ချောင်းဦးနယ် ကံကြီးကုန်း ပျူရွာကို မနေ့က ဝင်သိမ်းပြီး စခန်းကို ဖျက်ခဲ့တယ်တဲ့။ တေဇော ကျွေးခဲ့တယ်။ တစ်ချိန်တည်းမှာ အမြင့် ရဲစခန်း ကို ဝင်တိုက်တယ်။ အမြင့် စခန်းကို လေကြောင်းပစ်ကူပေးလို့ စခန်း မသိမ်းနိုင်ခဲ့ဘူး။

ရာဇဝင်ကို လှန်လိုက်တော့ မတ်လ-၁၀ ရက်နေ့က ကံကြီးကုန်းရွာကို ကိုယ့်ဖက်က ဝင်တိုက်ဖူးတယ်။ (အမြင့် စခန်းကနေ ဖြစ်နိုင်တယ်) စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရပေမယ့် ပျူတွေ အထိနာခဲ့တယ်။

ခု ဒီဇင်ဘာလမှာ ပြန်တိုက်တော့ စစ်ကူလည်း မလာနိုင်တော့ဘူး၊ လေကြောင်းပစ်ကူကလည်း အမြင့် ရဲစခန်းကို ပေးနေတော့ ပျူရွာက အမိမဲ့သား ရေနဲငါးဖြစ်။ ရွာက ပျက်ရော။ အနီးဆုံး တပ်ရင်းထဲ ဝင်ခွေကြလိမ့်မယ်။

သဘောက ဒီ ၉ လအတွင်းမှာ ကိုယ့်ဖက်က တိုက်စစ်အင်အား မြင့်လာတယ်။ စစ်ကူလာနိုင်တဲ့ နေရာကိုပါ တစ်ချိန်တည်းမှာ အင်အားပြည့် ဝင်စီးနိုင်တယ်။ စကစ ဖက်က လေပစ်ကူကို တစ်နေရာပဲ ပေးနိုင်တယ်။

ကော့ကရိတ်ကိုလည်း ကြည့်။ ဧပြီလဆန်းမှာ တောနော် နားမှာ တစ်ခါ ဝင်တိုက်တယ်။ အာရှလမ်းကို စမ်းပိတ်တယ်။ ရတယ်။ ဆက်မတိုက်ဘူး၊ နယ်မြေထိန်းထားလိုက်တယ်။ အောက်တိုဘာ တတိယပါတ်မှာ အကြီးအကျယ် ဝင်ဝုန်းတယ်။ မြို့ထဲထိ ရောက်တယ်။

စကစ တပ်က အမြောက်တွေစွတ်ထု၊ ဗုံးတွေ ရမ်းကျဲလို့ အေးဆေး ပြန်ခွာတယ်။ အာရှလမ်းကို စိုးမိုးထားတယ်။ လမ်းဟောင်းကို လွှတ်ထားတယ်။ ကော့ကရိတ် မြို့ကို ဖြည်းဖြည်း ပိတ်တယ်။

စကစ တပ်တွေ ရိပ်မိတယ်။ စစ်ကြောင်းထိုး ရှင်းတယ်။ မရဘူး။ ဒီဇင်ဘာလဆန်းမှာ စကစ တပ်က ဗျူဟာမြောက် လှုပ်ရှားတယ်။ နေ့ည ဗုံးကျဲ၊ အကြီးတွေနဲ့ထုတယ်။ ပုံသေပစ်မှတ်တွေ မဟုတ်တဲ့အတွက် အရာမရောက်ဘူး။ သင်ကန်းညီနောင် ဓာတ်အားခွဲရုံကို ခွဲပြလိုက်တယ်။ စကစ တပ်တွေ မြဝတီကို အင်အား မျှပေးလိုက်ရတယ်။

အရင်အပါတ်က စပြီး ကော့ကရိတ်ပါတ်လည်ကို အင်အား အပြည့်နဲ့ ဝိုင်းထားလိုက်တယ်။ ဒေါန အထူးတပ်ရင်းက တောနော်တံတားကို ကိုင်ပစ်လိုက်တယ်။ လေတပ်က ကျဲချ၊

မပေါက်တဲ့ ပေါင် ၅၀၀ ဗုံး ကို တောထဲကနေ ခက်ခက်ခဲခဲ သယ်၊ တံတား ထောက်တိုင်မှာ ချည်ပြီး ဖောက်ပစ်လိုက်တယ်။ တံတား တစ်ခြမ်း လစ်သွားတယ်။ မြဝတီ လမ်းဟောင်းကိုလည်း စီးထားလိုက်တယ်။ လမ်းဟောင်းက ပါချီပါချက် စကစ ကင်းစခန်းတွေကို ဝင်ဆော်လိုက်တာ။ ကုန်ရော။ ကော့ကရိတ်ကို အထီးကျန်စေတယ်။

စကစ ဖက်က အလန့်တကြား ထောက်လိုက်တော့ ကော်ဘရာက ဝေါလေမှာ မရှိတော့ဘူး။ ကော့ကရိတ်ပါတ်လည်ကို ဖိရှင်းဖို့ သံခြပ်ကာကားတွေပါ သုံးတယ်။ သူတို့ သံခြပ်ကာကားတွေက နွေမှာ သုံးလို့မရဘူး၊ ကားထဲမှာ Exhaust fan စံနစ်က ဘတ်ကီးထားတော့ မပါဘူးလေ။

မိုးတွင်းလည်း သုံးလို့ မရဘူး။ ဗွက်နစ်ရင် ၈ ဘီးယက်က မနိုင်လို့။ အင်ဂျင်နဲ့ ဂီယာဘောက်ကို ကွာလတီခိုထားလို့။ ကားစုတ်တွေက သံပြားတွေ ထူထားပြီး လေးလွန်းတော့ ဒရုမ်းစာမိတယ်။ အထဲကကောင်တွေ ကြက်သံပုံးကင်လို ဖြစ်သွားတယ်။ ကော့နွဲ့ သတ်ကွင်းထဲမှာ တပ်ရင်းမှူးတစ်ကောင် လောက်စာကြွေးထားတယ်။ အမှန်က ပြန်မသယ်နိုင်တာ တစ်ကောင်မကဘူး တစ်ဒါဇင်လောက် ရှိတယ်။

ခုလို မိုးထဲလေထဲ ဖြစ်နေချိန်မှာ ဝန်ကြီးချုပ် ဖထီးကြီးလည်း ကော်ဘရာ သင်တန်းဆင်းပွဲမှာ အရှည်တွေ ပေါ်တင်ပေးပြတယ်။ PDF တွေ တောက်လျှောက် အရှည်တွေ တပ်ဆင်နေပေမင့် ခုလို ပေါ်တင် ပြလေ့မရှိဘူး။ ဒါက ခေါ်ဖဲ ပစ်တာပဲ။ ဘာဖဲကို မျှော်လည်းဆိုတာတော့ မှန်းကြည့်ကြပေါ့လေ။ အယ် .. လယ် ..

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ဦးဦးမိုဒီ အာချောင်မယ် ကဏ္ဍ)
ေခ်ာင္းဦးနယ္ ကံႀကီးကုန္း ပ်ဴ႐ြာကို မေန႕က ဝင္သိမ္းၿပီး စခန္းကို ဖ်က္ခဲ့တယ္တဲ့။ ေတေဇာ ေကြၽးခဲ့တယ္။ တစ္ခ်ိန္တည္းမွာ အျမင့္ ရဲစခန္း ကို ဝင္တိုက္တယ္။ အျမင့္ စခန္းကို ေလေၾကာင္းပစ္ကူေပးလို႔ စခန္း မသိမ္းနိုင္ခဲ့ဘူး။

ရာဇဝင္ကို လွန္လိုက္ေတာ့ မတ္လ-၁၀ ရက္ေန႕က ကံႀကီးကုန္း႐ြာကို ကိုယ့္ဖက္က ဝင္တိုက္ဖူးတယ္။ (အျမင့္ စခန္းကေန ျဖစ္နိုင္တယ္) စစ္ကူလာလို႔ ျပန္ဆုတ္ခဲ့ရေပမယ့္ ပ်ဴေတြ အထိနာခဲ့တယ္။

ခု ဒီဇင္ဘာလမွာ ျပန္တိုက္ေတာ့ စစ္ကူလည္း မလာနိုင္ေတာ့ဘူး၊ ေလေၾကာင္းပစ္ကူကလည္း အျမင့္ ရဲစခန္းကို ေပးေနေတာ့ ပ်ဴ႐ြာက အမိမဲ့သား ေရနဲငါးျဖစ္။ ႐ြာက ပ်က္ေရာ။ အနီးဆုံး တပ္ရင္းထဲ ဝင္ေခြၾကလိမ့္မယ္။

သေဘာက ဒီ ၉ လအတြင္းမွာ ကိုယ့္ဖက္က တိုက္စစ္အင္အား ျမင့္လာတယ္။ စစ္ကူလာနိုင္တဲ့ ေနရာကိုပါ တစ္ခ်ိန္တည္းမွာ အင္အားျပည့္ ဝင္စီးနိုင္တယ္။ စကစ ဖက္က ေလပစ္ကူကို တစ္ေနရာပဲ ေပးနိုင္တယ္။

ေကာ့ကရိတ္ကိုလည္း ၾကည့္။ ဧၿပီလဆန္းမွာ ေတာေနာ္ နားမွာ တစ္ခါ ဝင္တိုက္တယ္။ အာရွလမ္းကို စမ္းပိတ္တယ္။ ရတယ္။ ဆက္မတိုက္ဘူး၊ နယ္ေျမထိန္းထားလိုက္တယ္။ ေအာက္တိုဘာ တတိယပါတ္မွာ အႀကီးအက်ယ္ ဝင္ဝုန္းတယ္။ ၿမိဳ႕ထဲထိ ေရာက္တယ္။

စကစ တပ္က အေျမာက္ေတြစြတ္ထု၊ ဗုံးေတြ ရမ္းက်ဲလို႔ ေအးေဆး ျပန္ခြာတယ္။ အာရွလမ္းကို စိုးမိုးထားတယ္။ လမ္းေဟာင္းကို လႊတ္ထားတယ္။ ေကာ့ကရိတ္ ၿမိဳ႕ကို ျဖည္းျဖည္း ပိတ္တယ္။

စကစ တပ္ေတြ ရိပ္မိတယ္။ စစ္ေၾကာင္းထိုး ရွင္းတယ္။ မရဘူး။ ဒီဇင္ဘာလဆန္းမွာ စကစ တပ္က ဗ်ဴဟာေျမာက္ လႈပ္ရွားတယ္။ ေန႕ည ဗုံးက်ဲ၊ အႀကီးေတြနဲ႕ထုတယ္။ ပုံေသပစ္မွတ္ေတြ မဟုတ္တဲ့အတြက္ အရာမေရာက္ဘူး။ သင္ကန္းညီေနာင္ ဓာတ္အားခြဲ႐ုံကို ခြဲျပလိုက္တယ္။ စကစ တပ္ေတြ ျမဝတီကို အင္အား မွ်ေပးလိုက္ရတယ္။

အရင္အပါတ္က စၿပီး ေကာ့ကရိတ္ပါတ္လည္ကို အင္အား အျပည့္နဲ႕ ဝိုင္းထားလိုက္တယ္။ ေဒါန အထူးတပ္ရင္းက ေတာေနာ္တံတားကို ကိုင္ပစ္လိုက္တယ္။ ေလတပ္က က်ဲခ်၊

မေပါက္တဲ့ ေပါင္ ၅၀၀ ဗုံး ကို ေတာထဲကေန ခက္ခက္ခဲခဲ သယ္၊ တံတား ေထာက္တိုင္မွာ ခ်ည္ၿပီး ေဖာက္ပစ္လိုက္တယ္။ တံတား တစ္ျခမ္း လစ္သြားတယ္။ ျမဝတီ လမ္းေဟာင္းကိုလည္း စီးထားလိုက္တယ္။ လမ္းေဟာင္းက ပါခ်ီပါခ်က္ စကစ ကင္းစခန္းေတြကို ဝင္ေဆာ္လိုက္တာ။ ကုန္ေရာ။ ေကာ့ကရိတ္ကို အထီးက်န္ေစတယ္။

စကစ ဖက္က အလန႔္တၾကား ေထာက္လိုက္ေတာ့ ေကာ္ဘရာက ေဝါေလမွာ မရွိေတာ့ဘူး။ ေကာ့ကရိတ္ပါတ္လည္ကို ဖိရွင္းဖို႔ သံျခပ္ကာကားေတြပါ သုံးတယ္။ သူတို႔ သံျခပ္ကာကားေတြက ႏြေမွာ သုံးလို႔မရဘူး၊ ကားထဲမွာ Exhaust fan စံနစ္က ဘတ္ကီးထားေတာ့ မပါဘူးေလ။

မိုးတြင္းလည္း သုံးလို႔ မရဘူး။ ဗြက္နစ္ရင္ ၈ ဘီးယက္က မနိုင္လို႔။ အင္ဂ်င္နဲ႕ ဂီယာေဘာက္ကို ကြာလတီခိုထားလို႔။ ကားစုတ္ေတြက သံျပားေတြ ထူထားၿပီး ေလးလြန္းေတာ့ ဒ႐ုမ္းစာမိတယ္။ အထဲကေကာင္ေတြ ၾကက္သံပုံးကင္လို ျဖစ္သြားတယ္။ ေကာ့ႏြဲ႕ သတ္ကြင္းထဲမွာ တပ္ရင္းမႉးတစ္ေကာင္ ေလာက္စာေႂကြးထားတယ္။ အမွန္က ျပန္မသယ္နိုင္တာ တစ္ေကာင္မကဘူး တစ္ဒါဇင္ေလာက္ ရွိတယ္။

ခုလို မိုးထဲေလထဲ ျဖစ္ေနခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ ဖထီးႀကီးလည္း ေကာ္ဘရာ သင္တန္းဆင္းပြဲမွာ အရွည္ေတြ ေပၚတင္ေပးျပတယ္။ PDF ေတြ ေတာက္ေလွ်ာက္ အရွည္ေတြ တပ္ဆင္ေနေပမင့္ ခုလို ေပၚတင္ ျပေလ့မရွိဘူး။ ဒါက ေခၚဖဲ ပစ္တာပဲ။ ဘာဖဲကို ေမွ်ာ္လည္းဆိုတာေတာ့ မွန္းၾကည့္ၾကေပါ့ေလ။ အယ္ .. လယ္ ..

ဆို႔စ္ က်ဴးလိေပါင္ သတင္းစဥ္ (ဦးဦးမိုဒီ အာေခ်ာင္မယ္ က႑)

Leave a Reply

Your email address will not be published. Required fields are marked *