌာန္းခ်က္မ်ားကို ခ်ိဳးေဖာက္ျခင္းျဖစ္သည္ဟု စစ္ေကာင္စီက ေဒါသႀကီးစြာ တုံ႔ျပန္ထားသည္။

စစ္ေကာင္စီမွ Burma Act ဥပေဒႏွင့္ ပတ္သက္ၿပီး ယခုကဲ့သို႔ ထုတ္ျပန္ျခင္းသည္ စိုးရိမ္ထိတ္လန႔္ေနျခင္း အတြက္ ထုတ္ျပန္ျခင္းမ်ိဳးျဖစ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားေဟာင္း တစ္ဦးျဖစ္သူ ဦးထြန္းၾကည္က သုံးသပ္ေျပာၾကားသည္။

“ စစ္တပ္က ျမန္မာႏိုင္ငံအႏွံမွာ လက္နက္ကိုင္ေတာ္လွန္ေရးကို ရင္ဆိုင္ေနရတယ္။ အခု အေမရိကန္ရဲ႕ NDAA) ၏ အစိတ္အပိုင္းတစ္ခုျဖစ္ေသာ Burma Act ဥပဒေကို သူတို႔ေၾကာက္႐ြံ႕ၿပီးေတာ့ ျပည္တြင္းေရး ဝင္ေရာက္စြက္ဖက္တာတို႔၊ အခ်ဳပ္အျခာအာဏာထိပါးတာတို႔ ဆိုၿပီး ထုတ္ျပန္တာ၊ အခုျမန္မာႏိုင္ငံမွာ စစ္တပ္က ႐ြာလုံးကြၽတ္မီးရႈိ႕တာ၊ လူေတြကို သတ္ျဖတ္ေနတာက ႏိုင္ငံတကာ စစ္ရာဇဝတ္မႈနဲ႔ ၿငိတယ္။

ျပည္တြင္း ေတာ္လွန္ေရးသမားေတြကို သူတို႔ မႏိုင္ေတာ့တဲ့အခ်ိန္မွာ အခုလို အေမရိကန္ရဲ႕ ဥပေဒတစ္ရပ္ေၾကာင့္ စစ္ေကာင္စီက အေတာ္ကို တုန္လႈပ္ေျခာက္ျခားေနတာ” ဟု ဦးထြန္းၾကည္က သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ လူသားခ်င္းစာနာမႈ အကူအညီမ်ား ေပးေနသည္ဟု ေဖာ္ျပျခင္းသည္ လက္ေတြေျမျပင္တြင္ လုပ္ေဆာင္မႈမ်ားႏွင့္ လားလားမွ သက္ဆိုင္ျခင္းမရွိေၾကာင္းကိုလည္း ဦးထြန္းၾကည္က ဆက္လက္ေျပာၾကားသည္။

အေမရိကန္ကာကြယ္ေရးဌာန၏ ကာကြယ္ေရးအသုံးစရိတ္ ဥပေဒမူၾကမ္းျဖစ္သည့္ အမ်ိဳးသားကာကြယ္ေရး လုပ္ပိုင္ခြင့္အက္ဥပေဒ(NDAA) ၏ အစိတ္အပိုင္းတစ္ခုျဖစ္ေသာ Burma Act ဥပေဒကို အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္က ဥပေဒအျဖစ္ ဒီဇင္ဘာ ၂၃ ရက္တြင္ အတည္ျပဳလက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

အဆိုပါ Burma Act ဥပေဒတြင္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ မတရားဖမ္းဆီးခံထားရသည့္ ႏိုင္ငံေရးအက်ဥ္းသားမ်ား ျပန္လႊတ္ေပးရန္ႏွင့္ NUG၊ PDF ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ား၊ ဒီမိုကေရစီအေရးတိုက္ပြဲဝင္ေနေသာ အဖြဲ႕အစည္းမ်ားကို နည္းပညာအကူအညီမ်ားေပးမည့္ အခ်က္မ်ားပါဝင္သည္။

🖋️လင္းခိုင္

===========

Burma Act ဥပဒေသည် အချုပ်အခြာအာဏာကို ထိပါးပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဟု စစ်ကောင်စီ ကြောက်လန့်တကြား ထုတ်ပြန်

CJ Platform

Burma Act ဥပဒေသည် အချုပ်အခြာအာဏာကို ထိပါးပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၂၇ရက်) တွင် တုန့်ပြန်ထားသည်။

Burma Act of 2022 ဥပဒေတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ခြင်းနှင့် NUG, NUCC, CRPH နှင့် PDF များကို ကူညီထောက်ပံ့မှုများသည် အကြမ်းဖက်မှု အားပေးရာရောက်သည် ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာမှ လူသားချင်းစာနာမှုအကူအညီများပေးရန် လုပ်ဆောင်မှုများကို ကန့်ကွက်နေသည့် စစ်ကောင်စီက မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်လက်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား သို့ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဒေါသကြီးစွာ တုံ့ပြန်ထားသည်။

စစ်ကောင်စီမှ Burma Act ဥပဒေနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် စိုးရိမ်ထိတ်လန့်နေခြင်း အတွက် ထုတ်ပြန်ခြင်းမျိုးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းကြည်က သုံးသပ်ပြောကြားသည်။

“ စစ်တပ်က မြန်မာနိုင်ငံအနှံမှာ လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်နေရတယ်။ အခု အမေရိကန်ရဲ့ NDAA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Burma Act ဥပဒကေို သူတို့ကြောက်ရွံ့ပြီးတော့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တာတို့၊ အချုပ်အခြာအာဏာထိပါးတာတို့ ဆိုပြီး ထုတ်ပြန်တာ၊ အခုမြန်မာနိုင်ငံမှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့တာ၊ လူတွေကို သတ်ဖြတ်နေတာက နိုင်ငံတကာ စစ်ရာဇဝတ်မှုနဲ့ ငြိတယ်။

ပြည်တွင်း တော်လှန်ရေးသမားတွေကို သူတို့ မနိုင်တော့တဲ့အချိန်မှာ အခုလို အမေရိကန်ရဲ့ ဥပဒေတစ်ရပ်ကြောင့် စစ်ကောင်စီက အတော်ကို တုန်လှုပ်ခြောက်ခြားနေတာ” ဟု ဦးထွန်းကြည်က သုံးသပ်ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးနေသည်ဟု ဖော်ပြခြင်းသည် လက်တွေမြေပြင်တွင် လုပ်ဆောင်မှုများနှင့် လားလားမှ သက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း ဦးထွန်းကြည်က ဆက်လက်ပြောကြားသည်။

အမေရိကန်ကာကွယ်ရေးဌာန၏ ကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းဖြစ်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ(NDAA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Burma Act ဥပဒေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဥပဒေအဖြစ် ဒီဇင်ဘာ ၂၃ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ Burma Act ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် NUG၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကို နည်းပညာအကူအညီများပေးမည့် အချက်များပါဝင်သည်။

🖋️လင်းခိုင်

Leave a Reply

Your email address will not be published. Required fields are marked *